Wednesday, January 15, 2014

Sony က အသစ်မိတ်ဆက်လိုက်တဲ့ 6-inch Xperia T2 Ultra နဲ့ Ultra dual

Sony ဟာ China, Middle East နဲ့ Africa တို့မှာ အဓိက ရောင်းချဖို့အတွက် Xperia T2 Ultra နဲ့ Ultra dual တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ phone တွေမှာ SIM card ကို နှစ်ခုထည့်လို့ရအောင် dual SIM option ထည့်သွင်းပေးထားပါတယ်။ Sony ဟာ ဈေးအသက်သာဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး xperia T2 Ultra နဲ့ Ultra dual တို့ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။


ဒီ phone နှစ်လုံးမှာ ပါဝင်တဲ့ hardware specifications တွေကတော့..




  • 6-inch 720 x 1280 Triluminous display

  • 1.4GHz quad-core Snapdragon 400 processor

  • 1GB of RAM

  • 8GB of storage (plus SDcard support)

  • a 3000mAh battery

  • NFC နဲ့ LTE data access


တို့ ဖြစ်ကြပါတယ်…။


Phone နှစ်လုံးစလုံးကို Android 4.3 ကို အသုံးပြုပြီး Sony က ထုတ်လုပ်ထားပါတယ်။ ဒီ phone နှစ်လုံးမှာ 13MP camera ပါဝင်ပြီး advanced camera modes တွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ Xperia T2 Ultra နဲ့ Ultra dual တို့ကို black, white, purple ဆိုပြီး အရောင်သုံးရောင် ခွဲထားတဲ့အတွက် သင်ကြိုက်နှစ်သက်တဲ့ အရောင်ကို ရွေးချယ်ပြီး ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။


Xperia T2 Ultra နဲ့ Ultra dual တို့ရဲ့ Hardware အသေးစိတ်ကို ထပ်မံဖော်ပြလိုက်ပါတယ်……. 




  • 6” HD display (720p) with TRILUMINOSTM and Mobile BRAVIA Engine 2 for mobile

  • 13 MP camera with Exmor RS for mobile

  • 1.1 Mp front facing camera with Exmor R

  • Access to Sony’s “one-touch” ecosystem of 132 NFC connected accessories

  • Snapdragon Quad-core 1.4 GHz processor with 1GB of RAM and 8GB of on board storage (Micro SD slot expandable up to 32GB)

  • Large 3000 mAh embedded battery with Battery STAMINA Mode


[gallery type="slideshow" ids="219,218,220,221,222,223" orderby="rand"]

credit: androidcentral

Tuesday, January 14, 2014

Ayeyarwady Bank and UCSY

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) ၏ ကျောင်းသားကဒ်များကို AYEYARWADY BANK နဲ့ ပူးပေါင်းပြီး ကျောင်းသားကဒ်ကို ATM ကဒ် အနေနဲ့ပါ အသုံးပြုလို့ရအောင် ပြုလုပ်ပေးတော့မှာ ဖြစ်တယ်လို့ သတင်းရရှိထားပါတယ်..

ကျာင်းသားကဒ်ကို အသုံးပြုပြီး ATM စက်တွေမှာ ငွေထုတ်ယူနိုင်တော့မှာ ဖြစ်ပါတယ်....ဒါ့အပြင် ကျောင်းမှာပါ ATM စက်များကိုလည်း ထားနိုင်အောင် ညှိနှိုင်းနေတယ်လို့ သတင်းရရှိထားပါတယ်....

ဒီ ကဒ်ကို တတိယ နှစ်မှ စတင်ပြီး ထုတ်ပေးမှာ ဖြစ်ပါတယ်....ကျန်တဲ့ အတန်းတွေက ကျောင်းသား၊သူများဟာ အသက်မပြည့်သေးတဲ့အတွက် ATM ကဒ် ပြုလုပ်လို့ မရသေးလို့ ဖြစ်ပါတယ်....

