Showing posts with label SEO. Show all posts
Showing posts with label SEO. Show all posts

Saturday, January 18, 2014

SEO Overview: On-Page နဲ့ Off-Page SEO

SEO မှာ အဓိကသိရမယ့် အခြားအချက် (၂)ခု ရှိပါသေးတယ်.။ အဲဒါတွေကတော့

  1. On-Page SEO နဲ့

  2. Off-Page SEO ပါပဲ.။


1. On-Page SEO


ကိုယ့် Website ရဲ့ စာမျက်နှာတွေပေါ်မှာ Keywords ထည့်သွင်းတာ၊ Link တွေချိတ်ဆက်တာ၊ Broken-link မဖြစ်အောင်လုပ်တာ၊ Bots တွေ အလွယ်တကူ Crawl နိုင်အောင်လုပ်တာတွေကို On-Page SEO လို့ခေါ်ပါတယ်.။ On-Page လုပ်ရာမှာ ပါဝင်တာတွေကတော့ HTML <meta> tag နဲ့ description တွေ keywords တွေထည့်သွင်းတာတွေအပါအဝင် HTML ကို စနစ်တကျ SEO Friendly ဖြစ်အောင်လုပ်တာ၊ Internal Linking လို့ခေါ်တဲ့ Article တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တာ၊ ကိုယ်လိုချင်တဲ့ Keywords တွေကို ကိုယ့် Content မှာ ပါဝင်အောင် ထည့်သွင်းတာ၊ အစရှိတာတွေဖြစ်ပါတယ်.။

2. Off-Page SEO


ကိုယ့် Website ပေါ်မှာမဟုတ်ဘဲ အခြား Website တွေနဲ့ Search Engine တွေမှာ လုပ်တဲ့ SEO Method တွေကို Off-Page SEO လို့ခေါ်ပါတယ်.။ ပါဝင်တာတွေကတော့ PR မြင့်တဲ့ အခြားဆိုက်ဒ်တွေက Link ထိုးဖို့ အကူအညီတောင်းတာ၊ သူငယ်ချင်း Blog တွေဆီက Link တောင်းတာ၊ Comment ကတဆင့် Link ရအောင်လုပ်တာ၊ Link ဝယ်ယူတာ၊ Bookmarking ဆိုက်ဒ်တွေမှာ ထည့်သွင်းတာ၊ Search Engine တွေမှာ XML Sitemaps တွေ ထည့်သွင်းတာ၊ Social Media တွေမှာ Sharing လုပ်တာတွေ နဲ့ အခြား Link Wheel လိုမျိုး Link Building တွေအထိ ပါဝင်ပါတယ်.။

 

Tuesday, January 14, 2014

SEO Details: Try to be Important (Important ဖြစ်အောင် ကြိုးစားမယ်)

ဒီနေ့ပို့စ်မှာတော့ Important ဖြစ်အောင် လုပ်ရမယ့်အချက်တွေကို ပြောပြပေးပါမယ်.။ တစ်ခု စိတ်ထဲမှာမှတ်ထားရမှာက SEO ဟာ Overnight မဟုတ်ပါဘူး.။ သဘောကတော့ အခုလုပ် အခုရတာမျိုးမဟုတ်ပါဘူး.။ စိတ်ရှည်လက်ရှည်နဲ့ ပုံမှန်လုပ်ပေးပါမှ အချိန်ကာလတစ်ခုရောက်ရင် ကိုယ့်ဆိုက်ဒ်ဟာ SEO ကောင်းလာမှာဖြစ်ပါတယ်.။ ကဲ.. ကျနော်တို့ ရှေ့ဆက်လိုက်ရအောင်..

