Showing posts with label General. Show all posts
Showing posts with label General. Show all posts

Saturday, January 18, 2014

Android Device တွေရဲ့ Battery သက်တမ်းရှည်အောင် ဘယ်လို ပြုလုပ်ကြမလဲ။

နာမည်ကြီး Online Mobile Forum တစ်ခုဖြစ်တဲ့ XDA မှာ ကျွန်တော့် ဖုန်း Battery က အားခနလေးနဲ့ ကုန်နေတယ် ၊ အဲဒါ ဘယ်လို လုပ်ရမလဲ ၊ ROM ကြောင့်လား ၊ Hardware မကောင်းလို့လား ၊ အခြားအကြောင်းတွေကြောင့်လား ဆိုတဲ့ မေးခွန်းကို ခနခန တွေ့ရပါတယ်။ တစ်ကယ်တော့ ဖုန်းတစ်လုံးမှာ ရှိတဲ့ Battery ရဲ့ 70% ဟာ သင့်ရဲ့ အသုံးပြုမှုကြောင့် ကုန်ဆုံးရတာ ဖြစ်ပြီး ကျန်တဲ့ 30% ကသာ ကျန်တဲ့ ဖုန်းတွင်းပိုင်း လုပ်ဆောင်မှုများအတွက် အသုံးချတာပါ။

ဘာကြောင့် ဖုန်း Battery အားအကုန် မြန်ရလဲဆိုတာက သင်ဟာ ဖုန်းကို ဘယ်လို အသုံးချလဲ ပေါ် မူတည်နေတယ်ဆိုတာ သေချာပါတယ်။
သင်က ဖုန်းနဲ့ ဘယ်လို App တွေကို အများဆုံးသုံးလေ့ ရှိလဲ ၊ ဒါမှ မဟုတ် Wifi တွေ Bluetooth တွေကို တစ်ချိန်လုံး ဖွင့်ထားတတ်သလား
( 3G connection ဟာ 2G ထက် 30% လောက် Battery ကို ပိုအကုန် မြန်စေပါတယ် ) ဆိုတာ ပေါ် မူတည်နေပါတယ်။ ပြီးတော့ သင်ဟာ ဖုန်းကို တစ်နေ့ ဘယ်လောက် အထိ အသုံးပြုလဲ ဆိုတာလဲ စဉ်းစားရပါမယ်။

Andorid Battery

 

Battery ကို ချွေတာ ဖို့အတွက် အခြေခံ အချက်တွေက
- GPS, Wifi, Bluetooth စတာတွေကို မလိုအပ်ဘဲ မဖွင့်ထားပါနဲ့
- 2G ကို သုံးလို့အဆင်ပြေနေတဲ့ အချိန်ဆို 2G ကိုသာ သုံးသင့်ပါတယ်။ 3G ကို အသုံးပြုခြင်းက Battery ကို ပို အကုန်မြန်စေပါတယ်။
- Antivirus တွေ ၊ System Tuning App တွေကို မလိုအပ်ဘဲ အများကြီး မသုံးပါနဲ့။ တစ်ခုဆို လုံလောက်ပါပြီ။
- Battery Saving App တစ်ခု သာ သုံးစွဲပါ။
- Background Process များသော App များကို လျော့ သုံးပါ ( ဥပမာ - Antivirus App, facebook, Viber ကဲ့ သို့ App များစွာကို သုံးခြင်းက Battery ကို ပို အကုန် မြန်စေပါတယ် )
- Screen Brightness ကို ချိန်ညှိ သုံးစွဲပါ။
- မိမိ ဖုန်းနှင့် သင့်တော်သော ROM ကိုသာ သုံးစွဲပါ။
- ဖုန်း Battery ကို 5% အောက်ရောက်ပါက ပုံမှန် အားသွင်းပါ။

နောက်ထပ် ဖုန်း Battery ကို ထိန်းသိမ်းနိုင်မဲ့ အချက် အချို့ကို ဖော်ပြလိုက်ပါတယ်။

- တစ်ပတ် တစ်ကြိမ်ခန့် ဖုန်း Battery အား အကုန် သုံးပြီး ပြည့်သည် ထိ ပြန်သွင်းပါ။
- ဖုန်းကို အား အကုန် သုံးပါ ၊ ထို့နောက် ဖုန်းပိတ်လိုက်ပါ ၊ ဖုန်းပိတ်ထားသည့်အတိုင်းပင် အားအပြည့်သွင်းပါ။ အားပြည့်သွားပါက chargre plug ကို ဖြုတ်ပါ ၊ ဖုန်းမှ Battery ကို ၃ မိနစ်ခန့် ဖြုတ်ထားပြီးမှ ပြန်တတ်ပါ။ အဲလို မျိုး နှစ်ပတ် တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။
- ဖုန်း အားသွင်းနေချိန်တွင် Game ဆော့ခြင်း ၊ အင်တာနက် သုံးခြင်း လုံးဝ မပြုလုပ်သင့်ပါ။
- ဖုန်း သုံးနေစဉ် သာမာန်ထက် ပူလာပါက Battery ကို ၅ မိနစ်ခန့် ဖြုတ်ထားပါ။