News from UCSY ( Baham)

Master ဘွဲ့ ရရှိထားသူ များအနေဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) နှင့် ဂျပန်နိုင်ငံတို့ နှင့် ပူးပေါင်းပြီး ခန့်အပ်မည့်အလုပ်ကို လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။



Linux server နဲ့ ပတ်သက်ပြီး အလုပ်လုပ်ရမှာ ဖြစ်တဲ့အပြင် ဂျပန်နိုင်ငံမှာ သင်တန်းပေးမည်ဟု သတင်းရရှိပါသည်။ သင်တန်းပြီးစီးပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ)မှာ အလုပ်လုပ်ရမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်...



အသေးစိတ်သိရှိလိုပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကျောင်းသားရေးရာသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

SEO Details: Try to be Important (Important ဖြစ်အောင် ကြိုးစားမယ်)

ဒီနေ့ပို့စ်မှာတော့ Important ဖြစ်အောင် လုပ်ရမယ့်အချက်တွေကို ပြောပြပေးပါမယ်.။ တစ်ခု စိတ်ထဲမှာမှတ်ထားရမှာက SEO ဟာ Overnight မဟုတ်ပါဘူး.။ သဘောကတော့ အခုလုပ် အခုရတာမျိုးမဟုတ်ပါဘူး.။ စိတ်ရှည်လက်ရှည်နဲ့ ပုံမှန်လုပ်ပေးပါမှ အချိန်ကာလတစ်ခုရောက်ရင် ကိုယ့်ဆိုက်ဒ်ဟာ SEO ကောင်းလာမှာဖြစ်ပါတယ်.။ ကဲ.. ကျနော်တို့ ရှေ့ဆက်လိုက်ရအောင်..

 

 

Page Rank (PR)


Important အကြောင်းပြောတော့မယ်ဆိုရင် သင်သိထားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်.။ အဲဒါကတော့ Page Rank (PR) ပါပဲ.။ PR ဆိုတာ Google ရဲ့ Page တွေအပေါ်မှာ Important ဖြစ်သည်မဖြစ်သည်ကို ဆုံးဖြတ်တဲ့ စံသတ်မှတ်ချက်တစ်ခုပါ.။ PR ရဲ့ အဆင့်သတ်မှတ်ချက်ဟာ အကြမ်းဖြင်းအားဖြင့် (၁၁) မျိုးရှိတယ်လို့ ပြောလို့ရပါတယ်.။ 0 to 10 ပေါ့.။ Page တစ်ခုဟာ PR မြင့်လေလေ Important ဖြစ်လေလေလို့ Google က သတ်မှတ်ပါတယ်.။ ဒါကြောင့် PR မြင့်လေ Search Engine မှာ ထိပ်ဆုံးရောက်လေလေ ဖြစ်ပါတယ်.။ PR ကို ဆုံးဖြတ်ရာမှာတော့ "Back Links" ကိုအသုံးပြုပါတယ်.။ အပြင်လောကမှာ လူတစ်ယောက် ဘယ်လောက် Famous ဖြစ်သလဲဆိုတာကို အဲဒီလူကို လူဘယ်နှယောက်လောက်က သိသလဲ ဆိုတာနဲ့ တိုင်းတာပါတယ်.။ အဲဒီလိုပါပဲ အင်တာနက်ပေါ်မှာ Website သို့မဟုတ် Page တစ်ခု ဘယ်လောက် အရေးကြီးလဲ ဆိုတာကို အဲဒီ website သို့ page ကို အခြား site ဘယ်နှခုက Link ဘယ်နှခု ထိုးထားသလဲဆိုတာနဲ့ ဆုံးဖြတ်ပါတယ်.။ PR ကိုတော့ အဲဒီ Link အရေအတွက် နဲ့ Link ရဲ့ Quality ကိုကြည့်ပြီး သတ်မှတ်တာဖြစ်ပါတယ်.။

