Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Saturday, January 18, 2014

Android Device တွေရဲ့ Battery သက်တမ်းရှည်အောင် ဘယ်လို ပြုလုပ်ကြမလဲ။

နာမည်ကြီး Online Mobile Forum တစ်ခုဖြစ်တဲ့ XDA မှာ ကျွန်တော့် ဖုန်း Battery က အားခနလေးနဲ့ ကုန်နေတယ် ၊ အဲဒါ ဘယ်လို လုပ်ရမလဲ ၊ ROM ကြောင့်လား ၊ Hardware မကောင်းလို့လား ၊ အခြားအကြောင်းတွေကြောင့်လား ဆိုတဲ့ မေးခွန်းကို ခနခန တွေ့ရပါတယ်။ တစ်ကယ်တော့ ဖုန်းတစ်လုံးမှာ ရှိတဲ့ Battery ရဲ့ 70% ဟာ သင့်ရဲ့ အသုံးပြုမှုကြောင့် ကုန်ဆုံးရတာ ဖြစ်ပြီး ကျန်တဲ့ 30% ကသာ ကျန်တဲ့ ဖုန်းတွင်းပိုင်း လုပ်ဆောင်မှုများအတွက် အသုံးချတာပါ။

ဘာကြောင့် ဖုန်း Battery အားအကုန် မြန်ရလဲဆိုတာက သင်ဟာ ဖုန်းကို ဘယ်လို အသုံးချလဲ ပေါ် မူတည်နေတယ်ဆိုတာ သေချာပါတယ်။
သင်က ဖုန်းနဲ့ ဘယ်လို App တွေကို အများဆုံးသုံးလေ့ ရှိလဲ ၊ ဒါမှ မဟုတ် Wifi တွေ Bluetooth တွေကို တစ်ချိန်လုံး ဖွင့်ထားတတ်သလား
( 3G connection ဟာ 2G ထက် 30% လောက် Battery ကို ပိုအကုန် မြန်စေပါတယ် ) ဆိုတာ ပေါ် မူတည်နေပါတယ်။ ပြီးတော့ သင်ဟာ ဖုန်းကို တစ်နေ့ ဘယ်လောက် အထိ အသုံးပြုလဲ ဆိုတာလဲ စဉ်းစားရပါမယ်။

Andorid Battery

 

Battery ကို ချွေတာ ဖို့အတွက် အခြေခံ အချက်တွေက
- GPS, Wifi, Bluetooth စတာတွေကို မလိုအပ်ဘဲ မဖွင့်ထားပါနဲ့
- 2G ကို သုံးလို့အဆင်ပြေနေတဲ့ အချိန်ဆို 2G ကိုသာ သုံးသင့်ပါတယ်။ 3G ကို အသုံးပြုခြင်းက Battery ကို ပို အကုန်မြန်စေပါတယ်။
- Antivirus တွေ ၊ System Tuning App တွေကို မလိုအပ်ဘဲ အများကြီး မသုံးပါနဲ့။ တစ်ခုဆို လုံလောက်ပါပြီ။
- Battery Saving App တစ်ခု သာ သုံးစွဲပါ။
- Background Process များသော App များကို လျော့ သုံးပါ ( ဥပမာ - Antivirus App, facebook, Viber ကဲ့ သို့ App များစွာကို သုံးခြင်းက Battery ကို ပို အကုန် မြန်စေပါတယ် )
- Screen Brightness ကို ချိန်ညှိ သုံးစွဲပါ။
- မိမိ ဖုန်းနှင့် သင့်တော်သော ROM ကိုသာ သုံးစွဲပါ။
- ဖုန်း Battery ကို 5% အောက်ရောက်ပါက ပုံမှန် အားသွင်းပါ။

နောက်ထပ် ဖုန်း Battery ကို ထိန်းသိမ်းနိုင်မဲ့ အချက် အချို့ကို ဖော်ပြလိုက်ပါတယ်။

- တစ်ပတ် တစ်ကြိမ်ခန့် ဖုန်း Battery အား အကုန် သုံးပြီး ပြည့်သည် ထိ ပြန်သွင်းပါ။
- ဖုန်းကို အား အကုန် သုံးပါ ၊ ထို့နောက် ဖုန်းပိတ်လိုက်ပါ ၊ ဖုန်းပိတ်ထားသည့်အတိုင်းပင် အားအပြည့်သွင်းပါ။ အားပြည့်သွားပါက chargre plug ကို ဖြုတ်ပါ ၊ ဖုန်းမှ Battery ကို ၃ မိနစ်ခန့် ဖြုတ်ထားပြီးမှ ပြန်တတ်ပါ။ အဲလို မျိုး နှစ်ပတ် တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။
- ဖုန်း အားသွင်းနေချိန်တွင် Game ဆော့ခြင်း ၊ အင်တာနက် သုံးခြင်း လုံးဝ မပြုလုပ်သင့်ပါ။
- ဖုန်း သုံးနေစဉ် သာမာန်ထက် ပူလာပါက Battery ကို ၅ မိနစ်ခန့် ဖြုတ်ထားပါ။

 

Credit : http://www.droidviews.com/batterylife/

Wednesday, January 15, 2014

သင့်ရဲ့ PC ကို ဖုန်းနဲ့ Reboot လုပ်ချင်ပါသလား ????

