Friday, January 31, 2014

UCSY News for graduation ceremony

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ၁၆ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း အတွက် Form နှင့် ဘွဲ့ဝတ်စုံငှားဖို့အတွက် Form ကို ယနေ့ ၃၁ ရက်မှ စတင်ပြီး ကျောင်းသားရေးရာတွင် သွားရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။
ဒီနေ့တွင် သွားရောက်မထုတ်ယူနိုင်သော သူများအနေနဲ့လည်း တနင်္လာနေ့မှ လာရောက်ထုတ်ယူနိုင်ပါတယ်။

လာရောက်ထုတ်ယူသူတွေအနေနဲ့ ၃၅၀၀ ကျပ်ကိုပါ ပေးသွင်းရမှာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ယခုနစ်ပေးအပ်မည့် ဘွဲ့လက်မှတ်ကို ကတ္တီပါသားနဲ့ကွပ်ပြီး ပေးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

Form တွေကို ထုတ်ပြီးပြီဆိုရင်တော့ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ ဘွဲ့ဝတ်စုံ အငှားဌာနကို သွားရောက်ရမှာဖြစ်ပါတယ်။
ဘွဲ့ဓာတ်ပုံ ရိုက်ဖို့အတွက်လည်း တစ်ခါတည်း ငွေပေးသွင်းခဲ့ရမှာဖြစ်ပါတယ်။
( Main ထဲကိုတော့ စနေ့နေ့မှ သွားလည်း ရပါတယ်။)

credit to Spykit ( UCSY နေ့စဉ်သတင်းစာ )

Wednesday, January 29, 2014

Professional Web Development with PHP – PHP Installation and Configuration

ဒီ tutorial လေးမှာတော့ PHP ကို run ဖို့ လိုအပ်တဲ့ software တွေ install လုပ်ဖို့ကို တင်ပြပေးပါ့မယ်။ PHP ဟာ server side scripting language ဖြစ်တဲ့အတွက် သူ့ကို run ဖို့ web server လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးရင် PHP code တွေကို parse လုပ်ပေးဖို့အတွက် PHP လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း projects ရေးတဲ့အခါမှာကို data တွေကို သိမ်းဖို့အတွက် databases လည်း လိုအပ်မှာ ဖြစ်ပါတယ်။


PHP ရဲ့ manual ထဲမှာတော့ တစ်ခုချင်းစီကို install လုပ်ပြီး ချိတ်ပြထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ WAMP server ကို သုံးပြီး ဘယ်လို run ရမလဲဆိုတာကို ရှင်းပြပေးပါ့မယ်။ WAMP server ကို install လုပ်လိုက်ရင် Apache web server , PHP နဲ့ MySQL database တို့ကို install လုပ်ပြီးသား ချိတ်ပြီးသား ဖြစ်တဲ့အတွက် php projects တွေကို တစ်ခါတည်း run နိုင်တော့မှာ ဖြစ်ပါတယ်။


WAMP server လိုမျိုး တစ်ခြား software တွေ ရှိပါသေးတယ် အဲဒါတွေကတော့ XAMPP နဲ့ MAMP တို့ ဖြစ်ကြပါတယ်။ WAMP server ကတော့ Windows အတွက် အသုံးပြုဖို့ ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီ tutorial မှာ WAMP ကို ရွေးချယ်ရတာက ဒီ နိုင်ငံမှာ window သုံးတဲ့ users က ပိုများလို့ ဖြစ်ပါတယ်။ MAMP ကတော့ Mac OS မှာ အသုံးပြုဖို့ဖြစ်ပါတယ်။ XAMPP ကတော့ cross platform ဖြစ်တဲ့အတွက် OS တိုင်းမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ် software ကို ပဲ သုံးသုံး Apache web server, PHP နဲ့ MySQL database ကို ပဲ install လုပ်ပေးမှာ ဖြစ်တဲ့အတွက် အသုံးပြုရတာ သိပ်ကွဲပြားမှာ မဟုတ်ပါဘူး။


အရင်ဆုံး WAMP server ကို install လုပ်လိုက်ကြရအောင်လားဗျာ။ WAMP server ကို install လုပ်ဖို့ အတွက် http://www.wampserver.com/en မှာ download လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ သင်ရဲ့ စက်မှာ Microsoft Visual C++ နဲ့ ပတ်သက်တဲ့ file မရှိဘူးဆိုရင် အဲဒီ့ website က ပေးတဲ့ link ကနေပြီး download လုပ်ပြီး install လုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


Download လုပ်ပြီးသွားရင်တော့ down ထားတဲ့ wampserver2.4.exe file ကို click လိုက်ပါ။ ကျွန်တော်ကတော့ နောက်ဆုံး ထွက်တဲ့ version ဖြစ်တဲ့ wampserver2.4 နဲ့ နမူနာလုပ်ပြပါမယ်။ အောက်က ပုံအတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။


wamp server



Next ကို နှိပ်လိုက်ပါ။ ပြီးရင် I accept the agreement ဆိုတဲ့ radio button လေးကို select လုပ်ပြီး Next ကို နှိပ်လိုက်ပါ။ Destination folder ရွေးခိုင်းတဲ့ အဆင့်ကို ရောက်ရှိသွားပါပြီ Next ကို ပဲ ဆက်နှိပ်လိုက်ပါ။ Create a Quick Launch icon နဲ့ Create a  Desktop icon တို့ကို အသုံးပြုမယ် ဆိုရင် အမှန်ခြစ်ပြီး Next နှိပ်လိုက်ပါ။ ပြီးရင် Install ကို နှိပ်လိုက်ပါ။ SMTP နဲ့ Email လာတောင်းတဲ့ wizard မှာလည်း Next ကိုပဲ နှိပ်လိုက်ပါ။ ပြီးရင် Launch WampServer 2 now ကို အမှန်ခြစ် ခြစ်ပြီး Finish button ကို နှိပ်လိုက်ပါ။ သင့် computer ရဲ့ ညာဘက်ထောင့်မှာ အောက်ကပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။


wamp server



ဒါဆိုရင်တော့ WampServer run နေပြီ ဖြစ်ပါတယ်။ ဒီ tray icon လေး စိမ်းနေရင် Apache web server ရော MySQL server ရော service on နေပြီ လို့ ပြောတာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီ icon လေး အနီရောင်ဆိုရင်တော့ သင့်ရဲ့ Apache web server ကော MySQL server ရော sevice မ on တဲ့အတွက် သင် PHP ကို run လို့ မရနိုင်ပါဘူး။ အ၀ါရောင်ဆိုရင်တော့ သင့်ရဲ့ server နှစ်ခုထဲက တစ်ခုပဲ service on ပြီး ကျန်တစ်ခုက service မ on လို့ ဖြစ်ပါတယ်။ ဥပမာ Apache server ပဲ service on ပြီး MySQL က service မ on တာဆိုရင် PHP ကိုတော့ သင် run နိုင်မှာ ဖြစ်ပေမယ့် database ကိုတော့ access လုပ်လို့ မရနိုင်ပါဘူး။ ဒီ icon လေးကို နှိပ်ပြီး Start All Services ကို နှိပ်လိုက်ရင် services တွေ အားလုံး start ဖြစ်သွားမှာ ဖြစ်ပြီး Stop All Services ကို နှိပ်လိုက်ရင်တော့ services တွေအားလုံး stop ဖြစ်သွားမှာ ဖြစ်ပါတယ်။


Icon လေးကိုနှိပ်ပြီး Apache ပေါ်ကို mouse pointer တင်လိုက်မယ်ဆိုရင်တော့ Version, Service, Apache modules, Alias directories ဆိုတဲ့ folder ပုံစံ icon လေးတွေပါတဲ့ menu လေးခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာရွက်ပုံ icon နဲ့ httpd.conf, Apache error log, Apache access log စတဲ့ menu သုံးခုကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အောက်ကပုံက မှင်နီနဲ့ ၀ိုင်းထားတဲ့ နေရာလေးကို ပြောတာဖြစ်ပါတယ်။


wamp server



Version ဆိုတဲ့ menu လေးပေါ်ကို mouse pointer လေးတင်လိုက်မယ်ဆိုရင် Apache ရဲ့ version number ကို ဖော်ပြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Service ပေါ်ကို mouse pointer လေးတင်လိုက်ရင် အောက်ကပုံလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။


wamp server



အဲဒီ့မှာ apache service က start လုပ်ပြီးသား ဖြစ်နေတဲ့အတွက် ကြောင့် Start/Resume Service menu က မှိန်နေတာ ဖြစ်ပါတယ်။ အဲဒီမှာ stop service ကို နှိပ်ပြီး service ကို stop လုပ်နိုင်သလို တစ်ခြား menu တွေကိုလည်း စမ်းသပ်သုံးကြည့်လို့ရပါသေးတယ်။ အရမ်းလည်း အရေးမကြီး မထူးဆန်းတဲ့အတွက် အသေးစိက်ကိုတော့ မရေးတော့ပါဘူး။


Apache modules ဆိုတဲ့ menu လေးကို mouse pointer လေးတင်လိုက်ရင်တော့ Apache ရဲ့ module တွေကို list တွေနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ကိုယ့် project က လိုအပ်တဲ့ modules တွေကို အမှန်ခြစ် ခြစ်လိုက်ရုံနဲ့ Apache ရဲ့ အဲဒီ့ ခြစ်လိုက်တဲ့ modules ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့ PHP framework တွေက Apache ရဲ့ rewrite module ကို အသုံးပြုရမှာ ဖြစ်တဲ့အတွက် အဲလိုအချိန်မျိုးမှာ rewrite_module ဆိုတဲ့ list လေးကို အမှန်ခြစ် ခြစ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


Alias directories ကတော့ ကျော်ခဲ့ပါတော့မယ် နောက်မှ လိုအပ်ရင် ထပ်ပြောပေးပါ့မယ်။


httpd.conf ဆိုတဲ့ menu ကို နှိပ်လိုက်ရင် Apache ရဲ့ configuration file ကို notepad နဲ့ ဖွင့်ပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဒီလိုမျိုး စာသားတွေကို တွေ့ရမှာ ဖြစ်ပါတယ်….


#


# NOTE: Where filenames are specified, you must use forward slashes


# instead of backslashes (e.g., "c:/apache" instead of "c:\apache").


# If a drive letter is omitted, the drive on which Apache.exe is located


# will be used by default.  It is recommended that you always supply


# an explicit drive letter in absolute paths to avoid confusion.


# ကို apache ရဲ့ configuration file ထဲမှာ comment အနေနဲ့ အသုံးပြုတဲ့အတွက် # နောက်ကလိုင်းတွေကို server က skip လုပ်သွားမှာ ဖြစ်ပါတယ်။ ရှေ့မှာ # မခံထားတဲ့


ServerRoot "c:/wamp/bin/apache/apache2.2.21" ဆိုတဲ့ စာသားလေးကို တွေ့ပါလိမ့်မယ်။ အဲဒီ့ စာသားလေးဟာ Apache Web Server software ဘယ်နေရာမှာ ရှိလဲဆိုတာကို ဖော်ပြတဲ့ directory ကို ရေးထားတာ ဖြစ်ပါတယ်။


Listen 80


ဆိုတဲ့ စာသားလေးက post နံပါတ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကိုက post နံပါတ်ကို ချိန်းချင်ရင် အဲဒီ့ စာသားလေးကို ချိန်းရမှာ ဖြစ်ပါတယ်။ ဥပမာ…Listen 8088 လို့ ပြင်ရေးလိုက်တာဟာ post နံပတ်ကို ချိန်းလိုက်တာ ဖြစ်ပါတယ်။


အောက်ကို ဆက်ဆင်းပြီး ကြည့်လိုက်မယ်ဆိုရင်


DocumentRoot "c:/wamp/www/"


ဆိုတဲ့ စာသားကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ စာသားကတော့ PHP နဲ့ ရေးထားတဲ့ projects တွေကို ထည့်သွင်းရမယ့် နေရာ (directory) ကို ရည်ညျွန်းဖော်ပြတာ ဖြစ်ပါတယ်။


<Directory "c:/wamp/www/">


    #


    # Possible values for the Options directive are "None", "All",


    # or any combination of:


    #   Indexes Includes FollowSymLinks SymLinksifOwnerMatch ExecCGI MultiViews


    #


    # Note that "MultiViews" must be named *explicitly* --- "Options All"


    # doesn't give it to you.


    #


    # The Options directive is both complicated and important.  Please see


    # http://httpd.apache.org/docs/2.2/mod/core.html#options


    # for more information.


    #


    Options Indexes FollowSymLinks



    #


    # AllowOverride controls what directives may be placed in .htaccess files.


    # It can be "All", "None", or any combination of the keywords:


    #   Options FileInfo AuthConfig Limit


    #


    AllowOverride all


    #


    # Controls who can get stuff from this server.


    #



#   onlineoffline tag - don't remove


    Order Deny,Allow


    Deny from all


    Allow from 127.0.0.1


</Directory>



အထက်က <Directory "c:/wamp/www/">  က စပြီး </Directory> အထိရေးထားတဲ့ စာသားတွေက ကိုယ့်ရဲ့ projects ကို ဘယ်နေရာကနေပြီး access လုပ်နိုင်မလဲလို့ configure လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီမှာ Allow from 127.0.0.1 လို့ ရေးထားတဲ့ စာသားကြောင့် သင့်ရဲ့ စက်တစ်လုံးတည်းသာ ( apache web server ကို install လုပ်ထားတဲ့ စက်) သာ သင့်ရဲ့ PHP projects တွေကို access လုပ်နိုင်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ ကိုယ်ပိုင် browser ကနေပဲ သင့်ရဲ့ PHP project တွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Deny from all ဆိုတဲ့ စာသားကို ဖြတ်ပြီး Allow from all လို့ ပြောင်းလိုက်မယ် ဆိုရင်တော့ သင့်ရဲ့ projects ကို network ချိတ်ထားတဲ့ တစ်ခြားစက်တွေရဲ့ browser တွေကနေလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