 

 

Page Rank (PR)


Important အကြောင်းပြောတော့မယ်ဆိုရင် သင်သိထားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်.။ အဲဒါကတော့ Page Rank (PR) ပါပဲ.။ PR ဆိုတာ Google ရဲ့ Page တွေအပေါ်မှာ Important ဖြစ်သည်မဖြစ်သည်ကို ဆုံးဖြတ်တဲ့ စံသတ်မှတ်ချက်တစ်ခုပါ.။ PR ရဲ့ အဆင့်သတ်မှတ်ချက်ဟာ အကြမ်းဖြင်းအားဖြင့် (၁၁) မျိုးရှိတယ်လို့ ပြောလို့ရပါတယ်.။ 0 to 10 ပေါ့.။ Page တစ်ခုဟာ PR မြင့်လေလေ Important ဖြစ်လေလေလို့ Google က သတ်မှတ်ပါတယ်.။ ဒါကြောင့် PR မြင့်လေ Search Engine မှာ ထိပ်ဆုံးရောက်လေလေ ဖြစ်ပါတယ်.။ PR ကို ဆုံးဖြတ်ရာမှာတော့ "Back Links" ကိုအသုံးပြုပါတယ်.။ အပြင်လောကမှာ လူတစ်ယောက် ဘယ်လောက် Famous ဖြစ်သလဲဆိုတာကို အဲဒီလူကို လူဘယ်နှယောက်လောက်က သိသလဲ ဆိုတာနဲ့ တိုင်းတာပါတယ်.။ အဲဒီလိုပါပဲ အင်တာနက်ပေါ်မှာ Website သို့မဟုတ် Page တစ်ခု ဘယ်လောက် အရေးကြီးလဲ ဆိုတာကို အဲဒီ website သို့ page ကို အခြား site ဘယ်နှခုက Link ဘယ်နှခု ထိုးထားသလဲဆိုတာနဲ့ ဆုံးဖြတ်ပါတယ်.။ PR ကိုတော့ အဲဒီ Link အရေအတွက် နဲ့ Link ရဲ့ Quality ကိုကြည့်ပြီး သတ်မှတ်တာဖြစ်ပါတယ်.။

ဥပမာလေးနဲ့ ပြန်ရှင်းပါမယ်.. အရင်ပို့စ်မှာ ကျနော်ဥပမာပေးခဲ့တဲ့ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား (၁၀)ယောက် ရှာပေးပါ " ဆိုတဲ့ ဥပမာကို မှတ်မိဥိးမှာပါ.။ အဲဒီ ဥပမာအရဆိုရင် Relevant အဆင့်ပြီးတဲ့အခါ သင့်ဆီမှာ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား" စာရင်း ရနေပါပြီ.။ (၁၀) ယောက်ကိုပဲ ရွေးရမယ်ဆိုတော့ အဲဒီကျောင်းသားတွေထဲမှာ ဘယ်သူတွေကို ရွေးရမလဲဆိုတာ သင့်အတွက် ခေါင်းစားစရာဖြစ်လာပါပြီ.။ ဒီအခါ သင် အပြန်အလှန်ကြည့်ရပါတော့မယ်.။ အဲဒီမှာ အချက်တစ်ခုသွားတွေ့ပါတယ်.။ ကျောင်းသား ၂ ယောက် ဆိုပါတော့.။ အဲဒီကျောင်းသား ၂ ယောက်လုံးကို လူ အယောက် ၁၀၀ စီက Recommend ပေးထားကြတာပါ.။ ဒါဆို အကြမ်းဖြင်းပြောရရင် ဒီကျောင်းသား ၂ ယောက်ဟာ အတူတူပဲလို့ ထင်စရာရှိပါတယ်.။ ဒါပေမယ့် ပထမကျောင်းသားကို Recommend ပေးထားတာက ကျောင်းသားတွေအချင်းချင်းဖြစ်ပြီး ဒုတိယကျောင်းသားကို ပေးထားတာကတော့ ဆရာအယောက် ၁၀၀ ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ မတူတော့ပါဘူး.။ ဆရာအယောက် ၁၀၀ က Recommend ပေးထားတဲ့ကျောင်းသားက ပိုတော်တာသေချာနေပါပြီ.။ အဲလိုပဲ တတိယကျောင်းသားတစ်ယောက်ကိုတော့ လူ ၁၀ ယောက်က Recommend ပေးထားပါတယ်.။ ဒါပေမယ့် သူ့ကိုပေးထားတဲ့သူတွေက ပါမောက္ခ ၁၀ ယောက် ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ တတိယလူက အတော်ဆုံးလို့ ပြောလို့ရသွားပါပြီ.။