 

Credit : http://www.droidviews.com/batterylife/

Sunday, January 12, 2014

Java Tutorial 2

Java Tutorial 2(Preparing environment for java coding)

ဒီပို့စ်မှာတော့ java program ကိုစတင်ရေးသားပါမယ်၊ program ကိုမရေးခင်လိုအပ်ချက်တွေကို အရင်ဖြည့်ဆည်းရပါမယ်။ ဘာလိုအပ်သလဲဆိုတာ စာဖတ်သူကို ကိုယ်တိုင်စဉ်းစားကြည့်စေချင်ပါတယ်၊ ကျွန်တော့်ရဲ့ပထမပိုစ့်က အချက်အလက်တွေကို အသုံးပြုပြီးစဉ်းစားပါ။ ကျွန်တော်စဉ်းစားပြမယ် java language မှာ developer ရဲ့ source code တွေကို JVM က byte-code အဖြစ်ပြောင်းပေးတယ်၊ JVM ဆိုတာစက်တိုင်းမှာမရှိဘူး ဒါဆို JVM လိုတာပေါ့၊ ဒါဆိုတစ်ခုရပြီ၊ နောက်တစ်ခုက program ရေးပြီဆိုမှတော့ Editor ကောင်းကောင်းလိုပြီပေါ့။ ကောင်းပြီ java ရေးဖို့လိုအပ်တဲ့ JVM ဆိုတာ Java Development Kit(JDK) နှင့် Java Runtime Environment(JRE) ထဲမှာပါဝင်ပါတယ်။

 

Java run ပေးသူ(JRE)

JDK ဆိုတာ Java Developer တွေအတွက်ပါ သူ့မှာ Java API ပါပါတယ်၊ JRE ဆိုတာ Java ကို run နိုင်ရုံသက်သက်ပါပဲ။ နှစ်ခုစလုံး Oracle ဝဘ်ဆိုဒ်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်၊ Java program ရေးမယ်ဆိုရင် JDK ကိုဒေါင်းပါ၊ JDK ကို install လုပ်တဲ့အခါ JRE ပါတစ်ခါတည်း auto install လုပ်ပေးပါတယ်၊ ဒါကြောင့် JDK ကိုဒေါင်းတဲ့အခါ JRE ကိုဒေါင်းစရာမလိုပါဘူး၊ ဒါပေမဲ့ JRE ကိုပဲဒေါင်းထားရင်တော့ JDK ကိုဒေါင်းဖို့လိုပါတယ်။ java library ရဲ့ reference ကို Oracle ဆိုဒ်မှာပဲဒေါင်းနိုင်ပါတယ်၊ Oracle က Sun Micro System ကိုဝယ်ထားတာပါ။

JDK ကိုသွင်းပြီးသွားရင် ကိုယ့်စက်ရဲ့ system variable ထဲမှာ path လမ်းကြောင်းပေးရပါမယ်၊ ဒါမှ Operating System(OS) ကရှာတွေ့နိုင်မှာပါ။

UNIX, Solaris နှင့် Linux OS တွေအတွက် shell language ပေါ်မူတည်ပြီးကွဲပြားပါတယ်၊ C shell အတွက်ဆိုရင် “set path=(/usr/local/jdk/bin $path)” လို့ command မှာရိုက်ရပါတယ်၊ Bourne Again shell ဆိုရင် “export PATH=/usr/local/jdk/bin:$PATH” လို့ command မှာရိုက်ရပါတယ်။

Windows အတွက်တော့ “MyComputer” ကို right click နှိပ်ပါ ပြီးတော့ဘယ်ဘက်အခြမ်းက “Advanced System Settings” ကိုနှိပ်ပါ ပြီးတော့ “Environment Variables” ကိုနှိပ် ပြီးတော့ပေါ်လာတဲ့ box မှာ အပေါ်ကအခြမ်းမှာ “New” ကိုနှိပ် “Variable name” မှာ “path” သို့ “PATH” လို့ပေး၊ “Variable value” မှာ ကိုယ့်စက်ထဲက java install လမ်းကြောင်းကိုပေး ဥပမာ “C:Program FilesJavajdk1.7.0_04bin;” ၊ တကယ်လို့ D အောက်ထဲက “jdk” folder ထဲမှာဆိုရင် “D:jdkbin;” လို့ပေး။