အခု ဆက်လက်ပြီး MySQL ဆိုတဲ့ menu လေးပေါ် mouse pointer တင်ကြည့်လိုက်ပါဦး အောက်က ပုံအတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။


wamp server



Version ဆိုတဲ့ menu ကို နှိပ်လိုက်ရင်တော့ version ကို ပြထားတာကို တွေ့ရပါလိမ့်မယ်။ Service ဆိုတဲ့ menu ကတော့ apache ရဲ့ Service ဆိုတဲ့ menu အတိုင်း service တွေကို start/stop လုပ်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ apache ရဲ့ Service ဆိုတဲ့ menu အတိုင်း အသုံးပြုနိုင်တဲ့အတွက် အသေးစိတ်ကို ထပ်မရှင်းပြတော့ပါဘူးနော်။


MySQL console ကို နှိပ်လိုက်မယ်ဆိုရင်တော့ Command Prompt လိုမျိုး အမည်းရောင် screen ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ့ console ကို သုံးပြီး MySQL database ထဲမှာ databases တွေ တည်ဆောက်တာ table တွေတည်ဆောက်တာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Database Tutorial ကို ရေးတော့မှ ပဲ ကျန်တဲ့ အသေးစိတ်ကို ဆက်ရှင်းပြပေးပါ့မယ်။ အရင်ဆုံး အဲဒီ့ console ကို သုံးပြီး သင့် database ရဲ့ password ကို ချိန်းလိုက်ရအောင်နော်။ သင့် database မှာ password မရှိသေးလို့  ချိန်းခိုင်းရတာ ဖြစ်ပါတယ်။ အဲဒါဆို console ကို နှိပ်ပြီး အောက်က ပုံထဲမှာ ရိုက်ထားတဲ့ command တွေအတိုင်း လိုက်ရိုက်လိုက်ပါနော်။


Wamp Server



အဓိက ရိုက်ရမယ့် command တွေကတော့ use mysql, ပြီးရင် update user set password=password(‘root’) where user=’root’; တို့ ဖြစ်ပါတယ်။ ပုံမှာ လည်းပါတဲ့အတွက် သေချာကြည့်ပြီး ရိုက်လိုက်ပါနော်။ ပြီးရင် icon ကို နှိပ်ပြီး Restart All Services ကို နှိပ်လိုက်ပါနော်။ icon လေးက အစိမ်းရောင်လေး ပြန်ဖြစ်သွားရင်တော့ သင့် database ရဲ့ password က ချိန်းပြီးသွားပြီး ဖြစ်ပါတယ်။ password က root ဖြစ်ပါတယ်။ command မှာ ရိုက်တုန်းက password(‘root’) လို့ ထည့်လိုက်တဲ့အတွက်ကြောင့် သင့် password က root ဖြစ်သွားတာ ဖြစ်ပါတယ်။ တစ်ကယ်လို့ command မှာ သင်က password(‘itstudentpro’) လို့ ရိုက်လိုက်မယ်ဆိုရင်တော့ သင့် password က itstudentpro ဖြစ်သွားမှာ ဖြစ်ပါတယ်။


ပြီးရင် PHP menu ပေါ်ကို mouse pointer လေးတင်ကြည့်ပါဦးနော်…အောက်ကပုံလေးကို တွေ့ရမှာပါ။


wamp server



PHP extensions ကိုပဲ ပြောတော့မယ်နော် ကျန်တဲ့ setting တွေက မပြင်လည်း သူ့ရဲ့ default အတိုင်း အသုံးပြုရ အဆင်ပြေနေလို့ ဖြစ်ပါတယ်။ ပြေနေရင် post က အရမ်းရှည်သွားမှာ စိုးလို့ပါ။


PHP extensions ကို နှိပ်လိုက်မယ်ဆိုရင်တော့ php ရဲ့ extensions list တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်ဟာ PHP နဲ့ MySQL databases ကို ချိတ်ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင် php_mysql ဆိုတဲ့ list ကို အမှန်ခြစ်ခြစ်ပြီး ရွေးပေးထားရမှာ ဖြစ်ပါတယ်။


ကဲ ကျွန်တော် ဒီ installation and configuration အကြောင်းကို ရေးလိုက်တာ တော်တော်လေးရှည်သွားတဲ့အတွက်တောင်းပန်ပါတယ်။ နောက် chapter တွေမှာ PHP အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ဝေဖန်အကြံပြုချင်လို့ပဲ ဖြစ်ဖြစ်….မေးမြန်းဖို့ပဲ ဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ waiphyoaung@ucsy.edu.mm ကို email ပေးပို့ပြီး ဝေဖြန် အကြံညဏ်ပေးပို့ နိုင်ပါတယ်။


Previous Chapter << PHP Introduction

Tuesday, January 28, 2014

Java Tutorial 10

Java Tutorial 10 (OOP)

Java ဟာ object-oriented programming(OOP) language တစ်ခုဖြစ်ပါတယ်။ OOP program တစ်ခုဟာ object တွေနဲ့ပါဝင်ဖွဲ့စီးထားပါတယ်၊ java program တွေတော်တော်များများဟာ object တွေအများကြီးနဲ့ စုပေါင်းတည်ဆောက်ထားတာပါ။ object တွေဟာသူတို့နဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်၊ အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ သူတို့အချင်းချင်း ပတ်သက်ဆက်နွယ်ပြီး လုပ်ဆောင်ကြတာဖြစ်ပါတယ်။ program အကြီးတွေတည်ဆောက်တဲ့ အခါမှာ အဲဒီ program ရဲ့အလုပ်ဟာ အင်မတန်ရှုပ်ထွေးပါတယ်၊ အဲဒီအခါ အလုပ်တွေကို အစိတ်အပိုင်းသေးသေးလေးတွေ အဖြစ်ခွဲထုက်လိုက်ရပါတယ်။ အဲဒီ အလုပ်အစိတ်အပိုင်းလေးတွေကို လုပ်ဆောင်နိုင်တဲ့ program အစိတ်အပိုင်းတွေတည်ဆောက်ပြီး၊ အဲဒီ program အစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်လိုချင်တဲ့ အလွန်ကြီးမားတဲ့ software ကြီးတစ်ခုကိုရရှိပါတယ်။

Object တွေမှာ အစိတ်အပိုင်းနှစ်ခုပါဝင်ပါတယ်၊ state (အင်္ဂါ)တွေနဲ့ behavior (အမူအကျင့် အလုပ်) ဆိုတဲ့ characteristics တွေပါဝင်ပါတယ်။ ဥပမာ လူဆိုပါတော့ လူမှာ ခေါင်းခါးခြေလက် အရပ် ကိုယ်အလေးချိန် စသည်ဖြင့် state တွေရှိသလို၊ အစာစားခြင်း သွားလာလှုပ်ရှားခြင်း စသည်ဖြင့် behavior တွေလည်းရှိပါတယ်။

 

Class

Class ဆိုတာ object ရဲ့တည်ဆောက်ပုံ ပုံကြမ်းပါပဲ၊ object တစ်ခုဟာ ဘယ်လိုမျိုး ဖွဲ့စည်းတည်ဆောက်ထားရမလဲဆိုတာကို class ကသတ်မှတ်ပေးပါတယ်။ ကိုယ်လိုချင်တဲ့ object တစ်ခုရအောင်လို့ class ထဲမှာပုံကြမ်းတည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ လောကကြီးကိုကြည့်လိုက်ပါ သဘောတရားတူညီသော အမျိုးအစားတူညီသော အရာဝတ္ထုတွေ သက်ရှိတွေ အများကြီးရှိပါတယ်။ ဥပမာအနေနဲ့ပြောရရင် laptop computer ဆိုပါတော့ အဲဒီ laptop computer တွေမှာ brand တွေအများကြီးကွဲပြားနေပါတယ်၊ lenovo, acer, toshiba, hp, dell စသည်ဖြင့်ပေါ့၊ ဒါပေမဲ့သူတို့တွေဟာ အမျိုးအစားနဲ့လုပ်ဆောင်ချက်တွေ ဆင်တူပါတယ်၊ ဆိုလိုတာက သူတို့အားလုံးမှာ memory ပါမယ် CPU ပါမယ် motherboard ပါမယ် harddisk ပါမယ် စသည်ဖြင့်ပေါ့။ အဲဒီလိုအမျိုးအစားတူတဲ့ အတွက်သူတို့ကို class တူတယ်လို့ပြောလို့ရပါတယ်။ ဒါဆိုရင် OOP ရဲ့သဘောတရားအရဆိုရင် Lenovo, acer, Toshiba တို့ဆိုတာ object တွေပါ၊ laptop computer ဆိုတာကတော့ class ပါပဲ၊ ဒီ Lenovo တို့ acer တို့ဟာ laptop computer ဆိုတဲ့အမျိုးအစားတူညီကြပါတယ်။ အဲဒီတော့ laptop computer ဆိုတဲ့ class တစ်ခုတည်ဆောက်ပြီးတော့ lenovo, acer, toshiba, hp, dell စသည် object တွေကိုလည်းဖန်တီးနိုင်ပါတယ်။

 

ဒါဆိုရင် ဘယ်မျိုး class တွေ object တွေတည်ဆောက်မလဲ။ software တစ်ခုရေးတော့မယ်ဆိုရင် အရင်ဆုံး ဘယ်အစိတ်အပိုင်းတွေ ဘယ်လိုလုပ်ဆောင်သလဲ ဆိုတာစဉ်းစားသတ်မှတ်ရပါမယ်၊ အဲဒီ software မှာပါဝင်မယ့် noun(နာမ်) တွေကိုရှာဖွေရပါမယ်၊ အဲဒီ noun တွေကို class အဖြစ်ဖန်တီးရပါမယ်။ software မှာပါဝင်တဲ့ verb(ကြိယာ) တွေကိုတော့ behavior အဖြစ်သတ်မှတ်ရပါမယ်။ ဥပမာဆိုပါတော့ ဈေးဝယ်တဲ့ software တစ်ခုမှာ ပစ္စည်းမှာမယ်ဆိုပါတော့၊ ဒါဆိုရင် item, order, customer address စသည်တို့ကို class တွေအဖြစ်သတ်မှတ်ရပါမယ်။ အော်ဒါမှာတဲ့ verb တွေဖြစ်တဲ့ addToCart(), cancelOrder(), deliverOrder() စသည်ဖြင့် behavior တွေသတ်မှတ်ပေးရပါမယ်။

 

Class ကိုစတင်အသုံးပြုခြင်း

Class တစ်ခုကိုအောက်ကနမူနာအတိုင်း ကြော်ငြာရပါတယ်။

class SampleClass {

 

}

 

တွန့်ကွင်းထဲမှာ အဲဒီ class ရဲ့ state(variable) နဲ့ behavior(function) တွေထည့်သွင်း ရေးသားပေးရပါမယ်။ variable ကို property လို့လည်းခေါ်လို့ရပါတယ်၊ function ကိုလည်း method လို့ခေါ်လို့ရပါတယ်။ class ထဲမှာ property တွေထည့်သွင်းကြော်ငြာမယ်ဆိုရင် variable ကြော်ငြာသလိုပါပဲ။

 

variable တွေကိုသုံးမျိုးခွဲခြားနိုင်ပါတယ်၊ class ရဲ့တွန့်ကွင်းထဲမှာ class ရဲ့အောက်တည့်တည့်မှာ တိုက်ရိုက်ပါဝင်တဲ့ variable ကို field လို့ခေါ်ပါတယ်။ method ထဲမှာပါတဲ့ သို့မဟုတ် class ရဲ့တွန့်ကွင်းမဟုတ်တဲ့ တခြားတွန့်ကွင်းထဲမှာ ပါတဲ့ variable ကိုတော့ local variable လို့ခေါ်ပါတယ်။ method ကြော်ငြာတဲ့အထဲမှာ ပါတဲ့ variable ကို parameter လို့ခေါ်ပါတယ်။ ဒါဆိုရင် class တစ်ခုကိုကြော်ငြာပြီး အဲဒီ class ရဲ့ field တွေကိုပါကြော်ငြာတဲ့ နမူနာတစ်ခု ရေးကြည့်ရအောင်လား။

 

class LaptopComputer {

public int memorySize;

private string CPU;

public int harddiskSize;