ဥပမာလေးနဲ့ ပြန်ရှင်းပါမယ်.. အရင်ပို့စ်မှာ ကျနော်ဥပမာပေးခဲ့တဲ့ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား (၁၀)ယောက် ရှာပေးပါ " ဆိုတဲ့ ဥပမာကို မှတ်မိဥိးမှာပါ.။ အဲဒီ ဥပမာအရဆိုရင် Relevant အဆင့်ပြီးတဲ့အခါ သင့်ဆီမှာ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား" စာရင်း ရနေပါပြီ.။ (၁၀) ယောက်ကိုပဲ ရွေးရမယ်ဆိုတော့ အဲဒီကျောင်းသားတွေထဲမှာ ဘယ်သူတွေကို ရွေးရမလဲဆိုတာ သင့်အတွက် ခေါင်းစားစရာဖြစ်လာပါပြီ.။ ဒီအခါ သင် အပြန်အလှန်ကြည့်ရပါတော့မယ်.။ အဲဒီမှာ အချက်တစ်ခုသွားတွေ့ပါတယ်.။ ကျောင်းသား ၂ ယောက် ဆိုပါတော့.။ အဲဒီကျောင်းသား ၂ ယောက်လုံးကို လူ အယောက် ၁၀၀ စီက Recommend ပေးထားကြတာပါ.။ ဒါဆို အကြမ်းဖြင်းပြောရရင် ဒီကျောင်းသား ၂ ယောက်ဟာ အတူတူပဲလို့ ထင်စရာရှိပါတယ်.။ ဒါပေမယ့် ပထမကျောင်းသားကို Recommend ပေးထားတာက ကျောင်းသားတွေအချင်းချင်းဖြစ်ပြီး ဒုတိယကျောင်းသားကို ပေးထားတာကတော့ ဆရာအယောက် ၁၀၀ ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ မတူတော့ပါဘူး.။ ဆရာအယောက် ၁၀၀ က Recommend ပေးထားတဲ့ကျောင်းသားက ပိုတော်တာသေချာနေပါပြီ.။ အဲလိုပဲ တတိယကျောင်းသားတစ်ယောက်ကိုတော့ လူ ၁၀ ယောက်က Recommend ပေးထားပါတယ်.။ ဒါပေမယ့် သူ့ကိုပေးထားတဲ့သူတွေက ပါမောက္ခ ၁၀ ယောက် ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ တတိယလူက အတော်ဆုံးလို့ ပြောလို့ရသွားပါပြီ.။

ဒါဆိုရင်တော့ သဘောပေါက်လောက်ပြီထင်ပါတယ်.။ Website တစ်ခုကို PR 0 ပဲရှိတဲ့ အခြား Website 1000 က Link ပေးထားပါတယ်.။ နောက် Website တစ်ခုကိုတော့ PR 5 ရှိတဲ့ Website 10 ခုက Link ပေးထားပါတယ်.။ နောက်ဆုံး Website ကိုတော့ PR 10 ရှိတဲ့ Website 1 ခုတည်းက Link ပေးထားပါတယ်.။ အဲဒီ 3 ခုမှာ အရေးအကြီးဆုံးလို့ Google ဆုံးဖြတ်မှာက နောက်ဆုံး Website ပဲဖြစ်ပါတယ်.။ အဲဒါ Link Quality ပါပဲ.။

PR ကိုဆုံးဖြတ်ရာမှာ Link အရေအတွက် နဲ့ Quality တို့အပြင် အဲဒီ Website ရဲ့ သက်တမ်း၊ Content တွေရဲ့ Quality၊ User တွေရဲ့ Traffic၊ Domain ရဲ့ extension၊ တို့အပြင် အခြားအခြား အသေးစိတ် အချက်အလက်ကလေးတွေလဲ ပါဝင်ပါသေးတယ်.။ အဲဒါတွေကို နောက်ပို့စ်မှာ ထပ်ပြီး အသေးစိတ်ရှင်းပြပါဦးမယ်.။ ဒီပို့စ်မှာတော့ PR ဆိုတာဘာလဲ ဆိုတာနဲ့ PR ကို ဘယ်လိုဆုံးဖြတ်လဲဆိုတာ သိရင်ပဲ လုံလောက်ပါပြီ။

အရင်ပို့စ်မဖတ်ရသေးရင် >> SEO Detail: How to be Relevant

Monday, January 13, 2014

Java Tutorial 3

Java Tutorial 3(Explanation of Sample Syntaxes)

Java ဟာ case sensitive ဖြစ်ပါတယ်၊ ဒါကြောင့် စကားလုံးအကြီးအသေးကို အတိအကျဖြစ်အောင် ဂရုစိုက်ရပါမယ်။ အောက်က code လေးကိုနည်းနည်းရှင်းပြပါမယ်။