ကိုယ်ပေးထားတာမှန်လားမမှန်လား သိချင်ရင် command line မှာ “java” လို့ရိုက်ကြည့်၊ “java: command not found” သို့ “The name specified

is not recognized as an internal or external command, operable program or batch file” ဆိုတဲ့စာသားပေါ်လာရင် ကိုယ်လုပ်ထားတာ တခုခုလွဲနေပြီ။

 

Editor ရွေးရအောင်

မိမိနဲ့အဆင်ပြေတဲ့ editor ကိုရွေးချယ်တာအကောင်းဆုံးပါဘဲ၊ NetBeans, Eclipse စတဲ့ IDE မျိုးကတော့လူသုံးများပါတယ်၊ project တွေကိုမြန်မြန်ဆန်ဆန်ရေးချင်ရင် အဲဒီ့ IDE တွေကကောင်းပါတယ်။ Notepad နဲ့ .java file တစ်ခုချင်းစီရေးပြီး compile လုပ်ရင်လည်းရပါတယ်။ တချို့တွေကတော့ java စလေ့လာခါစမှာ Notepad လိုဟာမျိုးသုံးပြီး၊ နောက်ပိုင်းကျင့်သားရလာတဲ့အခါ project တွေရေးတဲ့အချိန်ကျမှ မြန်ဆန်အောင် NetBeans တို့ Eclipse တို့ကိုသုံးကျပါတယ်။ Java IDE တွေသုံးရင်တော့ ကိုယ်ရေးတဲ့ code ရဲ့အရေးအသား အမှားကိုသိနိုင်အောင် IDE ကဖော်ပြပေးပေမဲ့ notepad လိုဟာမျိုးမှာတော့ မဖော်ပြပေးနိုင်ပါဘူး၊ အဲဒီတော့စတင်လေ့လာသူတွေအနေနဲ့ အရေးအသားအမှားကို ကိုယ့်ဘာသာရှာဖွေနိုင်အောင် notepad လိုမျိုး editor ကိုသုံးသင့်ပါတယ်။

 

နမူနာတစ်ခုရေးရအောင်

Notepad နှင့်ရေးပြီး run တဲ့နည်းကိုအရင်ပြောပါမယ်၊ ပြီးမှ Java IDE နဲ့နည်းကိုပြောပါမယ်။ အောက်ကကုဒ်တွေကို notepad ထဲရေးပြီး “sample.java” ဆိုတဲ့နာမည်နဲ့ သိမ်းထားလိုက်ပါ၊ တခြားနာမည်နဲ့သိမ်းလည်းရပါတယ် ဒါပေမဲ့ အဆုံးမှာ .java ဖြစ်ပါစေ။

 

“Sample.java”

 

public class Sample {

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting ");

}

}

 

 

ပြေးပြီဟေ့ (Let’s run java)

Notepad နှင့်ရေးထားတဲ့ .java file ကို command line ကနေ compile လုပ်ရပါမယ်၊ compile လုပ်ဖို့ “javac” ဆိုတဲ့ command ကိုသုံးရမယ်ပုံမှာပြထားတဲ့အတိုင်းပါပဲ “javac Sample.java” လို့ command line မှာ ရိုက်လိုက်ပါ။ compile လုပ်ပြီးသွားရင် ကိုယ့်ရဲ့ဖိုင်သိမ်းထားတဲ့နေရာကို ကြည့်လိုက်ပါ၊ Sample.class ဆိုတဲ့ဖိုင်ကိုတွေ့ပါလိမ့်မယ် အဲဒီဖိုင်က byte-code ဖိုင်ပါပဲ။ အဲဒီဖိုင်ကို run ဖို့ command line မှာ “java Sample” လို့ရိုက်ပါ၊ သတိထားပါ “java Sample.class” မဟုတ်ပါဘူး “java Sample” ပါ။ အောက်ကပုံမှာ နမူနာပြထားပါတယ်။

 

Saturday, January 11, 2014

Show Java ( apk file decompile tools)