}

 

ဒီမှာတစ်ခုသတိထားမိတာရှိ ပါလိမ့်မယ်၊ private နဲ့ public ဆိုတဲ့စာကားလုံးတွေပါ။ အဲဒီစကားလုံးတွေကို access modifier လို့ခေါ်ပါတယ်၊ တခြား access modifier တွေလည်းရှိပါတယ် ဒါပေမဲ့ လောလောဆယ် ဒီနှစ်ခုကိုပဲမှတ်သားထားပါ ကျန်တာတွေနောက်မှပဲ ရှင်းပြပါမယ်၊ ဒါမှမဟုတ်ရင်လည်း မိမိဘာသာရှာဖွေလေ့လာကြည့်ပါ။ private လို့ကြော်ငြာထားတဲ့ field variable ကိုဒီ class ထဲကနေပဲအသုံးပြုလို့ရပါတယ် တခြားနေရာကနေ တခြား class တစ်ခုကနေ ယူသုံးလို့မရပါဘူး။ public လို့ကြော်ငြာထားရင်တော့ ဘယ်နေရာကနေ ဖြစ်ဖြစ်ယူသုံးလို့ရပါတယ်။

Member Function

Function ဆိုတာကုဒ်အစုအဝေး တစ်ခုပါ၊ သူကဒီအတိုင်းနေရင် အလုပ်မလုပ်ပါဘူး၊ သူ့ကိုအလုပ်လုပ်ဖို့ခေါ်(call)လိုက်မှ သူကလုပ်တာပါ။ class တစ်ခုကို run လိုက်ရင်အဲဒီ class ထဲက main ဆိုတဲ့ function ကို system ကအလိုအလျောက်ခေါ်ပါတယ်။ မိတ်ဆွေတို့ main function ကိုမြင်ဖူးပါတယ်။ function တစ်ခုကိုဘယ်လို ကြော်ငြာရလည်းဆိုတာ အောက်မှာကြည့်ပါ။

public int calculateMemorySize() {

 

}

public ဆိုတာက access modifier ပါသူ့အကြောင်းကို အပေါ်မှာရှင်းပြပြီးပါပြီ။ function တွေမှာလည်း access modifier က field variable ကလိုပါပဲ။ int ဆိုတာက return type လို့ခေါ်ကြပါတယ်။ function တစ်ခုကိုခေါ်ပြီးရင် အဲဒီ function ကအလုပ်လုပ်လို့ပြီးချိန်မှာ၊ သူတွက်ချက်ပြီးလို့ ရတဲ့တန်ဖိုးကို function ခေါ်တဲ့နေရာကိုပြန်ပေးပါတယ်။ return ပြန်တဲ့တန်ဖိုးက int အမျိုးအစားဆိုရင် int လို့ရေးရပြီး၊ string ဆိုရင် string လို့ရေးရတယ်။ ဘာတန်ဖိုးမှ return မပြန်ရင် void လို့ရေးရတယ်။ () လက်သည်းကွင်းရဲ့ရှေ့ကတော့ function ရဲ့နာမည်ပဲဖြစ်ပါတယ်။

 

လက်သည်းကွင်းထဲမှာ တန်ဖိုးတစ်ခုခု သို့မဟုတ် variable တစ်ခုခုထည့်ပေးလို့ရပါတယ်။ အဲဒီတန်ဖိုးက parameter လို့ခေါ်ပါတယ်။ function အလုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့တန်ဖိုးကို၊ အဲဒီ function ကိုခေါ်တဲ့အခါမှာ လက်ဆင့်ကမ်းပေးလိုက်ရပါတယ်။ ဒါကို parameter passing လို့ခေါ်ပါတယ်။

 

Function တစ်ခုကိုခေါ်မယ်ဆိုရင် အရင်ကြော်ငြာဖို့လိုအပ်ပါတယ်၊ ကြော်ငြာထားတဲ့ function ကိုပဲခေါ်လို့ရပါတယ်။ function ရဲ့နာမည်ကိုရေးခြင်းဖြင့် function ကိုခေါ်ဆိုနိုင်ပါတယ်။

 

public class Computer {

public int memorySize;

public int displayMemorySize() {

System.out.println(memorySize);

}

public static void main(String[] args) {

Computer lenovo = new Computer();

lenovo.memorySize = 4;

lenovo.displayMemorySize(); //function called

}

}

 

ဒီအပေါ်ကကုဒ်မှာ Computer lenovo = new Computer(); ဆိုတဲ့ကုဒ်ကို သတိထားမိပါလိမ့်မယ်။ အဲဒါက class တစ်ခုရဲ့ object တစ်ခုကိုကြော်ငြာတဲ့ကုဒ်ပါ။ ဒီကုဒ်မှာဆိုရင် lenovo ဆိုတာ object ဖြစ်ပြီးတော့၊ Computer ဆိုတာကအဲဒီ object ရဲ့အမျိုးအစား(type)ပါပဲ။ java မှာ object ဆိုတာ variable တစ်ခုပါပဲ၊ variable ကြော်ငြာသလိုမျိုး object ကိုကြော်ငြာရပါတယ်။ new Computer() ဆိုတဲ့ကုဒ်က Computer ဆိုတဲ့ class ကနေပြီး object တစ်ခုကိုဖန်တီးလိုက်တာပါ။

lenovo ဆိုတဲ့ object ရဲ့ member variable တွေ ဒါမှမဟုတ် member function တွေကို ယူသုံးချင်တယ်ဆိုရင်၊ အဲဒီ object ရဲ့နောက်ကနေ “.” dot ခံပြီး variable နှင့် function တွေကိုအသုံးပြုလို့ရပါတယ်။ ဒီလိုပေါ့ lenovo.memorySize; ဒါဆိုရင် lenovo ရဲ့ field ကိုအသုံးပြုတာပါ၊ Lenovo.displayMemorySize(); ဆိုရင်တော့၊ displayMemorySize() function ကိုခေါ်တာပါ။

method သို့မဟုတ် function တွေကိုခေါ်တဲ့နေရာမှာ parameter တွေထည့်ပေးနိုင်ပါတယ်၊ အဲဒီ parameter တွေက function အလုပ်လုပ်တဲ့ အထဲကိုရောက်သွားမှာပါ။ function လက်ခံနိုင်တဲ့ parameter အမျိုးအစားနှင့် အရေအတွက်ကိုသာ ပေးပို့နိုင်တာပါ။

Java class တစ်ခုမှာ နာမည်တူတဲ့ method တွေတစ်ခုထက် ပိုရှိခွင့်ရှိပါတယ်။ method တွေဟာနာမည်တူလို့ရပေမယ့် method signatures တော့တူလို့မရပါဘူး၊ ဆိုလိုတာက မတူညီတဲ့ parameter တွေရှိရပါမယ်။ ဒီလိုနာမည်တူ method တွေကို overloaded method လို့ခေါ်ပါတယ်။ overloaded method တွေကို system ကခွဲခြားစစ်ဆေးရာမှာ parameter တွေရဲ့ type နဲ့ အရေအတွက်ကို ကြည့်ပြီးခွဲခြားပါတယ်။

Previous : Java Tutorial 9

Next : Java Tutorial 11

Monday, January 27, 2014

Professional Web Development with PHP - PHP Introduction

PHP Introduction


PHP ဟာ server-side scripting language တစ်မျိုးဖြစ်ပါတယ်။ server-side language ဆိုတာက Web Server ပေါ်မှာ Run နိုင်တဲ့ language ကို ပြောတာဖြစ်ပါတယ်။ PHP ကို general-purpose programming language အနေနဲ့ အသုံးပြုနိုင်ပေမယ့် အဓိကအားဖြင့် Web Development လုပ်တဲ့နေရာမှာသာ အများဆုံးအသုံးပြုကြပါတယ်။ PHP language ကို Desktop application တွေရေးသားရာမှာ အသုံးပြုနိုင်ပေမယ့် web development အတွက်သာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် language ဖြစ်တဲ့ အတွက် Web Development လုပ်တဲ့နေရာမှာပဲ အသုံးပြုစေချင်ပါတယ်။


“PHP: Hypertext Preprocessor” ကို အစွဲပြုပြီး PHP ဆိုတဲ့ အမည်ကိုပေးထားတာ ဖြစ်ပါတယ်။ PHP ဟာ Open Source language တစ်မျိုးဖြစ်တဲ့အတွက် free အသုံးပြုနိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ဟာ platform dependent မဖြစ်တဲ့အတွက် Windows, Mac နဲ့ Linux operating system တွေပေါ်မှာ အဆင်ပြေပြေ run နိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ကို free အသုံးပြုနိုင်တဲ့ Apache web server ပေါ်မှာ အများဆုံး အသုံးပြုကြတာ ဖြစ်တဲ့အပြင် Microsoft ရဲ့ ပိုက်ဆံပေးပြီး ၀ယ်ရတဲ့ IIS Web Server ပေါ်မှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။


PHP ကို ကမ္ဘာပေါ်မှာရှိတဲ့ 244 million ထက်များတဲ့ website တွေမှာ အသုံးပြုနေကြတာဖြစ်တဲ့အပြင် 2.1 million ကျော်တဲ့ web servers တွေပေါ်မှာ run နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် TIOPE index community ရဲ့ တွဲချက်မှုအရ PHP ဟာ ကမ္ဘာပေါ်မှာရှိတဲ့ programming language တွေထဲမှာ popularity အဆင့် ၆ ရရှိထားတဲ့ language လည်း ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် PHP ကို ဘာကြောင့် လေ့လာသင့်သလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။


ဆက်လက်ပြီး PHP ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း လေးကိုလည်း ပြောပြချင်ပါသေးတယ်။ နောက် chapter မှသာ PHP run ဖို့ installation လုပ်ရတာတွေ ဘယ်လိုမျိုး run ရတယ်ဆိုတာတွေကို ဆက်လက်ရှင်းပြပေးပါ့မယ်။


History


PHP ကို ၁၉၉၅ ခုနှစ်မှာ Rasmus Lerdorf က စတင်တီထွင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ PHP Group က ဆက်လက်ပြီး ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Rasmus Lerdorf ဟာ သူရဲ့ personal homepage ကို maintain လုပ်ဖို့ ရည်ရွယ်ချက်နဲ့ Common Gateway Interface (CGI) Perl scriptes တွေကို ရေးသားခဲ့ပြီး PHP ကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူတီထွင်ခါစက သူ့ရဲ့ resume ကို ဖော်ပြဖို့နဲ့ သူ့ရဲ့ web traffic ကို record လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ performance ကောင်းဖို့အတွက် C language ကိုအသုံးပြုပြီး ရေးသားခဲ့တာဖြစ်တဲ့အပြင် web forms တွေကို databases နဲ့ communicate လုပ်နိုင်အောင် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ “Personal Home Page / Forms Interpreter” သို့မဟုတ် PHP/FI         ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။


Zeev Suraki နဲ့ Andi Gutmans တို့ နှစ်ယောက်ဟာ ၁၉၉၇ ခုနှစ်မှာ Lerdorf ရေးထားတဲ့ Personal Home Page Tools ကို parser အနေနဲ့ ပြန်လည် ရေးသားခဲ့ပါတယ်။  ဒါ့အပြင် language ရဲ့ နာမည်ကိုလည်း [PHP: Hypertext Preprocessor] PHP လို့ နာမည်ပြောင်းပေးခဲ့ပြီး PHP 3 ကို တရားဝင်အနေနဲ့ ၁၉၉၈ ခုနှစ်မှာ launch လုပ်ခဲ့ပါတယ်။ Suraski နဲ့ Gutmans တို့ နှစ်ယောက်ဟာ PHP ရဲ့ core ကို ပြန်လည် ရေးသားခဲ့ပြီး Zend Engine ကို 1999 ခုနှစ်မှာ release လုပ်နိုင်ခဲ့ပါတယ်။


ဒါကတော့ PHP ရဲ့ သမိုင်းကြောင်း အကျဉ်းလေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး PHP အကြောင်းကို itstudentpro.com website လေးမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ အသုံးတွင်ကျယ်နေတဲ့ language ဖြစ်နေသလို သူ့ရဲ့ framework တွေဟာလည်း လူသုံးများနေတဲ့အတွက် web development ကို လေ့လာနေတဲ့ IT သမားများအတွက် PHP ကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ version 5.5.7 ( stable release in December 12, 2013) အထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။


နောက် chapter မှာ PHP ကို run ဖို့ ဘာတွေ install လုပ်ရပြီး ဘယ်လို အသုံးပြုရမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