“Sample.java”

public class Sample {

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting");

}

}

 

Java လေ့လာသူမိတ်ဆွေအနေနဲ့ သိထားရမှာက၊ java မှာ code တွေတော်တော်များများကို class ထဲမှာထည့်ရေးလေ့ရှိကျပါတယ်။ application ရဲ့များပြားတဲ့အလုပ်တွေကို class တွေခွဲပြီးလုပ်ဆောင်ပါတယ်။ java မှာ “class” ဆိုတဲ့စကားလုံးကိုသုံးပြီး class တစ်ခုကြော်ငြာပါတယ်၊ class ရဲ့ညာဘက်ခြမ်းမှာရှိတဲ့ အရာကတော့ class ရဲ့ နာမည်ပါပဲ၊ ဘယ်ဘက်ခြမ်းမှာရှိတာက access modifier ပါ။ class ကိုနာမည်ပေးတဲ့အခါမှာ စည်းကမ်းချက်ရှိပါတယ်၊ နာမည်ရဲ့အစဟာ နံပါတ်(0 to 9)ဖြစ်လို့မရပါဘူး အင်္ဂလိပ်စကားလုံး(a to z or A to Z) ပဲဖြစ်ရပါမယ်။ နာမည်ဟာ ကိုယ်ကြိုက်သလောက် ရှည်လို့ရပါတယ်။

 

“public” ဆိုတဲ့စကားလုံးကို access modifier လို့ခေါ်ပါတယ်၊ program ရဲ့အခြားအစိတ်အပိုင်း(အခြားနေရာ) တွေကနေ လှမ်းပြီး access လုပ်နိုင်တဲ့ အဆင့်သတ်မှတ်ချက်ကို access modifier လို့ခေါ်ပါတယ်။ ဥပမာ “public” လို့ပေးထားတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်နေရာကနေပဲ ဖြစ်ဖြစ်လှမ်းပြီးယူသုံး(access)နိုင်တယ်။ access modifier အကြောင်းကို နောက်မှသက်သက်ထက်ရှင်းပြပါမယ်။

 

ဒုတိယတစ်ကြောင်းက function(method) ကိုကြော်ငြာထားတာပါ၊ static void ဆိုတဲ့ စကားလုံးကိုမေ့ထားလိုက်ပါအုံး နောက် သူနှင့်သက်ဆိုင်တဲ့ပိုစ့်ရောက်မှရှင်းပြပါမယ်။ main ဆိုတာ method ရဲ့နာမည်ပါ၊ method ရဲ့အစကို တွန့်ကွင်း( { ) နှင့်စထားပြီး အဆုံးကိုလည်း တွန့်ကွင်း( } ) နှင့်ဆုံးထားပါတယ်၊ method ရဲ့တွန့်ကွင်းအတွင်းမှာရှိတဲ့ အလုပ်တွေဟာ အဲဒီ့ method အလုပ်လုပ်မှပဲ၊ သူတို့လည်းအလုပ်လုပ်မှာပါ။ class တိုင်းလိုလိုမှာ main ဆိုတဲ့ method ထည့်ပေးရပါတယ်၊ console ကနေ “java ClassName” လို့ရိုက်ပြီး run ချိန်မှာ အဲဒီ့ class ရဲ့ main method ကို system ကနေခေါ်ပြီး run ပါတယ်။

 

တတိယအကြောင်းကိုရှင်းပြပါမယ်၊ System.out ဆိုတဲ့ object ထဲက print ဆိုတဲ့ method ကိုခေါ်သုံးထားတာပါ၊ print() ရဲ့ လက်သည်းကွင်းထဲမှာပါတဲ့ အရာကတော့ parameter လို့ခေါ်ပါတယ် method, parameter, object, နှင့် class တွေအကြောင်းကို နောက်ပိုစ့်တွေရောက်မှပဲရှင်းပြပါမယ်။ ဒီ class ကို run လိုက်တဲ့အချိန်မှာ print() ရဲ့ လက်သည်းကွင်းထဲက စာသားတွေဟာ console ပေါ်မှာ ပေါ်လာပါတယ်၊ ဒီစာသားတွေကို ပြောင်းလိုက်ရင် ပြောင်းလိုက်တဲ့စာသားတွေပေါ်လာမှာပါ၊ စမ်းကြည့်ပါ ဒါပေမဲ့ “ ” ကိုတော့မဖျက်လိုက်ပါနဲ့။