ဒါဆိုရင်တော့ သဘောပေါက်လောက်ပြီထင်ပါတယ်.။ Website တစ်ခုကို PR 0 ပဲရှိတဲ့ အခြား Website 1000 က Link ပေးထားပါတယ်.။ နောက် Website တစ်ခုကိုတော့ PR 5 ရှိတဲ့ Website 10 ခုက Link ပေးထားပါတယ်.။ နောက်ဆုံး Website ကိုတော့ PR 10 ရှိတဲ့ Website 1 ခုတည်းက Link ပေးထားပါတယ်.။ အဲဒီ 3 ခုမှာ အရေးအကြီးဆုံးလို့ Google ဆုံးဖြတ်မှာက နောက်ဆုံး Website ပဲဖြစ်ပါတယ်.။ အဲဒါ Link Quality ပါပဲ.။

PR ကိုဆုံးဖြတ်ရာမှာ Link အရေအတွက် နဲ့ Quality တို့အပြင် အဲဒီ Website ရဲ့ သက်တမ်း၊ Content တွေရဲ့ Quality၊ User တွေရဲ့ Traffic၊ Domain ရဲ့ extension၊ တို့အပြင် အခြားအခြား အသေးစိတ် အချက်အလက်ကလေးတွေလဲ ပါဝင်ပါသေးတယ်.။ အဲဒါတွေကို နောက်ပို့စ်မှာ ထပ်ပြီး အသေးစိတ်ရှင်းပြပါဦးမယ်.။ ဒီပို့စ်မှာတော့ PR ဆိုတာဘာလဲ ဆိုတာနဲ့ PR ကို ဘယ်လိုဆုံးဖြတ်လဲဆိုတာ သိရင်ပဲ လုံလောက်ပါပြီ။

အရင်ပို့စ်မဖတ်ရသေးရင် >> SEO Detail: How to be Relevant

Friday, January 10, 2014

SEO Details: How to be Relevant (Relevant ဖြစ်အောင် ဘယ်လိုလုပ်မလဲ)

ဒီပို့စ်မှာတော့ SEO ရဲ့ အရေးကြီးတဲ့ အချက် (၂)ချက် ထဲကတစ်ချက် ဖြစ်တဲ့ Relevant ကို နည်းနည်းအသေးစိတ် ရှင်းပြချင်ပါတယ်.။ အသေးစိတ်ဆိုပေမယ့် လုံးဝ Detail တော့မဟုတ်ပါဘူး.။ SEO ဆိုတာ အရမ်းကျယ်ပြန့်ပြီး SEO ကိုဆုံးဖြတ်တဲ့ အချက်တွေကလဲ အများကြီးရှိနေတဲ့အတွက် တစ်ထိုင်တည်းနဲ့ Detail ရှင်းပြဖို့ မလွယ်ကူလို့ပါ.။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နောက်ပိုင်းဆက်လက်လေ့လာတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ တတ်နိုင်သလောက်ရှင်းပြပေးပါမယ်.။

 

Relevant


SEO Overview ဆိုတဲ့ပို့စ်မှာ ကျနော်တို့ Itstudentpro ကို SEO လုပ်တာနဲ့ ဥပမာပေး ရှင်းပြခဲ့ပါတယ်.။ အခုတော့ နောက်ထပ် ဥပမာတစ်ခုနဲ့ ရှင်းပြပေးချင်ပါတယ်.။ ဥပမာ သင့်ကို တစ်ယောက်ယောက်က ခိုင်းမယ်ဆိုပါတော့.။ “ရန်ကုန်မြို့မှာရှိတဲ့ UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသားကျောင်းသူ (၁၀)ယောက် ရှာပေးပါ”.။ အထက်လူကြီးကဖြစ်ဖြစ် သင့်ကို အဲလိုခိုင်းခဲ့ရင် သင်ဘာလုပ်မလဲ.? အရင်ဆုံး ခိုင်းလိုက်တဲ့အလုပ်ကို ခွဲခြမ်းစိတ်ဖြာရပါမယ်.။ အဓိက ရှာရမယ့် အချက်တွေက (၁) ရန်ကုန်မှာရှိ (၂) UCSY ကျောင်းထွက် (၃) ရုပ်ရည်သန့်ပြန့် (၄) ဘက်စုံတော် (၅) ၁၀ ယောက် ဆိုပြီး (၅)ချက်ရှိပါတယ်.။ SEO သဘောတရားနဲ့ ပြောရရင် အဲဒါ Keywords သို့ Search Terms တွေဖြစ်ပါတယ်.။