Next Chapter >> PHP Installation and Configuration

Sunday, January 26, 2014

Java Tutorial 9

Java Tutorial 9

Array ဆိုတာ data အစုအဝေးကြီးပါ၊ type(အမျိုးအစား) တူသော variable တွေကိုစုထားတဲ့ အစုအဝေးတစ်ခုပါပဲ။ အဲဒီလိုစုဝေးနေတော့ ကိုလိုချင်တဲ့ data တစ်ခုချင်းစီကို အစုအဝေးထဲက ဘယ်လိုဆွဲထုတ်မလဲလို့ မေးစရာရှိပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ ကိုယ်ပိုင်နံပါတ်ကလေးတွေ ရှိကြပါတယ်၊ လူတွေမှာနာမည်တွေရှိသလိုပေါ့။ အဲဒီ့ နံပါတ်တွေကိုခေါ်ပြီး သက်ဆိုင်ရာ data တွေကိုအသုံးပြုနိုင်ပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ index(နံပါတ်) တစ်ခုနှင့် value(တန်ဖိုး)တစ်ခုစီရှိကြပါတယ်။ array ဟာတကယ်တော့ memory ပေါ်မှာအခန်းတွေဖွဲ့ပြီး data တွေကိုသိမ်းထားတာပါ၊ အခန်းတစ်ခန်းချင်းစီမှာ ကိုယ်ပိုင်နံပါတ်နှင့် အခန်းထဲမှာသိမ်းထားတဲ့ တန်ဖိုးတစ်ခုစီရှိပါတယ်။ အောက်ကပုံလေးဟာ official java tutorial page ကနေယူထားတာပါ။

Array

 

Array ရဲ့အခန်းတွေကိုနံပါတ်မှတ်ရာမှာ ပထမဦးဆုံးအခန်းကို “0”(zero) လို့မှတ်ပါတယ်၊ ဒုတိယအခန်းကိုတော့ “1” မှတ်ပါတယ်။ Array တစ်ခုမှာ length ဆိုတာရှိပါတယ်။ array ရဲ့ length ဆိုတာကတော့ သူ့ထဲမှာပါဝင်တဲ့ data အရေအတွက်၊ တစ်နည်းပြောရရင် အခန်းအရေအတွက် ပါပဲ။ array ထဲမှာ အခန်း ၅ ခန်း သို့မဟုတ် data ၅ ခုပါတယ်ဆိုရင် သူ့ရဲ့ length က ၅ ဖြစ်ပါတယ်။ array ရဲ့ပထမဆုံးအခန်းကို “0” လို့ပေးထားတဲ့အတွက်၊ array length က ၅ ဖြစ်တယ်ဆိုရင် နောက်ဆုံးအခန်းရဲ့နံပါတ်က ၄ ဖြစ်ပါတယ်။ array တွေကိုကိုင်တွယ်တဲ့အခါ ဒီအချက်ကိုသတိထားသင့်ပါတယ်။ array ဆိုတာ type တူတဲ့ variable တွေကိုစုထားတာ ဖြစ်တဲ့အတွက် array type ကိုကြော်ငြာတဲ့အခါ ရှေ့ကပိုစ့်တွေမှာပြောထားတဲ့ variable type တွေကို array ရဲ့ type အဖြစ်သုံးနိုင်ပါတယ်၊ class တွေကိုလည်း array type အဖြစ်သုံးနိုင်ပါတယ်။ array ကြော်ငြာပုံကို နမူနာကြည့်ပါဦး။ int[] arr; ဒီလိုမျိုးကြော်ငြာရပါတယ်၊ array ရဲ့ length ကိုသတ်မှတ်တာက တော့ဒီလိုမျိုးပါ arr=new int[3]; ၊ array ထဲကို data ထည့်ပြီဆိုရင်ဒီလိုပါ arr[0] = 100; arr[1] = 200; arr[2] = 300; အောက်မှာနမူနာ program တစ်ပုဒ်ပေးထားပါတယ်။

“ArrayExample.java”

class ArrayExample {

public static void main(String[] args) {

int[] anArray;              // declares an array of integers

 

anArray = new int[10];      // allocates memory for 10 integers

anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.

anArray[3] = 400;

anArray[4] = 500;

anArray[5] = 600;

anArray[6] = 700;

anArray[7] = 800;

anArray[8] = 900;

anArray[9] = 1000;

 

System.out.println("Element at index 0: " + anArray[0]);

System.out.println("Element at index 1: " + anArray[1]);

System.out.println("Element at index 2: " + anArray[2]);

System.out.println("Element at index 3: " + anArray[3]);

System.out.println("Element at index 4: " + anArray[4]);

System.out.println("Element at index 5: " + anArray[5]);

System.out.println("Element at index 6: " + anArray[6]);

System.out.println("Element at index 7: " + anArray[7]);

System.out.println("Element at index 8: " + anArray[8]);

System.out.println("Element at index 9: " + anArray[9]);

}

}

 

ဒီမှာတခြားသော array ကြော်ငြာနည်းတွေပြထားပါတယ်၊ လေ့လာလိုက်ပါဦး။
byte[] anArrayOfBytes;

short[] anArrayOfShorts;

long[] anArrayOfLongs;

float[] anArrayOfFloats;

double[] anArrayOfDoubles;

boolean[] anArrayOfBooleans;

char[] anArrayOfChars;

String[] anArrayOfStrings;

 

ကြော်ငြာခြင်း၊ တန်ဖိုးထည့်ခြင်း နှင့် အသုံးပြုခြင်း

String[] strArray; ဒါဟာ array ကြော်ငြာတာပါ။

String strArray[]; ဒီလိုကြော်ငြာလို့လည်းရပါတယ်။

String[] strArray = new String[10]; ဒါကလည်းကြော်ငြာတာပါပဲ၊ သူကအခန်းအရေအတွက်ကို ပါ

တစ်ခါတည်းကြော်ငြာသွားပါတယ်။

ကြော်ငြာပြီးရင် တန်ဖိုးထည့်ရပါတယ်။
anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.


ဒီလိုမျိုး array ကိုဖန်တီးပြီး တန်ဖိုးထည့်တာကို တစ်ခါတည်းပေါင်းရေးလို့ရပါတယ်။

int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


ဒီလိုလည်းရပါသေးတယ်၊ ကိုယ်နှစ်သက်သလိုအသုံးပြုနိုင်ပါတယ်။

int[] intArray = new int[] {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


array တစ်ခုနှင့်တစ်ခု ကော်ပီကူးရင်တော့ဒီလိုပါ။

ArrayOne = ArrayTwo;


ဒါပေမဲ့ အဲဒီလိုကော်ပီကူးရင် အဲဒီ array နှစ်ခုဟာချိတ်ဆက်သွားပါတယ်။ ဆိုလိုတာက array တစ်ခုရဲ့အခန်းထဲက တန်ဖိုးတစ်ခုပြောင်းတဲ့အခါ၊ အဲဒီ array နဲ့ချိတ်ဆက်ထားတဲ့ array ရဲ့အလားတူအခန်းထဲက တန်ဖိုးဟာလည်း ပြောင်းလည်းသွားရပါတယ်။

နမူနာလေးကိုကြည့်ပါဦး။

int[] ArrayOne = {100,200,300};

int[] ArrayTwo = ArrayOne;

ArrayTwo[1] = 500;

ဒီကုဒ်လေးရဲ့ အဆုံးမှာ ArrayOne နှင့် ArrayTwo တို့ရဲ့တန်ဖိုးတွေဟာ ဒီလိုမျိုးပါ {100,500,300};

ပြင်လိုက်တာက ArrayTwo ရဲ့ အခန်း ၂ ကိုပါ၊ ချိတ်ဆက်ထားတဲ့အတွက် ArrayOne ရဲ့အခန်း ၂ ပါပြောင်းလဲသွားပါတယ်။


တကယ်လို့ array တွေကိုချိတ်ဆက်မှုမရှိပဲ ကူးချင်တယ်ဆိုရင် Arrays.copyOf(firstArray, firstArray.length); အဲဒီလိုရေးရမှာပါ။ နမူနာကိုကြည့်ပါ။

int[] ArrayTwo = Arrays.copyOf(ArrayOne, ArrayOne.length);


Loop နှင့် array

ArrayExample.java ဆိုတဲ့နမူနာကိုကြည့်ပြီး ထူးခြားတာတစ်ခုတွေ့ပါလိမ့်မယ်၊ သဘောတရားတူတဲ့ ကုဒ်တွေကို ထပ်ကာထပ်ကာရေးထားပါတယ်၊ ဒါဆိုရင် loop ကိုသုံးမယ်ဆိုရင် ကုဒ်တွေကို ထပ်ကာထပ်ကာရေးစရာမလိုတော့ပါဘူး။ array တွေအတွက်သီးသန့် စပယ်ရှယ် loop တစ်မျိုးရှိပါတယ်၊ အဲဒါကတော့ “for each” loop လို့ခေါ်ပါတယ်။ ဒီလိုရေးရပါတယ် for( variable : collection ) { } လို့ပေါ့။ for each ရဲ့သဘောက ဒီ array သို့မဟုတ် collection ထဲက data တွေကိုတစ်လှည့်စီ loop ပတ်မယ်ဆိုတဲ့သဘောပါ။ collection အကြောင်းကိုတော့ နောက်မှရှင်းပြတော့မယ်၊ array ဆိုတာလည်း collection တစ်မျိုးပါပဲ။ ဒီ for each ထဲက collection ဆိုတဲ့နေရာမှာ ကိုယ် loop ပတ်ချင်တဲ့ array ဒါမှမဟုတ် collection ကိုထည့်ရပါမယ်။ variable ဆိုတဲ့နေရာမှာတော့ loop ပတ်တဲ့အခေါက်တိုင်းမှာ collection ထဲက data တစ်ခုချင်းစီကို ကိုယ်စားပြုမယ့် variable ကိုထည့်ရပါမယ်။ ဒီ variable ရဲ့ type က array ရဲ့ type နဲ့တူရပါမယ်။ အောက်ကနမူနာကို လေ့လာကြည့်ပါဦး သူ့ရဲ့အဖြေက ArrayExample.java ရဲ့အဖြေနဲ့အတူတူပါပဲ။

“ShrinkOfArrayExample.java”

class ShrinkOfArrayExample {

public static void main(String[] args) {
int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};

for (int i : intArray) {

System.out.println(i);

}

}

}

 

Command Line Parameters

မိတ်ဆွေတို့ သတိထားမိကြမှာပါ String[] args ဆိုတဲ့စာသားကို ခဏခဏမြင်ဖူးမှာပါ။ String[] args ဆိုတာ array ပါပဲဆိုတာပြောစရာမလိုတော့ပါဘူး၊ ဒါပေမဲ့ ပြောစရာတော့ရှိပါတယ်။ main ဆိုတဲ့ method ထဲကကုဒ်တွေ run တဲ့အချိန်မှာ၊ အဲဒီ args ဆိုတဲ့ array ကိုယူသုံး(access)ခွင့်ရှိပါတယ်။ ဒါဆိုမေးစရာရှိတာက အဲဒီ array ကဘယ်ကနေဘယ်လိုရောက်တာလဲ။ command line ကနေ java ဆိုတဲ့ command ကိုရိုက်ပြီး၊ java class ဖိုင်ကို run လိုက်တဲ့အချိန်မှာ၊ အဲဒီ command ရဲ့အနောက်ကနေ စာသားတစ်ခုခု ထည့်ပေးလိုက်လို့ရပါတယ်။ အဲဒီစာသားက args ရဲ့တန်ဖိုးအနေနဲ့ args ရဲ့အခန်းထဲကိုရောက်သွားမှာပါ။ ဒီလို command ကို java ExampleClass aaaa bbbb cccc စမ်းကြည့်လိုက် ရင် args{“aaaa”, “bbbb”, “cccc”} ဆိုပြီးတော့ args ရဲ့အခန်းတွေထဲကို string အနေနဲ့ဝင်သွားမှာပါ။ နမူနာလေးကိုကြည့်လိုက်ပါဦး။ နောက်နေဒီလိုမျိုး run နော်၊ java Message hello ဒါမှမဟုတ် java Message hey hi how အဲဒီလိုမျိုး ပုံစံအမျိုးမျိုး run ကြည့်ပါ။

“Message.java”

public class Message {

public static void main(String[] args) {

for (int i = 1; i < args.length; i++) {

System.out.println( args[i] );

}

}

}

Previous ; Java Tutorial 8

Next : Java Tutorial 10

Wednesday, January 22, 2014

Samsung Tech Institute mobile app training

Samsung Tech Institute Mobile App Training


Samsung Tech Institute Mobile App Training သင်တန်းကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဒီနေ့  22, January, 2014 ကနေပြီး March 21 2014 ခုနှစ်အထိ သင်တန်းပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်မယ့် ကျောင်းသူ၊သားများ အနေဖြင့် ကျောင်းကို အမြန်ဆက်သွယ်ပေးကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်

ဝေဖြိုးအောင် [ itstudentpro ]

 

Tuesday, January 21, 2014

Java Tutorial 8

Java Tutorial 8(String)

Java မှာ “string” ဆိုတဲ့ variable type တစ်မျိုးရှိပါတယ်၊ သူ့ကတကယ်တော့ java library ရဲ့ class တစ်ခုပါပဲ။ character sequence (စကားလုံးအစဉ်တန်း) သို့မဟုတ် စာသား ကိုသိမ်းတဲ့နေရာမှာ string ကိုသုံးပါတယ်။ String ကိုဒီလို String message = “Have a nice day”; အသုံးပြုရပါတယ်။ string variable ရဲ့တန်ဖိုးကို “ ” အတွင်းထည့်ပေးရပါတယ်။ ဒီ string variable ရဲ့တန်ဖိုးကို System.out.print() နဲ့ထုက်ကြည့်မယ်ဆိုရင် စာသားတွေထွက်လာမှာပါ။ String ဟာ java library ရဲ့ class တစ်ခုဖြစ်တာကြောင့် new နဲ့ကြော်ငြာလို့ရပါတယ်၊ ဒီလိုပါ String message = new String(“Have a nice day”); အဲဒီလိုကြော်ငြာလို့လည်းရပါတယ်။