 

Java မှာ code တွေရေးပြီး ဖိုင်ကိုသိမ်းတဲ့အခါမှာ ဖိုင်ရဲ့နာမည်ကို၊ ဖိုင်ထဲက public ဖြစ်တဲ့ class ရဲ့နာမည်အတိုင်းပေးရပါမယ်၊ ကျွန်တော်ရဲ့ ဥပမာအရဆိုရင် “public class Sample” ဆိုတော့ ဖိုင်နာမည်ကို “Sample.java” လို့ပေးရမယ်။ ဖိုင်တစ်ခုမှာ class တစ်ခုထက်ပိုပါလို့ရပါတယ်၊ ဖိုင်နာမည်နဲ့တူရမယ့် class ဟာ public ဖြစ်ဖို့လိုပါတယ်။ အောက်မှာနမူနာနောက်တစ်ခု ထက်ပေးထားပါတယ် ဒီနမူနာကိုတော့မရှင်းပြတော့ပါ ကိုယ့်ဘာသာကိုယ်စမ်းကြည့်ပါ။

 

“Person.java”

private class Things {

}

public class Person {

public static void main(String[] args) {

System.out.println(“Check the differences”);

System.out.print(“I do not have next line”);

System.out.print(“I do not have next line”);

System.out.println(“I have next line”);

System.out.print(“I do not have next line”);

}

}

public class Information {

 

}

 

Comments - အတိုအထွာမှတ်စရာ

ယခုကျွန်တော်ဟာ project အကြီးကြီးတစ်ခုကို ရေးနေတယ်ဆိုပါစို့ အဲဒီတော့ကျွန်တော်ဟာ ဒီ project ကိုပြီးဖို့ရက်တွေအများကြီးလိုအပ်ပါတယ်၊ အဲဒီ့တော့ကျွန်တော်ဟာ ကျွန်တော့်ရဲ့ code တွေကြားမှာ မှတ်စုလေးတွေမှတ်သားချင်တယ်၊ မှတ်စုတွေကိုဒီအတိုင်းရေးရင် compile လုပ်တဲ့အချိန်မှာ error တက်လိမ့်မယ်(မယုံရင် code တွေကြားမှာ လျှောက်ရေးကြည့်)။ ဒါဆိုရင် comment ဆိုတာကိုသုံးရပါမယ်၊ အောက်က code ကိုကြည့်ပါ စောစောတုန်းကပြတဲ့ ဥပမာပါပဲ run ကြည့်ပါ၊ ကွာခြားချက်ကိုလေ့လာကြည့်ပါ။

 

“Sample.java”

/*

This is called comment.

Check the differences between sentences.

*/

//this is public class called Sample

public class Sample {

//this is main method declaration

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting");

//This is called Single Line Comment

/* This is

called

Multi Line Comment */

}

}

 

Comment ဟာအမျိုးအစားနှစ်မျိုးရှိပါတယ်၊ Single Line နှင့် Multi Line ဆိုတာပါပဲ။ နာမည်ကိုကြည့်တာနဲ့ သိနိုင်ပါတယ်၊ single line ဆိုတာ comment တစ်ကြောင်းတည်းရေးတဲ့အခါမှာသုံးရပြီး multi line ကိုတော့ comment အများကြီးရေးတဲ့အခါမှာသုံးရပါတယ်။ comment ကိုလိုအပ်သလိုအမျိုးမျိုးသုံးကျပါတယ်၊ ကျွန်တော်ကတော့ error တွေကိုရှာဖွေတဲ့နေရာမှာသုံးပါတယ်။ ဥပမာ ကျွန်တော်ဟာ code တွေအများကြီးရေးပြီး run လိုက်တာ error တက်တယ်ဆိုပါတော့၊ ကျွန်တော့်ရဲ့ code တွေထဲမှာ ဘယ်နေရာမှာ error တက်လဲဆိုတာကျွန်တော်သိချင်တယ်။ ဒီတော့ကျွန်တော်ဟာ error တက်နိုင်တယ်လို့ သံသယရှိတဲ့နေရာတစ်ခုကို comment ပိတ်ပြီး run ကြည့်တယ်၊ အဲဒီ့အခါမှာ comment ပိတ်ထားတဲ့နေရာက run တဲ့အထဲမပါတဲ့အတွက်၊ ဒီအချိန်မှာ run တာ error မတက်ရင်၊ comment ပိတ်ထားတဲ့နေရာမှာ error ဖြစ်နေလို့ပဲ၊ အဲဒီ့အပိုင်းမှာတစ်ခုခုမှားရေးထားလို့ပဲ။