အဲဒီတော့ သင်ဘာလုပ်မလဲ.? (၁) UCSY ကျောင်းသားစာရင်း Data ကို အရင်ရအောင် လုပ်ရပါမယ်.။ ဒါကြောင့် ကျောင်းကို သင်သွားရမယ်.။ ကျောင်းသားစာရင်း အားလုံးကို စုဆောင်းရမယ်.။ ရပြီဆိုရင် (၂) ရန်ကုန်မှာနေတဲ့ ရုပ်ရည်သန့်ပြန့်သူတွေကို အဲဒီစာရင်းထဲက ဆွဲထုတ်ရပါမယ်.။ လူပေါင်း သောင်းနဲ့ချီပြီး ရလာနိုင်ပါတယ်.။ အဲဒါပြီးရင်တော့ အဲဒီလူတွေထဲက (၃) ဘက်စုံတော်သူတွေကို သင်ရှာရပါတော့မယ်.။ ဘက်စုံတော်သူတွေဖြစ်တဲ့အတွက် စာတော်တဲ့သူပါမယ်၊ အားကစားမှာတော်တဲ့သူပါမယ်၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသူပါမယ်၊ အခြားအခြား အချက်တွေမှာ တော်တဲ့သူတွေပါမယ်၊ အဲဒီတော့ စာတော်သူတွေကတော့ ဆရာမတွေကို မေးလိုက်ရင်ရပါတယ်။ တခြားအချက်တွေအတွက် သူငယ်ချင်းတွေကို မေးရမယ်။ မှတ်တမ်းတွေကြည့်ရမယ်။ အားလုံးပြီးပြီဆိုရင်တော့ “ရန်ကုန်မှာရှိသော UCSY ကျောင်းထွက် ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်သူ” တွေ သင်ရလာမှာဖြစ်ပါတယ်.။ ဒါဆိုရင် Relevant အဆင့်ပြီးပြီလို့ ဆိုနိုင်ပါတယ်.။ ဒါပေမယ့် ခက်တာက ၁၀ ယောက်မက ဖြစ်နေတာပါပဲ.။ “၁၀ ယောက်” ကိုသာ ရွေးရမှာဖြစ်တယ် လို့ ခိုင်းထားတာဖြစ်တဲ့အတွက် သင့်မှာ (၁၀) ယောက်ကို ဘယ်လိုပြန်ရွေးရမလဲ ဆိုတဲ့ ပြသနာ ကျန်နေပါသေးတယ်.။ အဲဒါကတော့ “Important” အဆင့်ကို ရောက်သွားပြီဖြစ်ပါတယ်.။

အကယ်၍ လူတစ်ယောက်ဟာ သင့်ရဲ့ အထက်ပါ Relevant စာရင်းထဲမှာ ပါချင်ပြီဆိုရင်တော့ အထက်ပါ အချက်များနဲ့ ကိုက်ညီအောင် ပြုလုပ်ထားရပါလိမ့်မယ်.။ အဲဒါဟာ SEO စကားနဲ့ဆိုရင်တော့ ကိုယ့် website ကို Keywords များထည့်သွင်းပြီး Relevant ဖြစ်အောင် ပြုလုပ်တာပဲဖြစ်ပါတယ်.။ ဒီလောက်ဆိုရင် Relevant ကို သဘောပေါက်လောက်ပြီထင်ပါတယ်.။ Important ကို ဆုံးဖြတ်ပုံကို နောက်တစ်ပို့စ်မှာ ထပ်မံရေးသားပါမယ်.။

Tuesday, January 7, 2014

SEO ဆိုတာဘာလဲ? (SEO Overview)