ဒီ java class ဖြစ်တဲ့ string မှာ function (method) တွေ member variable တွေအများကြီးရှိပါတယ်၊ member function နှင့် member variable အကြောင်းကိုတော့နောက်မှ အသေးစိတ်ရှင်းပြပါမယ်။ လောလောဆယ်သိထားရမှာက string ရဲ့ ဘယ် function တွေကိုသုံးရင်ဘာတွေဖြစ်တယ် ဘာတွေလုပ်တယ်ဆိုတာပါပဲ။ string ရဲ့အရှည် တစ်နည်းပြောရရင် string ထဲမှာပါတဲ့ စကားလုံးအရေအတွက်၊ အဲဒါကိုသိချင်ရင် .length() လို့ရေးရပါမယ်၊ နမူနာကိုကြည့်ပါ။

String message = “have a nice day”;

int len = message.length();

System.out.println(len);

 

ဒီနမူနာကုဒ်ကို run ကြည့်ရင်အဖြေ 15 လို့ထွက်ပါလိမ့်မယ်၊ သူက “have a nice day” ဆိုတဲ့စာသားကိုရေတွက်လိုက်တာပါ၊ space တွေကိုပါထည့်သွင်းရေတွက်ပါတယ်။ တကယ်လို့ “I like java” ဆိုတဲ့စာသားကိုရေတွက်မယ်ဆိုရင် 11 ဆိုတဲ့အဖြေထွက်လိမ့်မယ်။ အောက်မှာနောက်ထပ် နမူနာ program တစ်ပုဒ်ထက်ပေးထားပါတယ်။

“StringSample.java”

public class StringSample {

public static void main(String[] args) {

String str1 = “this is string”;

System.out.println(str1.length());

String str2 = “I like java”;

System.out.println(str2.length());

}

}

String နှစ်ခုကိုပေါင်းစပ်လို့ရပါတယ်၊ str1.concat(str2); လို့ရေးရပါတယ်။ + ကိုသုံးလည်းရပါတယ်၊ str1 + str2; အဲလိုရေးရမှာပါ။ နမူနာကုဒ်ကိုစမ်းကြည့်ပါ။

String str1 = “Hello ”;

String str2 = “World”;

String str3 = str1.concat(str2);

System.out.println(str1);

System.out.println(str2);

System.out.println(str3);

System.out.println(str1+str2);

String ကနေတခြား variable တွေဖြစ်တဲ့ Byte, Integer, Double, Float, Long နှင့် Short တို့ကိုပြောင်းချင်ရင်၊ ပြောင်းချင်တဲ့ variable type နောက်ကနေ .parse….(var) လို့ရေး လက်သည်းကွင်းထဲမှာ ပြောင်းချင်တဲ့ variable ကိုထည့်ပေးရပါတယ်။

String str = “11”;

int a = Integer.parseInteger(str);

float b = Float.parseFloat(str);

 

Number တွေကနေ String ကိုပြောင်းချင်ရင် String.valueOf(var) လို့ တွန့်ကွင်းထဲမှာ variable ကိုထည့်ရေးရပါတယ်။

int a = 11;

String str = String.valueOf(a);

ဒီလိုလည်းရေးလို့ရသေးတယ်။

long b = 11;

String strb = Long.toString(b);

 

String နှစ်ခုကိုနှိုင်းယှဉ်တဲ့အခါ “==” ဆိုတဲ့ operator ကိုမသုံးရပါဘူး၊ ဒီလို str1.equals(str2); မျိုးရေးရပါမယ်။

String str = “Hello”;

if(str.equals(“Hello”)){

 

} else if(“Hello”.equals(str)) {

 

}

တကယ်လို့ ကိုယ်နှိုင်းယှဉ်တဲ့ string နှစ်ခုမှာ စာလုံးအကြီးအသေးကို ထည့်သွင်းပြီးမနှိုင်းယှဉ်ချင်ရင် ဒီလို str1.equalsIgnoreCase(str2); ရေးရပါမယ်။

String ထဲမှာပါဝင်တဲ့ စကားလုံးတွေဟာ ကိုယ်ပိုင် “တည်နေရာ”(position) ရှိကြပါတယ်။ ဒီ string ကိုကြည့်ပါ “Hello” ဒီမှာ “H” ဆိုတဲ့စကားလုံးဟာ position 0 (position zero) နေရာမှာရှိပါတယ်၊ “o” စကားလုံးဟာ ၄ နေရာမှာ(position 4) ရှိပါတယ်။ charAt(2) ဆိုတာ position 2 မှာရှိတဲ့စကားလုံးကို ဆွဲထုတ်လိုက်တာပါ။

String str = “Tell me something”;

char a = str.charAt(3);

System.out.println(a);  //output is “l”

System.out.println(str.charAt(5));  //output is “m”

 

String Builder

String အပိုင်းအစတွေကို ခဏခဏပေါင်းစပ်နေမယ်ဆိုရင် အချိန်ကြာပါတယ်၊ ဒီနေရာမှာ string builder ဆိုတဲ့ class ကိုသုံးသင့်ပါတယ်။ string builder နဲ့ဆိုရင် string ကို ပေါင်းစပ်လို့ရတယ်၊ string ထဲကအစိတ်အပိုင်းတစ်ခုကို ဖျက်လိုက်လို့ရတယ်၊ အစားထိုးလို့ရတယ်၊ string ကိုပြောင်းပြန်လှန်လို့ရတယ်၊ string ထဲကကိုယ်ကြိုက်တဲ့နေရာမှာရှိတဲ့ character (စကားလုံးကို) ဆွဲထုတ်လို့ရတယ်။ append() ဆိုတာ string ကိုနောက်ကနေပေါင်းထည့်တာပါ။

char ch = “H”;

String str = “ello”;

StringBuilder builder = new StringBuilder();

builder.append(ch); // appends a single character

builder.append(str); // appends a string

String completedString = builder.toString();

System.out.println(completedString);

 

reverse() ဆိုတာ string ကိုပြောင်းပြန်လှန်တာပါ။ နောက်ထပ်နမူနာ တစ်ခုပါ။

public class StringBuilderDemo {

public static void main(String[] args) {

String palindrome = "Dot saw I was Tod";

StringBuilder sb = new StringBuilder(palindrome);

sb.reverse();  // reverse it

System.out.println(sb);

}

}

 

StringBuilder အကြောင်းကို documention ဖတ်ပြီးမိမိဘာသာဆက်လက် လေ့လာကြည့်ပါ။

Previous : Java Tutorial 7

Next : Java Tutorial 9

breaking news for master thesis 20th batch of ucsy

Tomorrow, 22/01/2014, Android mobile application training will start.
So all the students who have sent the application form, need to come to UCSY mobile lab on 22/01/2014 , not later than8:30 am , and contact with Daw Sabai Phyu from software department for details information.

credit : Email from Teacher Khin Nwe Ni Tun

Monday, January 20, 2014

Java Tutorial 7

Java Tutorial 7(Control Flow and Condition) part 2

If statement အကြောင်းပြောပြီးတဲ့နောက် switch statement အကြောင်းဆက်ပြောပါမယ်။ switch ဟာ if နှင့်နည်းနည်းဆင်ပါတယ်၊ “if…else if…else if” နှင့်သဘောတရားခြင်း ဆင်ပါတယ်။ အောက်ကနမူနာကို ရှင်းပြပါမယ်။

“SwitchSample.java”

public class SwitchSample {

public static void main(String[] args) {

 

int month = 8;

switch (month) {

case 1:  System.out.println("January");       break;

case 2:  System.out.println("February");      break;

case 3:  System.out.println("March");         break;

case 4:  System.out.println("April");         break;

case 5:  System.out.println("May");           break;

case 6:  System.out.println("June");          break;

case 7:  System.out.println("July");          break;

case 8:  System.out.println("August");        break;

case 9:  System.out.println("September");     break;

case 10: System.out.println("October");       break;

case 11: System.out.println("November");      break;

case 12: System.out.println("December");      break;

default: System.out.println("Invalid month"); break;

}

System.out.println(monthString);

}

}

 

ဒီစာသားကိုကြည့်ပါ “switch(month)” ၊ အဓိပ္ပါယ်ကတော့ month ရဲ့တန်ဖိုးကိုစစ်ဆေးတာပါ။ “case 1:” ဆိုတဲ့စာသားကတော့ month ရဲ့တန်ဖိုး ၁ ဖြစ်ခဲ့ရင် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ month ရဲ့တန်ဖိုးကိုစစ်ဆေးပြီး 1 ဖြစ်ရင် “case 1:” ရဲ့အနောက်ကကုဒ်တွေ run ပါမယ်၊ break ထိရောက်အောင် run မှာပါ။ တကယ်လို့တန်ဖိုးက 2 တို့ 3 တို့ဖြစ်မယ်ဆိုရင် “case 2:” တို့ “case 3:” တို့ စသည်ဖြင့် သက်ဆိုင်ရာ case နောက်ကကုဒ်ကို run မှာပါ။ ဘယ် case နဲ့မှမညီဘူးဆိုရင် default နောက်ကကုဒ်ကို run မှာပါ၊ default ကိုမထည့်လည်းရပါတယ်။ default မထည့်ရင်တော့၊ ဘယ် case နဲ့မှမညီတဲ့အခါ ဘာအလုပ်မှ လုပ်မှာမဟုတ်ပါဘူး။

If နှင့် switch ဟာနည်းနည်းဆင်တယ်ဆိုတော့ ဘယ်နေရာမှာ ဘယ်ဟာကိုသုံးရမလဲဆိုတာ မိမိဘာသာစဉ်းစားဆုံးဖြတ်ရမှာပါ။ if ကတော့တန်ဖိုးအမျိုးမျိုး expression အမျိုးမျိုးကို စစ်ဆေးနိုင်ပေမဲ့၊ switch ကတော့တန်ဖိုးတစ်ခုတည်း(single value) ကိုပဲစစ်ဆေးနိုင်ပါတယ်။ switch မှာဆန်းပြားတဲ့ အချက်တချက်ရှိပါတယ်၊ break; ဆိုတဲ့ကုဒ်ပါ။ case တစ်ခုကိုအလုပ်လုပ်ပြီးချိန် break; ကိုရောက်တဲ့အခါ အောက်က case တွေကိုဆက်မလုပ်ပဲနဲ့ switch ရဲ့အပြင်ကိုထွက်သွားပါတယ်။ break; ကိုထည့်မရေးလည်းရပါတယ်၊ ထည့်မရေးရင် အောက်ကကုဒ်တွေကို ဆက်လုပ်ပါတယ်၊ break; ဆိုတာ ရှေ့ဆက်မသွားနဲ့ရပ်လိုက်တော့ လို့အဓိပ္ပါယ်ရပါတယ်။ အပေါ်ကနမူနာ program ကို break; ဆိုတဲ့ကုဒ်တွေ ဖြုတ်ပြီး run ကြည့်ပါ။

 

While and Do-While Loops

While ဆိုတာ condition မှန်သရွေ့ အလုပ်ကိုဆက်လုပ်နေမှာပါ၊ အခြေအနေမှန်နေသမျှ ကာလပတ်လုံး တွန့်ကွင်းထဲကကုဒ်တွေ ထပ်ကာထပ်ကာဆက်တိုက် run နေမှာပါ။ သူ့ရဲ့ structure ကဒီလိုပါ၊ “while(condition) { //statements; }” ဒီပုံစံနဲ့ရေးရပါမယ်။ while ကိုသုံးရင်သတိထားရပါမယ်၊ ဘာကြောင့်လဲဆိုတော့ condition မှန်နေရင် အဆက်မပျက် run နေမှာဖြစ်တဲ့အတွက် ဘယ်တော့မှမရပ်ပဲ run နေတာမျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် တစ်ချိန်ချိန်မှာ condition မှားသွားတာမျိုးဖြစ်အောင် ရေးထားသင့်ပါတယ်။ အောက်ကနမူနာကို run ကြည့်ပါဦး။

“WhileSample.java”
class WhileSample {

     public static void main(String[] args){

          int count = 1;

          while (count < 11) {  //when condition is true

              //this block is running

               System.out.println("Count is: " + count);

               count++;

          }

     }

}


ဒီနမူနာမှာ “while(count < 11)” ဆိုတာ၊ count တန်ဖိုးဟာ 11 အောက်ငယ်နေသရွေ့ တွန့်ကွင်းထဲကကုဒ်တွေကို run မှာပါ။ တွန့်ကွင်းထဲမှာ count ကို ၁ တိုးတဲ့ကုဒ်ပါဝင်ပါတယ်၊ ဒါမှ count ရဲ့တန်ဖိုးဟာ တစ်ချိန်မှာ 11 နှင့်ညီပြီး သို့မဟုတ် 11 ထက်ကြီးပြီး condition ဟာမှားသွားပါလိမ့်မယ်၊ အဲဒီအချိန်မှာ while ဟာရပ်တန့်သွားမှာပါ။

