Showing posts with label iPad. Show all posts
Showing posts with label iPad. Show all posts

Thursday, January 16, 2014

Updated Skype iOS app for iPhone 5S and new iPads

iPhone 5S နဲ့ iPad တွေမှာ အသုံးပြုနေတဲ့ Skype app တွေကို update လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ update လုပ်ပေးလိုက်တဲ့ အတွက် high quality video call တွေခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် chat notifications ကိုလည်း အရင်ကထက်ပိုကောင်းအောင် update လုပ်ပေးထားတာကို တွေ့ရပါတယ်။ iPhones အတွက် update လုပ်ပေးလိုက်တဲ့ skype app ဟာ two-way video call ကို support ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် iPad အတွက် ထုတ်လုပ်ပေးထားတဲ့ Skype app ဟာလည်း iPad Air နဲ့ iPad mini (with Retina Display) ပေါ်မှာ အသုံးပြုနိုင်အောင် update လူပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ iPad နဲ့ iPhone အတွက် update လုပ်ပေးလိုက်တဲ့ Skype app နှစ်ခုစလုံးဟာ skype chats အတွက် push notifications တွေကို support ပေးနိုင်မှာ ဖြစ်ပါတယ်။ update လုပ်ပေးလိုက်တဲ့အတွက် အရင်ကထက်ပိုပြီး devices တွေနဲ့ မြန်မြန်ဆန်ဆန် sync လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


အောက်မှာ download link တွေပေးလိုက်ပါတယ်နော်….


Free for iPhone (click here for Download)


Free for iPad  (click here for Download)


credit: iMore

Tuesday, January 7, 2014

၂၀၁၃ ခုနှစ်အတွင်း အသုံးအ၀င်ဆုံး iOS APP များ

iOS Productivity App of 2013



editoral




Editorial ဟာ ကောင်းမွန်တဲ့ text editor လေးဖြစ်ပြီး သူ့မှာ powerful ဖြစ်တဲ့ automotion features တွေပါဝင်တဲ့အတွက်ကြောင့်၂၀၁၃ ခုနှစ်မှာ လူသုံးအများဆုံး iOS Productivity App လေး ဖြစ်ပါတယ်။



iOS Health or Fitness App of 2013



Nike + Move



Nike + Move  ဟာ iPhone 5s စတင်မိတ်ဆက်လာတဲ့ Apple M7 motion coprocessor လိုမျိုး အိပ်ကတ်ထဲကို ထည့်ထားရုံနဲ့ သင်အလုပ်လုပ်လိုက်တဲ့ steps တွေကို track လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Nike + Move app ဟာလည်း ဒီ features လိုမျိုးအလုပ်လုပ်ပေးနိုင်တဲ့ app လေး ဖြစ်ပါတယ်။



iOS Entertainment App of 2013



Netflix




iOS နဲ့ ပတ်သက်တဲ့ Entertainment App တွေထဲမှာ Netflix ဟာ အကောင်းဆုံး App လေး ဖြစ်ပါတယ်။ ၂၀၁၃ မှာ Netflix ရဲ့ features တွေကို အသစ် update လုပ်ပေးထားတဲ့အတွက် Netflix ဟာ HD ကိုလည်း support ပေးနိုင်တဲ့အပြင် သူ့ရဲ့ AirPlay features ကြောင့်လည်း နာမည်ရလာတာကို တွေ့ရပါတယ်။



iOS Kids App of 2013



Disneyanimated




Disney Animated ဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ကလေးတွေအတွက် iPad မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့ App လေးဖြစ်ပါတယ်။



iOS Music or Audio App of 2013



djay 2




djay 2 ဟာ iOS APP တွေထဲမှာ Music နဲ့ Audio ကို အကောင်းမွန်ဆုံး support ပေးနိုင်တဲ့ App လေးဖြစ်ပါတယ်။



iOS Photography or Video App of 2013



iMovie



iMovie ဟာ Photography အနေနဲ့ရော Video player အနေနဲ့ပါ အကောင်းမွန်ဆုံး အသုံးပြုနိုင်တဲ့ App လေးဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ iOS devices တွေ တော်တော်များများမှာ အသုံးပြုထားတာကို တွေ့ရပါတယ်။