Search Engine Optimization (SEO) ဆိုတာ Search Engine တွေကို အသုံးပြုပြီး ကိုယ့် Website ကို "သဘာဝအတိုင်း" "ပိုက်ဆံပေးစရာမလိုဘဲ" Treffic ခေါ် User တွေရရှိလာအောင် ပြုလုပ်ခြင်းကိုခေါ်ပါတယ်.။ ယေဘုယျအားဖြင့် Search Engine ရဲ့ Result Page မှာ အစောဆုံး(အပေါ်ဆုံးမှာ) ပေါ်အောင်လုပ်တာမျိုး၊ အကြိမ်ရေများများ ပါဝင်အောင်လုပ်တာမျိုးကိုခေါ်တာပါ.။ ဒါမှသာ Search Engine ကတဆင့် ကိုယ့် Website ကို User များများဝင်ရောက်လာမှာဖြစ်ပါတယ်.။

SEO လုပ်ရာမှာ Search အမျိုးအစား အမျိုးမျိုးကို Target ထားပြီးလုပ်ကြပါတယ်.။ Webpage Search အပြင် Image Search, Local Search, Video Search, News Search နဲ့ Industry-specific Search(ဥပမာ နည်းပညာဆိုင်ရာ Website တွေချည်း သီးသန့်ရှာပေးတဲ့ Search) စသဖြင့်ဖြစ်ပါတယ်.။

SEO ကို ပုံစံအမျိုးမျိုးနဲ့ ဆုံးဖြတ်ကြပါတယ်.။ အဓိကအားဖြင့် Search Engine တွေ အလုပ်လုပ်ပုံ၊ လူတွေဘာကို ရှာဖွေနေသလဲ၊ ရှာရာမှာ ရိုက်ထည့်လိုက်တဲ့
စကားလုံး (Search terms သို့ Keywords) နဲ့ ကိုယ်အဓိကထားပြီး မြင်စေချင်တဲ့သူတွေက ဘယ် Search Engine ကို အသုံးများသလဲ အစရှိသဖြင့်ပေါ့.။

SEO အတွက် အဓိကသိသင့်တဲ့ အချက် (၂)ချက်ရှိပါတယ်.။
(1) Relevant
(2) Important

Relevant ဆိုတာ User တစ်ယောက်ရှာလိုက်တဲ့ Keywords ဟာ ကိုယ့်ဆိုက်ဒ်နဲ့ ကိုက်ညီတဲ့အခါ Search Engine က ကိုယ့်ဆိုက်ဒ်ကို ထည့်သွင်းဖော်ပြဖို့ အသုံးဝင်ပြီး Important ဆိုတာကတော့ Search Engine တွေရဲ့ ပထမဆုံး Page မှာ ပါဝင်ဖို့ အသုံးဝင်ပါတယ်.။ အဲဒီ ၂ ခုအတွက် Website ကို Optimize လုပ်ရာမှာတော့ ပါဝင်တဲ့အချက်အလက် (Content) တွေ၊ HTML နဲ့ တခြား လိုအပ်တဲ့ coding တွေကို အသုံးပြုရပါတယ်.။ ဥပမာအားဖြင့်ပြောရရင် ကျနော်တို့ဆိုက်ဒ် ITStudentPro ကို SEO လုပ်မယ်ဆိုပါတော့.။ ကျနော်တို့ရှာစေချင်တဲ့သူတွေ ရှာမယ့် Keyword တွေက IT, Information Technology, IT Student, IT Professional အစရှိတာတွေဖြစ်ပါလိမ့်မယ်.။ အဲဒီ Keyword တွေကို ကျနော်တို့ ဆိုက်ဒ်က Page တွေမှာ ထည့်သွင်းထားရပါမယ်.။ အဲဒါက Relevant ဖြစ်အောင်လုပ်တာပါ.။ Important ကိုတွက်ချက်တဲ့ အချက်တွေကတော့ အများကြီးရှိပါတယ်.။ နောက်မှ အသေးစိတ်ရေးပြပါ့မယ်.။

Overview ပြန်ပြောရရင် SEO ဆိုတာ Search Engine ရဲ့ ပထမဆုံး Page မှာ သဘာဝအတိုင်း ပါဝင်စေခြင်းဖြင့် User များများရအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်.။