Do-while ဆိုတဲ့ statement တစ်မျိုးလည်းရှိပါသေးတယ်။ သူက while နဲ့ဆင်တူပါတယ်၊ ဒါပေမဲ့ကွာခြားချက်ရှိပါတယ်။ while ရဲ့ flow ကဒီလိုရှိပါတယ်၊ while ကအမြဲတမ်း condition ကိုအရင်စစ်ဆေးပါတယ်၊ ပြီးမှ condition မှန်မှအလုပ်ဆက်လုပ်ပါတယ်။ do-while မှာက condition စစ်တဲ့ကုဒ်ဟာ တွန့်ကွင်းရဲ့အောက်မှာရှိပါတယ်၊ ဒီတော့ condition မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ပထမဦးဆုံးတစ်ခေါက်တော့ သူက run ပါတယ်။ သူ့ကိုဒီလို “do { statement; } while(condition);” ရေးရပါတယ်။ while နှင့် do-while ကိုနှိုင်းယှဉ်ပြထားတဲ့ အောက်ကနမူနာကို စမ်းကြည့်ပါ။

“WhileNDo.java”
class WhileNDo {

     public static void main(String[] args){

          int count = 1;

          while (count > 2) {

            System.out.println(“while”);

          }

          do {

             System.out.println(“do while”);

          } while(count > 2);

     }

}

 

For Loop
While တို့ Do-while တို့ဆိုတာ condition မှန်နေသရွေ့ run မှာပါ၊ ဘယ်နှစ်ကြိမ် loop ပတ်မလဲဆိုတာ အရေအတွက် အတိအကျ မသိရပါဘူး။ ဒါပေမဲ့ for ကတော့ အကြိမ်အရေအတွက် အတိအကျရှိပါတယ်။ “for(initialization; termination; increment) { statement; }” ဆိုတဲ့ပုံစံအတိုင်းရေးရပါတယ်။ “initialization” ဆိုတဲ့အပိုင်းက စမှတ်ကိုပြောတာပါ၊ “termination” ဆိုတာဆုံးမှတ်ပါ၊ “increment” ဆိုတာတန်ဖိုးကိုတိုးတဲ့အပိုင်းပါ။

“ForSample.java”

class ForSample {

     public static void main(String[] args){

          for(int i=1; i<11; i++){

               System.out.println("Count is: " + i);

          }

          for(i=1; i<5; i++){

               System.out.println("Now count is lower than five”);

          }

     }

}


ဒီနမူနာမှာ for ရဲ့ပထမပိုင်းမှာ variable တစ်ခုကြော်ငြာပြီး ထည့်ရပါမယ်၊ ကြော်ငြာပြီးသား variable ကိုထည့်လည်းရပါတယ်၊ သူက loop ရဲ့စမှတ်ပါပဲ။ for ရဲ့အလယ်ပိုင်းက condition ပါ၊ ဒီ condition မှန်သရွေ့ loop ပတ်နေမှာပါ၊ သူကို loop ရဲ့ဆုံးမှတ်လို့ ပြောလို့ရပါတယ်။ for ရဲ့နောက်ဆုံးပိုင်းကတော့ variable ကိုတန်ဖိုးပြောင်းတဲ့ အပိုင်းပါ၊ for ရဲ့စမှတ်ဖြစ်တဲ့ variable ကိုဆုံးမှတ်ရောက်အောင် တန်ဖိုးပြောင်းပေးတဲ့ အပိုင်းပါ။ ဒီကုဒ် “for(i=1; i<5; i++)” မှာ i ဟာ 1 ကနေစပါတယ်၊ “i<5” ဆိုတဲ့ condition မှန်နေသရွေ့ ဒီ loop ကိုပတ်ပါမယ်၊ “i++” ဆိုတာ loop တစ်ခါပတ်ပြီးတိုင်း i ကို 1 တိုးပါတယ်။


Branching Statements

ဒီ while တို့ for တို့ဆိုတဲ့ loop တွေကိုသုံးတဲ့အခါ၊ ဒီ loop တွေအလုပ်လုပ်နေချိန်မှာ run နေတာကိုရုတ်တရက် ရပ်တန့်စေချင်ရင် break ဆိုတဲ့ကုဒ်ကိုသုံးရပါမယ်။ “break;” လို့ရေးလိုက်ရင် loop ဟာဆက်မ run တော့ပဲရပ်တန့်သွားပါတယ်။ “continue” ဆိုတဲ့ကုဒ်ကတော့ loop ကိုဆက် run ခိုင်းတာပါပဲ။

Previous : Java Tutorial 6
Next : Java Tutorial 8

Microsoft fixes Surface Pro 2 problems [ battery problem and sleep problem ]

Microsoft ဟာ သူရဲ့ surface pro 2 ရဲ့ problems အချို့ကို fix လုပ်ပေးလိုက်ပါပြီလို့ ကြေငြာခဲ့ပါတယ်။ အခုဆိုရင် battery life နဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ problems တွေနဲ့ မလိုအပ်ဘဲ wake up ဖြစ်နေတဲ့ problem တွေကို ဖြေရှင်းပြီးပါပြီ လို့ Microsoft က ကြေငြာခဲ့ပါတယ်။ ဒီ problems တွေကို December Windows Update ကို ပြုလုပ်ထားတဲ့ Surface Pro 2 owner တွေဟာ အဓိက ခံစားနေရတာ ဖြစ်ပါတယ်။ Microsoft ဟာ နောက်ထပ် software တွေမှာလည်း problems တွေကို အတက်နိုင်ဆုံး ဖြေရှင်းပေးသွားပါ့မယ်လို့ ကြေငြာထားတာကိုလည်း တွေ့ရပါတယ်။

Microsoft က ဘယ်လို ကြေငြာထားတယ်ဆိုတာကို အောက်မှ ဖော်ပြပေးလိုက်ပါတယ်။

This weekend we released an update that addresses the unexpected wake and battery drain behavior experienced by a small number of Surface Pro 2 customers who installed the December Windows Update. This should have no impact on users already running the October Windows Update. We're working hard to address the remaining Surface Pro 2 items from the December Windows Update.


credit: Engadget


Samsung Galaxy S5 ရဲ့ tile-based home screen အသစ်

Samsung ဟာ Galaxy S5 ကို ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချဖွယ်ရာ ရှိနေပါတယ်။ နောက်ထပ်ထွက်ရှိလာမည့် Galaxy S5 ရဲ့ Home screen ဟာ အရင်က ထုတ်ခဲ့တဲ့ Galaxy s4 နဲ့ ကွာခြားနိုင်ပြီး Google ရဲ့ Google Now လို notifications ပုံစံနဲ့ Microsoft ရဲ့ Modern/Metro UI ပုံစံတို့လိုမျိုး ပုံစံနဲ့ ပွဲထုတ်လာနိုင်ဖွယ်ရာရှိပါတယ်။ ဒီ Home Screen ကိုတော့ TouchWiz home screen လို့ နာမည်ပေးထားပါတယ်။ ကျွန်တော် အခု ဒီ article နဲ့ ဖော်ပြလိုက်တဲ့ ပုံဟာလည်း Samsung ရဲ့ real test လုပ်ထားတဲ့ပုံလည်း ဖြစ်နိုင်သလို ကောလဟာလလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ အောင်မြင်နေတဲ့ Galaxy serices ဖုန်းတွေဟာ ဘယ်လိုအသစ်အဆန်းတွေနဲ့ ထပ်မံထွက်ပေါ်လာမယ် ဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ Galaxy S5 အသစ်ထွက်ရှိလာတဲ့အခါမှာ ဘယ်လို Hardware တွေကို အသုံးပြုထားတယ် ဘယ်လို features တွေ ပါဝင်လာတယ်ဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။


လေးစားစွာဖြင့်


Wai Phyo Aung [ itstudentpro ]


credit: engadget

Sunday, January 19, 2014

Java Tutorial 6

Java Tutorial 6(Control Flow and Condition) part 1

တွက်ချက်မှုတွေလုပ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်လိုတွက်ချက်မှုတွေလုပ်မယ် ဘယ်အခြေအနေမှာ ဘာအလုပ်တွေလုပ်မယ်ဆိုတာ ကိုထိန်းကွပ်တဲ့နည်းလမ်းရှိပါတယ်။ control flow statement တွေကိုသုံးပြီးတော့ ထိန်းကွပ်ရမှာပါ၊ control flow statement အကြောင်းရှင်းပြပါမယ်။ program တစ်ခုမှာ ကိုယ်ရေးတဲ့ကုဒ်တွေဟာ အစဉ်အတိုင်းအလုပ်လုပ်ပါတယ်၊ တခါတရံမှာ(အခြေအနေတခုမှာ) တချို့ကုဒ်တွေကို ကျော်ပြီးတော့ပဲဖြစ်ဖြစ် ထပ်ခါထပ်ခါပဲဖြစ်ဖြစ် run စေချင်တယ်ဆိုရင် control flow statement တွေကိုသုံးပါမယ်။ ထပ်ရှင်းပြပါမယ်၊ ကုဒ်တွေဟာသူ့ flow နှင့်သူအစဉ်အတိုင်း run နေတာပါ ၊ကုဒ်တွေကိုကျော် run တာတို့ ထပ်ကာထပ်ကာ run တာတို့ဆိုတာ flow ကိုထိမ်းချူပ်ပြောင်းလဲလိုက်တာပါပဲ။ ဒါဆိုဘယ်အချိန်မှာ ပြောင်းလဲရမလဲ၊ ကိုယ်ဖြစ်စေချင်တဲ့ အခြေအနေ အချိန်အခါမှာ control flow statement တွေကိုအသုံးပြုပြီးပြောင်းလဲရပါမယ်။ ဥပမာပြရင်ပိုရှင်းသွားပါလိမ့်မယ်။

ဆိုပါတော့ စာမေးပွဲတစ်ခုရဲ့ အမှတ်စာရင်းတွေကို manage လုပ်တဲ့ program တစ်ခုမှာပေါ့၊ အောင်တဲ့လူတွေရဲ့စာရင်းကို သိမ်းထားချင်တယ်ဆိုပါတော့၊ ကျောင်းသားတိုင်းကို အောင်စာရင်းထဲထည့်လို့မရဘူး အောင်တဲ့ကျောင်းသားကိုပဲထည့်ရမယ်။ဒါဆိုကျောင်းသား (Student class) စာမေးပွဲအောင်တဲ့အခြေအနေမှာ(pass ဖြစ်တဲ့အချိန်၊ pass variable က true ဖြစ်တဲ့ချိန်) ဒီကျောင်းသားကိုအောင်စာရင်းထဲထည့်မယ်။ အောက်က program ကိုလေ့လာကြည့်ပါ။

“Student.java”

public class Student {

public static void main(String[] args) {

boolean pass = true;

if(pass == true) //ဒါကစာမေးပွဲအောင်လားဆိုတဲ့ အခြေအနေကိုစစ်တာပါ

{

//ဒီနေရာမှာ စာမေးပွဲအောင်ရင်လုပ်ရမယ့်ကုဒ်တွေကိုရေးရပါမယ်

}

}

}

ဒီ program ထဲကတစ်ချို့ကုဒ်တွေကိုရှင်းပြပါမယ်။ ဒီအပိုင်းကိုကြည့်ပါ။

if(pass == true)

{

//Here is the code to work when the condition is true

}

if(pass == true) ဆိုတာ အခြေအနေ(condition) ကိုစစ်ဆေးတာပါ၊ ဒီအခြေအနေမှန်ကန်မှ သူ့အောက်မှာရှိတဲ့ တွန့်ကွင်း ”{}” ထဲက ကုဒ်တွေကို run မှာပါ။ ဒီတော့ if(  ) ရဲ့အဓိပ္ပါယ်က “တစ်ကယ်လို့ လက်သည်းကွင်းထဲမှာရှိတဲ့ အခြေအနေမှန်ရင်” လို့အဓိပ္ပါယ်ရပါတယ်။ ဒါဆိုအဲဒီ လက်သည်းကွင်းထဲ ဘယ်လိုကုဒ်တွေ ရေးလို့ရလဲဆိုတာထပ်ရှင်းပြပါမယ်။ conditional နှင့် relational operator တွေသုံးပြီးရေးရမှာပါ။

 