Xda forum member တစ်ယောက်ဖြစ်တဲ့ lastspartan09 ဟာ Droid Remote ဆိုတဲ့ app တစ်ခုကို 2012 ခုနှစ်တုန်းက တီထွင်ခဲ့ပါတယ်။ ဒီ app လေးဟာ သင့်ရဲ့ computer နဲ့ mobile phone ကို WiFi network နဲ့ ချိတ်ဆက်ပြီး phone ကနေတစ်ဆင့် computer ကို shutdown, reboot, hibernate လုပ်နိုင်အောင် စီစဉ်ထားတဲ့ app လေးဖြစ်ပါတယ်။


ဒီ action တွေကို ရိုးရှင်းတဲ့ button လေးခုနဲ့ user interface ကို တည်ဆောက်ထားတာကို တွေ့ရပါတယ်။ Timer ပေးပြီး သင်ပိတ်ချင်တဲ့အချိန်မှာ computer ကို ပိတ်လို့ရအောင် စီစဉ်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။


အောက်က LINK မှာ ဘယ်လို အသုံးပြုရမယ်ဆိုတာနဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်….


http://forum.xda-developers.com/showthread.php?t=2053721


credit: xda-developers

Sunday, January 12, 2014

Android Version မှာ Jelly Bean ထိပ်ဆုံးကဦးဆောင် (December လ အထိ)

December လအတွက် Google က release လုပ်ပေးလိုက်တဲ့ Android OS version numbers တွေကို ကြည့်လိုက်တဲ့ အခါမှာ အရင် version အဟောင်းတွေဟာ 23 percent လောက် အသုံးပြုမှု လျော့ကျလာတာကို တွေ့ရပါတယ်။ version အသစ်တွေဖြစ်တဲ့ Kitkat နဲ့ Jelly Bean တွေဟာ အသုံးပြုတဲ့ အရေအတွက် တဖြည်းဖြည်း နဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။


Kitkat ဟာ November လကထက် အသုံးပြုတဲ့သူ အရေအတွက် ၃ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့ရပါတယ်။ Jelly Bean ကတော့ အသုံးပြုတဲ့သူ အရေအတွက် သိသိသာသာ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ December လ အရောက်မှာ Gingerbread ကို အသုံးပြုတဲ့သူ အရေအတွက်ဟာ  ၃ ရာခိုင်နှုန်းလောက် အရင်လကထက် လျော့ကျသွားတာကို  တွေ့ရပါတယ်။ Ice Cream Sandwich ထက် older ဖြစ်တဲ့ version တွေကို အသုံးပြုတဲ့သူ အရေအတွက်ဟာ စုစုပေါင်း Android OS ကို အသုံးပြုတဲ့သူအရေအတွက်ရဲ့ ၂၂.၆ ရာခိုင်နှုန်းလောက်သာ ရှိတော့တာကို တွေ့ရပါတယ်။


ဒါကို ကြည့်ခြင်းအားဖြင့် စုစုပေါင်း Android OS အသုံးပြုသူအားလုံးရဲ့ 75 percent လောက်ဟာ  Android 4 နဲ့ 4 ထက် အမြင့် OS Version တွေကို အသုံးပြုနေကြတာကို တွေ့ရပါတယ်။ Android Application တွေကို ရေးသားနေတဲ့ developers တွေ အနေနဲ့တော့ Android Version 4.0.3 (API 15) လောက်ကို အနိမ့်ဆုံးထားပြီး Apps တွေကို develop လုပ်မယ်ဆိုရင် အဆင်ပြေတဲ့ အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ်။


Android Apps ကို develop လုပ်ဖို့ လေ့လာနေသူများနဲ့ develop လုပ်နေသူအများအတွက် ဒီဆောင်းပါးလေးကို ရေးသားလိုက်တာ ဖြစ်ပါတယ်။



Credit: androidcentral.com

Thursday, January 9, 2014

Samsung Application Contest in Myanmar

ဆရာမက Samsung Application Contest in Myanmar Mobile application ပြိုင်မယ့်သူတွေကို Email ပို့ပေးမှာ ဖြစ်တဲ့အတွက် Form ကို E-mail ကနေ Download လုပ်ပြီး ဆရာမ၏ E-mail ကို mail ပို့ကာ စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။


ဒီ စာရင်းက မနက်ဖြန် နောက်ဆုံး တင်ရမှာ ဖြစ်ပြီး တစ်ကယ်စိတ်ပါဝင်စားပြီး အပြီးထိတက်ဖို့ ရည်ရွယ်ချက်ရှိသူများသာ Form ကို လျှောက်ပေးစေလိုတယ်လို့ ပြောကြားထားပါတယ်။


မနက်ဖြန် နောက်ဆုံး စာရင်းကို လူကိုတိုင် ဒေါ်ခင်နွယ်နီထွန်းဆီ လာရောက်ပေးပို့ နိုင်ပါတယ်။


ဒါမှမဟုတ် knntun@ucsy.edu.mm ကို E-mail ပေးပို့ပြီး လည်း စာရင်းသွင်းနိုင်ပါတယ်။