 

Software တွေကိုတစ်ယောက်ထဲရေးလေ့မရှိပါ၊ အဖွဲ့လိုက်ရေးလေ့ရှိပါတယ်၊ အဲဒီ့အခါမှာ ကိုယ်ရေးထားတဲ့ code တွေကိုဘာကြောင့်ရေးထားလဲဆိုတာ comment တွေသုံးပြီး မှတ်ချက်ရေးထားလေ့ရှိကျပါတယ်။

 

Java ကိုစတင်လေ့လာသူတွေအနေနဲ့ လေ့လာရတာမလွယ်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်၊ စတင်လေ့လာသူတွေမှာ မေးခွန်းအများကြီးရှိပါလိမ့်မယ်၊ ဒါပေမဲ့ မပူပါနဲ့ နောက်တော့တဖြည်းဖြည်း သိလာပါလိမ့်မယ်။ အားလုံး လေ့လာသမျှ နားလည်နိုင်ပါစေ။

 

Previous : Java Tutorial 2

Next : Java Tutorial 4

Sunday, January 12, 2014

Android Version မှာ Jelly Bean ထိပ်ဆုံးကဦးဆောင် (December လ အထိ)

December လအတွက် Google က release လုပ်ပေးလိုက်တဲ့ Android OS version numbers တွေကို ကြည့်လိုက်တဲ့ အခါမှာ အရင် version အဟောင်းတွေဟာ 23 percent လောက် အသုံးပြုမှု လျော့ကျလာတာကို တွေ့ရပါတယ်။ version အသစ်တွေဖြစ်တဲ့ Kitkat နဲ့ Jelly Bean တွေဟာ အသုံးပြုတဲ့ အရေအတွက် တဖြည်းဖြည်း နဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။


Kitkat ဟာ November လကထက် အသုံးပြုတဲ့သူ အရေအတွက် ၃ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့ရပါတယ်။ Jelly Bean ကတော့ အသုံးပြုတဲ့သူ အရေအတွက် သိသိသာသာ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ December လ အရောက်မှာ Gingerbread ကို အသုံးပြုတဲ့သူ အရေအတွက်ဟာ  ၃ ရာခိုင်နှုန်းလောက် အရင်လကထက် လျော့ကျသွားတာကို  တွေ့ရပါတယ်။ Ice Cream Sandwich ထက် older ဖြစ်တဲ့ version တွေကို အသုံးပြုတဲ့သူ အရေအတွက်ဟာ စုစုပေါင်း Android OS ကို အသုံးပြုတဲ့သူအရေအတွက်ရဲ့ ၂၂.၆ ရာခိုင်နှုန်းလောက်သာ ရှိတော့တာကို တွေ့ရပါတယ်။


ဒါကို ကြည့်ခြင်းအားဖြင့် စုစုပေါင်း Android OS အသုံးပြုသူအားလုံးရဲ့ 75 percent လောက်ဟာ  Android 4 နဲ့ 4 ထက် အမြင့် OS Version တွေကို အသုံးပြုနေကြတာကို တွေ့ရပါတယ်။ Android Application တွေကို ရေးသားနေတဲ့ developers တွေ အနေနဲ့တော့ Android Version 4.0.3 (API 15) လောက်ကို အနိမ့်ဆုံးထားပြီး Apps တွေကို develop လုပ်မယ်ဆိုရင် အဆင်ပြေတဲ့ အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ်။


Android Apps ကို develop လုပ်ဖို့ လေ့လာနေသူများနဲ့ develop လုပ်နေသူအများအတွက် ဒီဆောင်းပါးလေးကို ရေးသားလိုက်တာ ဖြစ်ပါတယ်။