Relational Operator

တန်ဖိုးတွေကို နှိုင်းယှဉ်တဲ့နေရာမှာ အခြေအနေကိုဆန်းစစ်တဲ့အခါမှာ ဒီ operator တွေကိုသုံးရပါတယ်။ အရင်ဆုံး relational operator တွေကိုရှင်းပြပါမယ်။ variable နှစ်ခုသို့မဟုတ် တန်ဖိုးနှစ်ခုကို နှိုင်းယှဉ်တဲ့အခါဒီ relational operator တွေကိုသုံးရပါတယ်။ “==” ဆိုတာကို တန်ဖိုးနှစ်ခုညီသလား မညီဘူးလားလို့စစ်ဆေးချင်ရင်သုံးပါတယ်။ variable ‘a’ ရဲ့တန်ဖိုး နှင့် variable ‘b’ ရဲ့တန်ဖိုး ညီသလားစစ်ချင်ရင် ဒီလိုရေးပါ “a==b”။ မညီဘူးလားလို့စစ်ချင်ရင် “!=” ကိုသုံးရပါတယ်။ အရှေ့မှာရှိတဲ့တန်ဖိုးဟာ အနောက်မှာရှိတဲ့တန်ဖိုးထက် ကြီးသလားလို့စစ်ချင်ရင် “>” ကိုသုံးပြီး၊ ကြီးသလား သို့မဟုတ် ညီသလားလို့စစ်ချင်ရင် “>=” ကိုသုံးရပါတယ်။ ဒီလိုပါပဲ ငယ်သလားဆိုရင် “<” သုံးပြီး၊ ငယ်သလား သို့မဟုတ် ညီသလားဆိုရင် “<=” ကိုသုံးရပါတယ်။ ဒါတွေကို if(  ) ထဲမှာထည့်သုံးနိုင်ပါတယ်၊ ဒီတွက်ချက်မှုတွေမှန်ကန်မှ if(  ) အောက်ကကုဒ်တွေ အလုပ်လုပ်မှာပါ။ အောက်မှာနမူနာ program တစ်ပုဒ်ပေးထားပါတယ်၊ စမ်းသပ်ကြည့်ပါ။

 

RelationalOp.java”

class RelationalOp {

 

public static void main(String[] args){

int value1 = 1;

int value2 = 2;

if(value1 == value2) System.out.println("value1 == value2");

if(value1 != value2) System.out.println("value1 != value2");

if(value1 > value2) System.out.println("value1 > value2");

if(value1 < value2) System.out.println("value1 < value2");

if(value1 <= value2) System.out.println("value1 <= value2");

}

}

ဒီမှာတစ်ခုပြောချင်တာကတော့ if(  ) နောက်မှာကုဒ်တစ်ကြောင်းပဲ ရေးမယ်ဆိုရင် တွန့်ကွင်း {} ထည့်စရာမလိုပါဘူး၊ ကုဒ်တစ်ကြောင်းထက်ပိုရေးမှ လိုတာပါ၊ ဒါပေမဲ့ တစ်ကြောင်းပဲရေးရေး တစ်ကြောင်းထက်ပဲပိုရေးရေး တွန့်ကွင်းထည့်လည်းကိစ္စမရှိပါဘူး။

 

Conditional Operator
boolean expression(boolean တွက်ချက်မှု) နှစ်ခုနှင့်သုံးရတာပါ။ operator နှစ်ခုရှိပါတယ်၊ ပထမက conditional-AND တဲ့ သူ့ကိုဒီလိုရေးရတယ်၊ expression && expression၊ ဆိုလိုတာက ရှေ့ကတွက်ချက်မှုရော နောက်ကတွက်ချက်မှုရော မှန်ကန်မှ အဖြေကမှန်ကန်တယ်(true) လို့ထွက်မှာပါ။ relational operator တုန်းကတွက်ချက်မှုတစ်ခုကမှန်ရင် အခြေအနေကမှန်ပါတယ်၊ ဒီ conditional-AND operator မှာတော့ တွက်ချက်မှုနှစ်ခုလုံး မှန်မှရမှာပါ။ နမူနာတစ်ခုပြပါမယ် “if(var1==20 && var2==30)” ဒီကုဒ်မှာ “var1” ဆိုတဲ့ variable ရဲ့တန်ဖိုးက ၂၀ ဖြစ်ပြီး “var2” ကရဲ့တန်ဖိုးက ၃၀ ဖြစ်မှ if(  ) အောက်ကကုဒ်တွေက အလုပ်လုပ်မှာပါ။ ဆိုလိုတာက အခြေအနေနှစ်ခုလုံးမှန်ကန်မှ if(  ) အောက်ကကုဒ်တွေ run မှာပါ။ အခုကျွန်တော်ပြောတာ conditional-AND အကြောင်းပါ ဆက်လက်ပြီး conditional-OR အကြောင်းပြောပါမယ်။

Conditional-OR ကတော့ AND နှင့်သိပ်မကွာပါဘူး၊ AND ကနှစ်ခုလုံးမှန်ရပြီး၊ OR ကတော့နှစ်ခုထဲက တစ်ခုမှန်ရင်ရပါတယ်၊ OR ကို “||” သင်္ကေတနဲ့ရေးရပါတယ်။ “if(var1==20 || var2==30)” ဆိုတဲ့ကုဒ်မှာ အခြေအနေနှစ်ခုထဲက တစ်ခုမှန်ကန်တာနဲ့ if(  ) ရဲ့ကုဒ်တွေ run ပါတယ်။ conditional operator တွေနဲ့ပတ်သတ်တဲ့ နမူနာအောက်မှာပေးထားပါတယ်။

“ConditionalOp.java”

class ConditionalOp {


     public static void main(String[] args){

          int value1 = 1;

          int value2 = 2;

          int result;

          boolean someCondition = true;

          result = someCondition ? value1 : value2;


          System.out.println(result);


     }

}


အကယ်၍… if()

Conditional operator တွေကိုအသုံးပြုပြီး if() ထဲက condition ကိုစစ်ဆေးရပါမယ်၊ condition က true ဖြစ်ရင် တွန့်ကွင်းထဲကကုဒ်တွေ အလုပ်လုပ်ပါမယ်၊ condition က false ဖြစ်ရင်တော့ တွန့်ကွင်းထဲကကုဒ်တွေကို မ run ပဲနဲ့ ကျော်သွားပါမယ်။ ဒါပေမဲ့ဒီ if(  ) ကcondition ကိုတစ်ဆင့်ထဲစစ်တာပါ၊ condition ကိုအဆင့်ဆင့် စစ်ဆေးချင်တယ်ဆိုရင် “if(  ) { } else { }” ဆိုတဲ့ဖော်မြူလာကိုသုံးပါမယ်။ သူ့သဘောက “if()” အကယ်၍ဒါမှန်လျှင်၊ “{ }” ဒါလုပ်ပါ၊ “else” ဒါမမှန်လျှင်၊ “{ }” ဒါပြောင်းလုပ်ပါ။ အောက်ကကုဒ်ကိုကြည့်ပါ။

if(var1 == 10) {

System.out.print(“IF”);

} else {

System.out.print(“ELSE”);

}

 

var1 ရဲ့တန်ဖိုးက ၁၀ ဖြစ်မယ်ဆိုရင် “IF” ဆိုတဲ့စာသားထွက်လာပြီး၊ ၁၀ မဟုတ်ရင်တော့ “ELSE” ဆိုတဲ့စာသားထွက်လာပါမယ်။

နောက်ထက် if() တစ်မျိုးကျန်ပါသေးတယ်၊ “if() else if()” ပါပဲ။ သူ့သဘောက ပထမ condition ကိုစစ်ဆေးပြီး မမှန်ရင်နောက် condition ကိုစစ်ပါတယ်။ အောက်ကကုဒ်ကိုကြည့်ပါ။

if(var1 == 10) {

System.out.print(“IF”);

} else if(var1 == 20) {

System.out.print(“ELSE IF”);

}

 

var1 ရဲ့တန်ဖိုးက ၁၀ ဖြစ်မယ်ဆိုရင် “IF” ဆိုတဲ့စာသားထွက်လာပြီး၊ ၂၀ ဆိုရင် “ELSE” စာသားထွက်လာပါမယ်။ နောက်ထက်နမူနာတစ်ခုထက်ကြည့်ပါဦး။

if(var1 == 10) {

System.out.print(“IF”);

} else if(var1 == 20) {

System.out.print(“ELSE IF”);

} else {

System.out.print(“ELSE”);

}

 

ထိပ်ကစစ်ဆေးမှုတွေမမှန်ရင်နောက်ဆုံး မှာ else ကို run ပါတယ်။ အဆင့်ဆင့် condition စစ်တဲ့အခါမှာ၊ condition တစ်ခုမှန်ပြီဆိုတာနဲ့ နောက် condition တွေကိုဆက်ပြီး မ စစ်ဆေးတော့ပါဘူး။

 

?: or If-then-else

“?:” သူက conditional operator တစ်မျိုးပါပဲ၊ သူ့ကိုရေးသားနည်းကဒီလိုပါ၊ “condition ? value1 : value2;” ။ သဘောတရားကဒီလိုပါ၊ condition မှန်ရင် value1 ကိုထုတ်ပေးပြီး မမှန်ရင် value2 ကိုထုတ်ပေးပါတယ်။ နမူနာ program တစ်ခုပေးထားပါတယ်။

“ConditionalOp2.java”
class ConditionalOp2 {


     public static void main(String[] args){

          int value1 = 1;

          int value2 = 2;

          int result;

          boolean someCondition = true;

          result = someCondition ? value1 : value2;


          System.out.println(result);


     }

}


“someCondition ? value1 : value2;” ဆိုတဲ့ကုဒ်ဟာ “if(someCondition){value1;} else{value2;}” ဆိုတဲ့ကုဒ်နှင့်သဘောတရားခြင်းတူပါတယ်။

Previous Java Tutorial 5
Next : Java Tutorial 7

Having fun with web development - web server (chapter 2)

HTML နဲ့ရေးထားတယ့် files တွေ ကို အင်တာနက်ပေါ်ကနေ အသုံးပြုလို့ရတယ့်webpages တွေဖြစ်ဖို့ အတွက် အရင်ဆုံး web server ထဲမှာ ထည့်ထားရတယ်၊ အဲ့ဒီ့ webpages ထဲမှာရှိတယ့် HTML code တွေက  web browser(eg-FireFox,Chrome,Safari,Opera,etc..) တွေကို     သူတို့ ထဲမှာ ပါတယ့် content တွေကို ဘယ်နေရာမှာထားဖို့၊ဘယ်လိုပေါ်ဖို့ စတာတွေကို သိအောင်အကြောင်းကြားတယ် ၊ ပြီးတော့ မှ web browsers ကပြန်ပြပေးတာဖြစ်တယ်။

တစ်ကြိမ် web server ထဲကိုထည့်ထား ရုံဖြင့် internet ကိုဖြတ်ပြီးမည်သည့် web browser ကမဆို ကြည့် နိုင်တယ်။

အိုကေ . web server တို့ web browser တို့နဲ့ပက်သက်ပြီး ခေါင်းရှုပ်မသွားပါနဲ့အုံး အောက်မှာ သူတို့ တွေ အလုပ်လုပ်ပုံကိုအကျဉ်းကို ရှင်းပြထားပါတယ်။

Web server ဘယ်လိုအလုပ်လုပ်လဲ

အလုပ်သမား တစ်ယောက်အနေနဲ့ပြောရ ရင် သူက တစ်နေ့လုံး၊တစ်ညလုံး၊ တစ်နှစ်လုံး တောက်လျှောက်၂၄ နာရီ အလုပ်လုပ်ရတယ့် အပင်ပန်းဆုံးလူတစ်ယောက်ဆိုပါတော့။

Web server ၂၄ နာရီ လုံး မနားမနေ ဘာတွေလုပ်နေလဲ?