Xda-developers website ကို ၀င်ကြည့်ရင်း ဒီ post လေးကို တွေ့လို့ သဘောကြလို့ share လိုက်ပါတယ်။ ဒီ Show Java ဆိုတဲ့ tools လေးကို XDA Senior Member ဖြစ်တဲ့ niranjan94 က နေပြီး develop လုပ်ထားတာ ဖြစ်ပြီး open source project အနေနဲ့ ပြန် share ပေးထားတာကို တွေ့ရပါတယ်။ ဒီ tools  လေးဟာ Android  ဖုန်းအတွက် ရေးထားတဲ့ tools လေးဖြစ်ပါတယ်။ ဒီ tools ကို အသုံးပြုပြီး သင့်ရဲ့ Android ဖုန်းထဲမှာ ထည့်ထားတဲ့ Application တွေကို decompile လုပ်ကာ Java source code တွေကို ပြန်ဖော်ပြီး ကြည့်လို့ရမှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာပဲ computer သုံးစရာ မလိုအပ်ပဲ decompile လုပ်ထားတဲ့ Java source code တွေကို အလွယ်တစ်ကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ဒီ tools လေးမှာ external tools တွေဖြစ်ကြတဲ့ Class File Reader နဲ့ dex2jar တို့ကို ပြန်သုံးထားတာကို တွေ့ရပါတယ်။ သင့်ကို decompile လုပ်ပြီး ထုတ်ပေးလိုက်တဲ့ output code တွေကို SD card ထဲမှာ save  လုပ်ပေးထားမှာ ဖြစ်တဲ့အတွက် သင်အလွယ်တစ်ကူ ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ tools ဟာ တီတွင်ခါစပဲ ရှိသေးတဲ့အတွက် အနည်းငယ်လေးနေပြီး bug တွေရှိသေးတယ်လို့ share လုပ်ပေးထားတဲ့ developer က ပြောကြားထားပါတယ်။ Open source project ဖြစ်တဲ့အတွက်ကြောင့် သင်ကိုယ်တိုင် ဒီ tools လေးကို စမ်းသုံးကြည့်ချင်ရင်တော့ အောက်က link ကတစ်ဆင့် apk android installer file ကို download ဆွဲပြီး သင့်ရဲ့ဖုန်းမှာ စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


http://forum.xda-developers.com/devdb/project/dl/?id=3044&task=get


project source code ကို လိုချင်ရင်လည်း ဒီ page => http://forum.xda-developers.com/devdb/project/dl/?id=3044  မှာ download ဆွဲနိုင်တဲ့ တွေရှိတဲ့ အတွက် ၀င်ရောက်ကြည့်ရှု စမ်းသပ်နိုင်ပါတယ်။


credit: http://www.xda-developers.com/

Routine Maintenance problem ကြောင့် service ခဏ down သွားတဲ့ Dropbox

Dropbox ဟာ ၁၀ ရက်နေ့ မနက်ပိုင်းလောက်မှာ service ခဏ down သွားခဲ့ပါတယ်။ Cloud Storage service ကနေပြီး ပေးပို့တဲ့ report အရ service ဟာ “routine internal maintenance” ကြောင့် down သွားတယ်လို့ သိရပါတယ်။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေအရ Dropbox ဟာ hacked ခံရလို့ down သွားတာလို့ ယူဆနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် Google ကတော့ “external factors” ကြောင့် service down သွားတာ မဟုတ်ပါဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။


ဘယ်လိုကြောင့်ပဲ down သွားပါစေ အခုတော့ service ဟာ အရင်အတိုင်း ပြန်လည် support ပေးနေပြီ ဖြစ်ပါတယ်။


credit: engadget.com

Thursday, January 9, 2014

February 19th ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြမယ့် Apple နဲ့ Samsung တို့ရဲ့ CEOs နှစ်ယောက်

Apple နဲ့ Samsung တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တရားဆွဲစိုနေကြပြီး Mobile Phone လောကမှာ ပြိုင်ဆိုင်နေကြတဲ့ ထိပ်သီး organization တွေ ဖြစ်ကြပါတယ်။ အခုတော့ ဒီ Organization တွေ ရဲ့ CEO နှစ်ယောက်ဟာ February 19th ရက်နေ့မှာ တွေ့ဆုံမယ်လို့ သတင်းရရှိထားပါတယ်။ ဒီလိုမျိုး တွေ့ဆုံမှုကနေ ဘယ်လိုမျိုး Organization နှစ်ခုအတွက် အကျိုးအမြတ်ရအောင် စွမ်းဆောင်မလဲဆိုတာကိုတော့ စောင့်ကြည့်လေ့လာရမှာပဲ ဖြစ်ပါတယ်။

Friday, January 3, 2014

Hello world!

Welcome to WordPress. This is your first post. Edit or delete it, then start blogging!