Credit: androidcentral.com

Java Tutorial 2

Java Tutorial 2(Preparing environment for java coding)

ဒီပို့စ်မှာတော့ java program ကိုစတင်ရေးသားပါမယ်၊ program ကိုမရေးခင်လိုအပ်ချက်တွေကို အရင်ဖြည့်ဆည်းရပါမယ်။ ဘာလိုအပ်သလဲဆိုတာ စာဖတ်သူကို ကိုယ်တိုင်စဉ်းစားကြည့်စေချင်ပါတယ်၊ ကျွန်တော့်ရဲ့ပထမပိုစ့်က အချက်အလက်တွေကို အသုံးပြုပြီးစဉ်းစားပါ။ ကျွန်တော်စဉ်းစားပြမယ် java language မှာ developer ရဲ့ source code တွေကို JVM က byte-code အဖြစ်ပြောင်းပေးတယ်၊ JVM ဆိုတာစက်တိုင်းမှာမရှိဘူး ဒါဆို JVM လိုတာပေါ့၊ ဒါဆိုတစ်ခုရပြီ၊ နောက်တစ်ခုက program ရေးပြီဆိုမှတော့ Editor ကောင်းကောင်းလိုပြီပေါ့။ ကောင်းပြီ java ရေးဖို့လိုအပ်တဲ့ JVM ဆိုတာ Java Development Kit(JDK) နှင့် Java Runtime Environment(JRE) ထဲမှာပါဝင်ပါတယ်။

 

Java run ပေးသူ(JRE)

JDK ဆိုတာ Java Developer တွေအတွက်ပါ သူ့မှာ Java API ပါပါတယ်၊ JRE ဆိုတာ Java ကို run နိုင်ရုံသက်သက်ပါပဲ။ နှစ်ခုစလုံး Oracle ဝဘ်ဆိုဒ်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်၊ Java program ရေးမယ်ဆိုရင် JDK ကိုဒေါင်းပါ၊ JDK ကို install လုပ်တဲ့အခါ JRE ပါတစ်ခါတည်း auto install လုပ်ပေးပါတယ်၊ ဒါကြောင့် JDK ကိုဒေါင်းတဲ့အခါ JRE ကိုဒေါင်းစရာမလိုပါဘူး၊ ဒါပေမဲ့ JRE ကိုပဲဒေါင်းထားရင်တော့ JDK ကိုဒေါင်းဖို့လိုပါတယ်။ java library ရဲ့ reference ကို Oracle ဆိုဒ်မှာပဲဒေါင်းနိုင်ပါတယ်၊ Oracle က Sun Micro System ကိုဝယ်ထားတာပါ။

JDK ကိုသွင်းပြီးသွားရင် ကိုယ့်စက်ရဲ့ system variable ထဲမှာ path လမ်းကြောင်းပေးရပါမယ်၊ ဒါမှ Operating System(OS) ကရှာတွေ့နိုင်မှာပါ။

UNIX, Solaris နှင့် Linux OS တွေအတွက် shell language ပေါ်မူတည်ပြီးကွဲပြားပါတယ်၊ C shell အတွက်ဆိုရင် “set path=(/usr/local/jdk/bin $path)” လို့ command မှာရိုက်ရပါတယ်၊ Bourne Again shell ဆိုရင် “export PATH=/usr/local/jdk/bin:$PATH” လို့ command မှာရိုက်ရပါတယ်။

Windows အတွက်တော့ “MyComputer” ကို right click နှိပ်ပါ ပြီးတော့ဘယ်ဘက်အခြမ်းက “Advanced System Settings” ကိုနှိပ်ပါ ပြီးတော့ “Environment Variables” ကိုနှိပ် ပြီးတော့ပေါ်လာတဲ့ box မှာ အပေါ်ကအခြမ်းမှာ “New” ကိုနှိပ် “Variable name” မှာ “path” သို့ “PATH” လို့ပေး၊ “Variable value” မှာ ကိုယ့်စက်ထဲက java install လမ်းကြောင်းကိုပေး ဥပမာ “C:\Program Files\Java\jdk1.7.0_04\bin;” ၊ တကယ်လို့ D အောက်ထဲက “jdk” folder ထဲမှာဆိုရင် “D:\jdk\bin;” လို့ပေး။