iOS News or Reading App of 2013



theloopmagazine




2013 ခုနှစ်အတွင်းမှာ iOS အသုံးပြုသူ တော်တော်များများဟာ စာဖတ်ဖို့အနေနဲ့ရော Magazine ကြည့်ဖို့အနေနဲ့ရော  The Loop Magazine 2 App လေးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကို တွေ့ရပါတယ်။



iOS Social or Communications App of 2013



tweetbot




Social ဒါမှမဟုတ် Communication အတွက် iOS users တော်တော်များများက ၂၀၁၃ ခုနှစ်အတွင်းမှာ Tweetbot 3 App လေးကို အသုံးပြုကြတာကို တွေ့ရပါတယ်။



iOS Sports App of 2013



sports center




2013 ခုနှစ်အတွင်း iOS အတွက် အကောင်းမွန်ဆုံး sports နဲ့ သက်ဆိုင်တဲ့ App ကို ညွှန်ပြပါဆိုရင် ESPN SportsCenter ကို ညွှန်ပြရမှာ ဖြစ်ပါတယ်။



iOS Utility App of 2013



vnc 3 screens sharing app




Screens VNC 3 App လေးကို iOS mobile devices တွေမှာ screen sharing အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒါကြောင့် Utility App တွေထဲမှာကို Screens VNC 3 ဟာ အကောင်းဆုံး App လေးလို့ ဆိုရမှာ ဖြစ်ပါတယ်။



ဒီ ၂၀၁၃ ခုနှစ် မှာ popular ဖြစ်ခဲ့တဲ့ iOS App လေးတွေကို စုစည်းဖော်ပြပေးလိုက်တဲ့အတွက်ကြောင့် iOS devices တွေကို အသုံးပြုသူတော်တော်များများအတွက် အသုံးတည့်မည့် App လေးတွေပါဝင်ပါစေလို့ ဆုတောင်းရင်း share ပေးလိုက်ပါတယ်နော်။

Monday, January 6, 2014

2013 ခုနှစ်အတွက် အကောင်းဆုံး iDevices များနှင့်ပတ်သက်တဲ့ အချက်များ

imore website ရဲ့ editors ကနေပြီး ၂၀၁၃ ခုနှစ်အတွက် iDevices များအတွက် အကောင်းဆုံး အချက်အလက်များကို ရွေးချယ်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Device -- iPad Air


IPadair


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Devices ကို editors ကနေပြီး iPad Air ကို ရွေးချယ်ပေးထားပါတယ်။ iPad Air ဟာ တစ်ပေါင်သာ အလေးချိန်ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာ လူကြိုက်များခဲ့တဲ့ iDevices လေးဖြစ်ခဲ့ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Features – Just-in-time multitasking


Multitasking


၂၀၁၃ ခုနှစ်အတွင်းမှာ Apple ကနေပြီး အသစ် release လုပ်လိုက်တဲ့ iOS 7 မှာ features အသစ် အနေနဲ့ multitasking feature ပါဝင်လာပါတယ်။ ဒီ features ပါဝင်လာတဲ့အတွက် ကြောင့် iDevices တွေဟာ background process တွေကို အဆင်ပြေပြေ run ပေးနိုင်တဲ့အတွက် iDevices တွေကို ပိုမိုကောင်းမွန်အောင် support ပေးနိုင်လာတာကို တွေ့ရပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS APP – Duolingo


Duolingo


Duolingo ကို education အတွက် အသုံးပြုကြပါတယ်။ ဒီ app လေးဟာ Italian , German , English ဒါမှမဟုတ် တစ်ခြား languages တော်တော်များများကို လေ့ကျင့်တဲ့နေရာမှာ အသုံးဝင်တဲ့ app လေးဖြစ်တဲ့အတွက်ကြောင့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး APP အဖြစ် Editors က ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Game – Badland


Badland


Badland ဟာ သူ့ရဲ့ ကောင်းမွန်တဲ့ atmospheric graphics, clever နဲ့ physics-based gameplay စတဲ့ ကောင်းမွန်တဲ့ features တွေပါဝင်တဲ့အတွက်ကြောင့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Action Game အနေနဲ့ရော အကောင်းဆုံး iOS Game အနေနဲ့ရော Editor ရဲ့ ရွေးချယ်ခြင်းကို ခံရတဲ့ iOS Game လေးဖြစ်ပါတယ်။