Showing posts with label Battery. Show all posts
Showing posts with label Battery. Show all posts

Monday, January 20, 2014

Microsoft fixes Surface Pro 2 problems [ battery problem and sleep problem ]

Microsoft ဟာ သူရဲ့ surface pro 2 ရဲ့ problems အချို့ကို fix လုပ်ပေးလိုက်ပါပြီလို့ ကြေငြာခဲ့ပါတယ်။ အခုဆိုရင် battery life နဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ problems တွေနဲ့ မလိုအပ်ဘဲ wake up ဖြစ်နေတဲ့ problem တွေကို ဖြေရှင်းပြီးပါပြီ လို့ Microsoft က ကြေငြာခဲ့ပါတယ်။ ဒီ problems တွေကို December Windows Update ကို ပြုလုပ်ထားတဲ့ Surface Pro 2 owner တွေဟာ အဓိက ခံစားနေရတာ ဖြစ်ပါတယ်။ Microsoft ဟာ နောက်ထပ် software တွေမှာလည်း problems တွေကို အတက်နိုင်ဆုံး ဖြေရှင်းပေးသွားပါ့မယ်လို့ ကြေငြာထားတာကိုလည်း တွေ့ရပါတယ်။

Microsoft က ဘယ်လို ကြေငြာထားတယ်ဆိုတာကို အောက်မှ ဖော်ပြပေးလိုက်ပါတယ်။

This weekend we released an update that addresses the unexpected wake and battery drain behavior experienced by a small number of Surface Pro 2 customers who installed the December Windows Update. This should have no impact on users already running the October Windows Update. We're working hard to address the remaining Surface Pro 2 items from the December Windows Update.


credit: Engadget


Saturday, January 18, 2014

Android Device တွေရဲ့ Battery သက်တမ်းရှည်အောင် ဘယ်လို ပြုလုပ်ကြမလဲ။

နာမည်ကြီး Online Mobile Forum တစ်ခုဖြစ်တဲ့ XDA မှာ ကျွန်တော့် ဖုန်း Battery က အားခနလေးနဲ့ ကုန်နေတယ် ၊ အဲဒါ ဘယ်လို လုပ်ရမလဲ ၊ ROM ကြောင့်လား ၊ Hardware မကောင်းလို့လား ၊ အခြားအကြောင်းတွေကြောင့်လား ဆိုတဲ့ မေးခွန်းကို ခနခန တွေ့ရပါတယ်။ တစ်ကယ်တော့ ဖုန်းတစ်လုံးမှာ ရှိတဲ့ Battery ရဲ့ 70% ဟာ သင့်ရဲ့ အသုံးပြုမှုကြောင့် ကုန်ဆုံးရတာ ဖြစ်ပြီး ကျန်တဲ့ 30% ကသာ ကျန်တဲ့ ဖုန်းတွင်းပိုင်း လုပ်ဆောင်မှုများအတွက် အသုံးချတာပါ။

ဘာကြောင့် ဖုန်း Battery အားအကုန် မြန်ရလဲဆိုတာက သင်ဟာ ဖုန်းကို ဘယ်လို အသုံးချလဲ ပေါ် မူတည်နေတယ်ဆိုတာ သေချာပါတယ်။
သင်က ဖုန်းနဲ့ ဘယ်လို App တွေကို အများဆုံးသုံးလေ့ ရှိလဲ ၊ ဒါမှ မဟုတ် Wifi တွေ Bluetooth တွေကို တစ်ချိန်လုံး ဖွင့်ထားတတ်သလား
( 3G connection ဟာ 2G ထက် 30% လောက် Battery ကို ပိုအကုန် မြန်စေပါတယ် ) ဆိုတာ ပေါ် မူတည်နေပါတယ်။ ပြီးတော့ သင်ဟာ ဖုန်းကို တစ်နေ့ ဘယ်လောက် အထိ အသုံးပြုလဲ ဆိုတာလဲ စဉ်းစားရပါမယ်။

Andorid Battery

 

Battery ကို ချွေတာ ဖို့အတွက် အခြေခံ အချက်တွေက
- GPS, Wifi, Bluetooth စတာတွေကို မလိုအပ်ဘဲ မဖွင့်ထားပါနဲ့
- 2G ကို သုံးလို့အဆင်ပြေနေတဲ့ အချိန်ဆို 2G ကိုသာ သုံးသင့်ပါတယ်။ 3G ကို အသုံးပြုခြင်းက Battery ကို ပို အကုန်မြန်စေပါတယ်။
- Antivirus တွေ ၊ System Tuning App တွေကို မလိုအပ်ဘဲ အများကြီး မသုံးပါနဲ့။ တစ်ခုဆို လုံလောက်ပါပြီ။
- Battery Saving App တစ်ခု သာ သုံးစွဲပါ။
- Background Process များသော App များကို လျော့ သုံးပါ ( ဥပမာ - Antivirus App, facebook, Viber ကဲ့ သို့ App များစွာကို သုံးခြင်းက Battery ကို ပို အကုန် မြန်စေပါတယ် )
- Screen Brightness ကို ချိန်ညှိ သုံးစွဲပါ။
- မိမိ ဖုန်းနှင့် သင့်တော်သော ROM ကိုသာ သုံးစွဲပါ။
- ဖုန်း Battery ကို 5% အောက်ရောက်ပါက ပုံမှန် အားသွင်းပါ။

နောက်ထပ် ဖုန်း Battery ကို ထိန်းသိမ်းနိုင်မဲ့ အချက် အချို့ကို ဖော်ပြလိုက်ပါတယ်။

- တစ်ပတ် တစ်ကြိမ်ခန့် ဖုန်း Battery အား အကုန် သုံးပြီး ပြည့်သည် ထိ ပြန်သွင်းပါ။
- ဖုန်းကို အား အကုန် သုံးပါ ၊ ထို့နောက် ဖုန်းပိတ်လိုက်ပါ ၊ ဖုန်းပိတ်ထားသည့်အတိုင်းပင် အားအပြည့်သွင်းပါ။ အားပြည့်သွားပါက chargre plug ကို ဖြုတ်ပါ ၊ ဖုန်းမှ Battery ကို ၃ မိနစ်ခန့် ဖြုတ်ထားပြီးမှ ပြန်တတ်ပါ။ အဲလို မျိုး နှစ်ပတ် တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။
- ဖုန်း အားသွင်းနေချိန်တွင် Game ဆော့ခြင်း ၊ အင်တာနက် သုံးခြင်း လုံးဝ မပြုလုပ်သင့်ပါ။
- ဖုန်း သုံးနေစဉ် သာမာန်ထက် ပူလာပါက Battery ကို ၅ မိနစ်ခန့် ဖြုတ်ထားပါ။

 

Credit : http://www.droidviews.com/batterylife/