ကိုယ်ပေးထားတာမှန်လားမမှန်လား သိချင်ရင် command line မှာ “java” လို့ရိုက်ကြည့်၊ “java: command not found” သို့ “The name specified

is not recognized as an internal or external command, operable program or batch file” ဆိုတဲ့စာသားပေါ်လာရင် ကိုယ်လုပ်ထားတာ တခုခုလွဲနေပြီ။

 

Editor ရွေးရအောင်

မိမိနဲ့အဆင်ပြေတဲ့ editor ကိုရွေးချယ်တာအကောင်းဆုံးပါဘဲ၊ NetBeans, Eclipse စတဲ့ IDE မျိုးကတော့လူသုံးများပါတယ်၊ project တွေကိုမြန်မြန်ဆန်ဆန်ရေးချင်ရင် အဲဒီ့ IDE တွေကကောင်းပါတယ်။ Notepad နဲ့ .java file တစ်ခုချင်းစီရေးပြီး compile လုပ်ရင်လည်းရပါတယ်။ တချို့တွေကတော့ java စလေ့လာခါစမှာ Notepad လိုဟာမျိုးသုံးပြီး၊ နောက်ပိုင်းကျင့်သားရလာတဲ့အခါ project တွေရေးတဲ့အချိန်ကျမှ မြန်ဆန်အောင် NetBeans တို့ Eclipse တို့ကိုသုံးကျပါတယ်။ Java IDE တွေသုံးရင်တော့ ကိုယ်ရေးတဲ့ code ရဲ့အရေးအသား အမှားကိုသိနိုင်အောင် IDE ကဖော်ပြပေးပေမဲ့ notepad လိုဟာမျိုးမှာတော့ မဖော်ပြပေးနိုင်ပါဘူး၊ အဲဒီတော့စတင်လေ့လာသူတွေအနေနဲ့ အရေးအသားအမှားကို ကိုယ့်ဘာသာရှာဖွေနိုင်အောင် notepad လိုမျိုး editor ကိုသုံးသင့်ပါတယ်။

 

နမူနာတစ်ခုရေးရအောင်

Notepad နှင့်ရေးပြီး run တဲ့နည်းကိုအရင်ပြောပါမယ်၊ ပြီးမှ Java IDE နဲ့နည်းကိုပြောပါမယ်။ အောက်ကကုဒ်တွေကို notepad ထဲရေးပြီး “sample.java” ဆိုတဲ့နာမည်နဲ့ သိမ်းထားလိုက်ပါ၊ တခြားနာမည်နဲ့သိမ်းလည်းရပါတယ် ဒါပေမဲ့ အဆုံးမှာ .java ဖြစ်ပါစေ။

 

“Sample.java”

 

public class Sample {

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting ");

}

}

 

 

ပြေးပြီဟေ့ (Let’s run java)

Notepad နှင့်ရေးထားတဲ့ .java file ကို command line ကနေ compile လုပ်ရပါမယ်၊ compile လုပ်ဖို့ “javac” ဆိုတဲ့ command ကိုသုံးရမယ်ပုံမှာပြထားတဲ့အတိုင်းပါပဲ “javac Sample.java” လို့ command line မှာ ရိုက်လိုက်ပါ။ compile လုပ်ပြီးသွားရင် ကိုယ့်ရဲ့ဖိုင်သိမ်းထားတဲ့နေရာကို ကြည့်လိုက်ပါ၊ Sample.class ဆိုတဲ့ဖိုင်ကိုတွေ့ပါလိမ့်မယ် အဲဒီဖိုင်က byte-code ဖိုင်ပါပဲ။ အဲဒီဖိုင်ကို run ဖို့ command line မှာ “java Sample” လို့ရိုက်ပါ၊ သတိထားပါ “java Sample.class” မဟုတ်ပါဘူး “java Sample” ပါ။ အောက်ကပုံမှာ နမူနာပြထားပါတယ်။

sample 1

 

sample 2

sample 3

 

 

Previous : Java Tutorial 1

Next : Java Tutorial 3