iOS Productivity App of 2013

Editorial ဟာ ကောင်းမွန်တဲ့ text editor လေးဖြစ်ပြီး သူ့မှာ powerful ဖြစ်တဲ့ automotion features တွေပါဝင်တဲ့အတွက်ကြောင့်၂၀၁၃ ခုနှစ်မှာ လူသုံးအများဆုံး iOS Productivity App လေး ဖြစ်ပါတယ်။
iOS Health or Fitness App of 2013

Nike + Move ဟာ iPhone 5s စတင်မိတ်ဆက်လာတဲ့ Apple M7 motion coprocessor လိုမျိုး အိပ်ကတ်ထဲကို ထည့်ထားရုံနဲ့ သင်အလုပ်လုပ်လိုက်တဲ့ steps တွေကို track လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Nike + Move app ဟာလည်း ဒီ features လိုမျိုးအလုပ်လုပ်ပေးနိုင်တဲ့ app လေး ဖြစ်ပါတယ်။
iOS Entertainment App of 2013

iOS နဲ့ ပတ်သက်တဲ့ Entertainment App တွေထဲမှာ Netflix ဟာ အကောင်းဆုံး App လေး ဖြစ်ပါတယ်။ ၂၀၁၃ မှာ Netflix ရဲ့ features တွေကို အသစ် update လုပ်ပေးထားတဲ့အတွက် Netflix ဟာ HD ကိုလည်း support ပေးနိုင်တဲ့အပြင် သူ့ရဲ့ AirPlay features ကြောင့်လည်း နာမည်ရလာတာကို တွေ့ရပါတယ်။
iOS Kids App of 2013

Disney Animated ဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ကလေးတွေအတွက် iPad မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့ App လေးဖြစ်ပါတယ်။
iOS Music or Audio App of 2013

djay 2 ဟာ iOS APP တွေထဲမှာ Music နဲ့ Audio ကို အကောင်းမွန်ဆုံး support ပေးနိုင်တဲ့ App လေးဖြစ်ပါတယ်။
iOS Photography or Video App of 2013

iMovie ဟာ Photography အနေနဲ့ရော Video player အနေနဲ့ပါ အကောင်းမွန်ဆုံး အသုံးပြုနိုင်တဲ့ App လေးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ iOS devices တွေ တော်တော်များများမှာ အသုံးပြုထားတာကို တွေ့ရပါတယ်။
iOS News or Reading App of 2013

2013 ခုနှစ်အတွင်းမှာ iOS အသုံးပြုသူ တော်တော်များများဟာ စာဖတ်ဖို့အနေနဲ့ရော Magazine ကြည့်ဖို့အနေနဲ့ရော The Loop Magazine 2 App လေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကို တွေ့ရပါတယ်။
iOS Social or Communications App of 2013

Social ဒါမှမဟုတ် Communication အတွက် iOS users တော်တော်များများက ၂၀၁၃ ခုနှစ်အတွင်းမှာ Tweetbot 3 App လေးကို အသုံးပြုကြတာကို တွေ့ရပါတယ်။
iOS Sports App of 2013

2013 ခုနှစ်အတွင်း iOS အတွက် အကောင်းမွန်ဆုံး sports နဲ့ သက်ဆိုင်တဲ့ App ကို ညွှန်ပြပါဆိုရင် ESPN SportsCenter ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။
iOS Utility App of 2013

Screens VNC 3 App လေးကို iOS mobile devices တွေမှာ screen sharing အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒါကြောင့် Utility App တွေထဲမှာကို Screens VNC 3 ဟာ အကောင်းဆုံး App လေးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီ ၂၀၁၃ ခုနှစ် မှာ popular ဖြစ်ခဲ့တဲ့ iOS App လေးတွေကို စုစည်းဖော်ပြပေးလိုက်တဲ့အတွက်ကြောင့် iOS devices တွေကို အသုံးပြုသူတော်တော်များများအတွက် အသုံးတည့်မည့် App လေးတွေပါဝင်ပါစေလို့ ဆုတောင်းရင်း share ပေးလိုက်ပါတယ်နော်။