သူ့ခမျာ မျှော်နေရတာပေါ့ web browser ကနေ ဘယ်အချိန် request ပို့မလဲ..ပို့မလဲကို အချိန်ပြည့်စောင့်နေရတာဖြစ်တယ်။ဘယ်လို request တွေလဲ မေးရင် ဥပမာ-ဓါတ်ပုံတွေ၊သီချင်းတွေ၊ဗွီဒီယို တွေ၊ ပြီးတော့ web pages တွေအပါအ၀င်ပေါ့။ အဲ့ဒီတော့ web server က အပေါ်ဥပမာထဲ က request တစ်ခုခုကိုရပြီဆိုရင် သူရဲ့ resource တွေထဲ မှာ ပြန်ရှာတယ် ပြီးမှ web browser ကို ပြန်ပြီး respond ပြန်တယ်၊ပို့တယ်ပေါ့ဗျာ(တွေ့ရင် တွေ့တယ် ၊ မတွေ့ ရင် မတွေ့ဘူး ကို) ။ အဲဒီ့တော့ web server ဘယ်လောက်တာဝန်ကြီးလဲ ဆိုတာကို ခန့်မှန်းမိမယ်လို့ ထင်တယ်။ တစ်ကယ်လို့ ၀င်လာတယ့် request တွေကို ကိုယ့်ရဲ့ web server က handle မလုပ်နိုင်ရင်(၀န်မမျှရင် ပေါ့)  အဲသည်လို ဆိုရင် website က တက်မလာတော့ဘူးပေါ့  ၊ server down တယ်လို့ပြောကြတာပေါ့။ အကျဉ်းအားဖြင့် နားလည်မယ်လို့ ယူဆပါတယ်။

Web browser ဘယ်လိုအလုပ်လုပ်လဲ

အပေါ်က web server အကြောင်းဖတ်ပြီးရင်တော့ web browser ဘယ်လို အလုပ်လုပ်လဲ နဲနဲခန့်မှန်းမိမှာပါ။

web server က browser က ပို့တယ့် request တွေကိုထိုင် စောင့်တယ်ဆိုတော့၊ browser က request တွေထိုင်ပို့ နေတယ်ပေါ့။ အဲ..သူကတော့ ထိုင်ပို့ နေတာမဟုတ်ဘူး ။ user(client) ရဲ့ click ပေါ်မှာမူတည်သေးတယ်။ ဥပမာ-youtube မှာ video ကြည့်ဖို့ link တစ်ခုကို ကျွန်တော် တို့ click တယ်ဆိုပါတော့ .. browser က ကျွန်တော်တို့ click လိုက်တယ့် video link တစ်ခု ကို request တစ်ခု အနေနဲ့သိမ်းတယ် ပြီးတော့ server ကိုအကြောင်းကြားတယ် ၊ အဲ့တော့ server ရတော့ respond ပြန်တယ် အဲ့ဒီ့တော့ ကျွန်တော်တို့ video ကြည့်ရတာပေါ့(connection ကောင်းတယ်ပဲဆိုကြပါဆို့)။ဒါပေမယ့် တစ်ချို့အရာ တွေ မှာ browser က user ရဲ့ click ဆိုတယ့် အမိန့်မရဘဲ နဲ့ server ကို အလိုလို request သွားလုပ်တာ ရှိတယ်။ဥပမာ-အဲမပြောခင် facebook ကတော့ လူတိုင်းသိမယ်လို့ ထင်တယ် ၊ အရေအတွက်နဲ့ပြောရရင် အနည်းဆုံးမသုံးဘူးဆိုရင်တောင် လူ ၅ယောက်မှာ account ၇ခု ၈ခုရှိနိုင်တယ်

တစ်ချို့က ၂ခု ၃ခုလောက်ဖွင့်ထားကြလို့ ၊ အိုကေ အဲ့လောက်ဆိုလုံလောက်ပြီ။Browser ကဘယ်လို auto request လုပ်လဲ ဆိုတာကို facebook မှာကြည့်လို့ရတယ်။ဘယ်အချိန်လဲ ဆိုတော့ new post တစ်ခု auto တက်လာတာကို တွေ့ရမယ် ကျွန်တော် တို့ click စရာမလိုဘဲနှင့်။အဲလို ဖြစ်အောင်ကြတော့ အခြား technology တစ်ခု(eg:Ajax) ကိုသုံးရတယ်။သွားချင်တယ့် target က HTML ဖြစ်တယ့်အတွက်။ ဒီလောက်ဆို browser ၊ server ဘယ်လို ဆက်စပ်လဲ ဆိုတာ သိလောက်မယ်လို့ ယူဆတယ်။

Author Name: Nyan Lynn Tun [ itstudentpro ]

<< Previous Chapter [ Having fun with web development - HTML ( chapter 1)]

Having fun with web development - HTML ( chapter-1)

Hypertext Markup Language ခေါ် HTML

HTML လို့ ပြောလိုက်ရင် IT field ထဲကလူတွေ သိပြီးသားဖြစ်နေလိမ့်မယ်။

အိုကေ။ ဒါပေမယ့် မသိတယ့် လူတွေလဲ ..ရှိသေး တယ်။

အခု မှ HTML နဲ့ပက်သက်ပြီး လေ့လာချင်တယ့် လူတွေ၊

IT field မှာ အခုမှ စခြေချမယ့် ညီကိုမောင်နှတွေ အတွက် Knowledge ရစေဖို့ ဒီtitle လေးတည်လိုက်တယ်။

Html ဆိုတာ programming language မဟုတ်ပါဘူး။သူက markup language တစ်ခုပါ။

Markup tags တွေနဲ့ရေးသားရတယ့် language တစ်ခုပေါ့၊ မြန်မာမှုပြုရရင် markup အမှတ်အသားလုပ်ထားသော၊ tag စာအပိုင်းအစလေးပေါ့လေ။ မြင်သာအောင်ပြောရရင်

Facebook ကြီးမှာ ဘော်ဘော်တွေနဲ့ ရိုက်ထားတယ့်ဓါတ်ပုံတွေ တင်ကြတယ့်အခါမှာ ပုံထဲက သယ်ရင်း တွေကို လည်း share ချင်ရင် tag လုပ်လေ့ရှိကြတယ်။အဲ့မှာ နာမည်လေးတွေ ရေးပြီး တော့ သူကတော့ဘယ်သူ ဘယ်ဝါ ဆိုပြီး သတ်မှတ်လိုက်ကြတယ် အမှတ်အသားတစ်ခု အဖြစ်ပေါ့။

ဒီ HTML ကလည်းအဲလိုပဲ ကိုယ်ပေါ်စေချင်တယ့် စာသားတစ်ခု ကို အရွယ်ကြီးစေချင်ရင် ကြီးချင်သလို၊သေးရင်သေးချင်သလို HTML tag တွေသုံးပြီးတော့ သတ်မှတ်ရတယ့် markup language တစ်ခု ပါ။HTML tag တွေကတော့စုစုပေါင်း အခု ၁၂၀ လောက်ရှိတယ်။ ရပါတယ်

ကိစ္စမရှိပါဘူး web page တစ်မျက်နှာပေါ်ဖို့အတွက် အဲ့ဒီ့လောက်မလိုအပ်ပါဘူး။ဒါကြောင့်

အကုန်မှတ်မိဖို့ မကြိုးစားပါနဲ့ reference တွေအများကြီးရှိပါတယ် ကျွန်တော် တို့က exam

ဖြေနေတာ မဟုတ်တယ့်အတွက် လိုအပ်တယ့်အချိန်မှာ အကူအညီယူလို့ရပါတယ်။

အိုကေ ဒါဆို HTML sentence အကြောင်းနဲနဲပြောရအောင်-

HTML sentence က ရိုးရှင်းတယ်၊ပုံသေပဲ မပြောင်းလဲဘူး ဒီဟာရေးရင် ဒီ output ထွက်တယ်။sentence ပုံစံကို မြင်အောင်ပြော ရရင် သူ့မှာ လည်း လူတွေလိုပဲ Head တွေ Body တွေရှိတယ်။ဒါပေမယ့် လူတွေမှာပါတယ့်ဟာ အကုန်လုံးသူ့မှာ မပါသလို ၊ သူ့မှာ ပါတယ့် ဟာတွေလဲ လူတွေမှာ မပါဘူးပေါ့(ကပ်သပ် စဉ်းစားတက်တယ့် လူတွေကိုပြောတာပါ J)။အိုကေ ထားတော့။

HTML ကို tag တွေနဲ့ အသုံးပြုပြီး create လုပ်ထားတယ်လို့ ပြောခဲ့တယ်။အဲ့ဒီတော့ သူရဲ့tag ဘယ်လိုဖွဲ့စည်းထားလဲ ကြည့်ရအောင်။

သူ့မှာ open tag နဲ့ close tag အစုံတွေ အများဆုံးပါတယ်။

ဥပမာ- <tagName>ပေါ်ချင်တယ့်စာသား</tagName>

တစ်ချို့ က self closing tag-

ဥပမာ - </tagName>

နမူနာ နေနဲ့

HTML file တစ်ခု ကိုစရေးမယ်ဆိုရင်

<html> ဆိုတယ့် open tag နဲ့ </html>ဆိုတယ့် close tag ၂ခုကြားမှာရေးရတယ်။

သူ့အထဲမှာမှ ကျွန်တော် ပြောခဲ့သလို <head></head> တွေ <body></body> တွေရှိမယ်။ဒါဆို အောက်က ပုံကို လေ့လာကြည့်ရအောင် ။

html

 

ဒီ screen shot လေးကို ကြည့်ပြီး စာအမျိုးအစားချင်းတူပေမယ့် မတူညီတယ့် html tags တွေကြောင့် ပုံစံအမျိုးမျိုးနဲ့ နေရာအမျိုးအမျိုးထွက်လာတာ သတိပြုမယ် လို့ ယူဆတယ်။

သုံးခဲ့တယ့် tag တွေကို ပြောပြရရင် -

<html></html>- ဒီ tag ကတော့ အားလုံးရဲ့ အချုပ်ပေါ့။

<head></head>- head ပိုင်းဆိုတော့ <html> ပြီးရင် ထိပ်ဆုံးကပေါ့။

<title></title> - <head></head> tag အထဲမှာ ရှိရတယ်။သူ့ထဲမှာထည့်တယ့်စာသားကတော့

web page ရဲ့ tab name(not tag)အနေနဲ့ ဖော်ပြခြင်းခံရတယ်။

<body></body>- body ကတော့ web page တစ်ခုလုံးမှာ ပေါ်မယ့် content တွေကို

သိုလှောင်ထားတယ့် နေရာပေါ့။HTML tag တော်တော်များများ က

<body></body> tag ထဲမှာပဲ ရှိတယ်လို့ အရင်သိထားရင် လုံလောက်ပြီ။

<h3></h3> - “h” ဆိုတာက heading ကို ကိုယ်စားပြုတယ်။အနောက် က “3” ကအရွယ်အစားကို

ပြတယ် ။ သူ့ရဲ့အရွယ်အစား နံပါတ်က 1 ကနေ 6 ထိရှိတယ်၊ <h1></h1> ကနေ

<h6></h6> ပေါ့။စာပုဒ်တွေ ရဲ့ ခေါင်းကြီးစာသားအဖြစ်ပေါ်ချင်ရင် အသုံးပြုလေ့

ရှိတယ့် tag တွေပေါ့။

<p></p> - “p” ကတော့ paragraph ကို ကိုယ်စားပြုတယ်။ information တွေကို စာပုဒ် အလိုက်

ဖေါ်ပြချင်တယ့် အခါတွေမှာအသုံးပြုလေ့ရှိတယ်။

 

HTML file ဘယ်လိုရေးတာလဲဆိုတာတော့ အကျဉ်းအားဖြင့်သိပြီ။ အဲ့ဒီ့နောက် ဘယ်မှာရေးရမလဲ လို့မေးစရာရှိတယ် ၊ ရှင်းပါတယ် notepad မှာရေးပေါ့ J ။နဲနဲ မြင့်တယ့် editor

တာ သုံးချင် ရင် Note++ တို့ Sublime Text တို့နဲ့ရေးလို့ပိုအဆင်ပြေမှုရှိတယ်။

ပြီးတော့ file extension ကို .html or .htm နဲ့ save လုပ်ပြီး double click နှိပ်ရုံနဲ့ မိမိ မှာရှိတယ့် web browser မှာ run လိုက်တယ့် html webpage တက်လာမှာဖြစ်ပါတယ်။

ကဲဒါဆို ဒီလောက်အထိ နားလည်မယ်လို့ယူဆတယ်။ ကျန်ရှိနေတယ့် HTML tag တွေအသုံးပြုပုံကို

Sample demos များနှင့်နောက် tutorial တွေမှာ နားလည်သဘောပေါက်လွယ်အောင် အတက်နိုင်

ဆုံးဖော်ပြသွားပါမယ်။ဒီတစ်ခေါက် တော့ ဒီလောက်နဲ့ပဲနားလိုက်ပါတယ် ကျေးဇူးတင်ပါတယ်။

အထိန်းအကွပ်မရှိ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြပါစေ။

မေတ္တာရှေ့ထား၍။

Author Name: Nyan Lynn Tun [itstudentpro]

 

<< Previous Chapter [Having fun with web development  - Introduction]          

[Having fun with web development - web server (chapter 2)] Next Chapter>>

Having fun with web development - Introduction

ဒီ tutorial လေးမစခင် ကျွန်တော့ရဲ့ ညီကိုမောင်နှမတွေ ကို နည်းနည်းလောက်ပြောချင်ပါတယ်။


ဘယ် programming languages ကိုပဲ စတင်လေ့လာလေ့လာ အခု မှကြားဖူးတယ် ၊ အထိအတွေ့ မရှိသေးဘူး၊ သူများတွေဆီက ခက်တယ်လို့ကြားရတယ်ဆိုရင်ပဲ အများစု က တွေးပြီး ကြောက်ကြတယ် ၊ တွန့်ဆုတ်ကြတယ်၊ရှေ့ဆက်တိုးဖို့ ၀န်လေးကြတယ်၊


အဲလို အတွေးတွေ ၀င်ပြီးတော့.. တစ်ချို့တွေ ဆို မိမိ ရောက်နေတယ် လမ်းကြောင်းမှာ ပဲ မလှုပ်မလျှက် ရပ်နေကြတယ်။ ဒါကြောင့် သူများယောင်တိုင်း လိုက်မယောင်ပါနဲ့၊


ခြေတစ်ဖက်ချင်းဆီ အရင် လှမ်းလိုက်ပါ အစပိုင်းမှာ
ဆူးညောင့်၊ ခလုတ် တွေ နင်းမိနိုင်ပေမယ့် နောက်ပိုင်းကြရင် အဆင်ပြေပြေဖြတ်ကျော်သွားနိုင်မှာပါ၊ ကိုယ့်ရဲ့ target တွေကို မရောက် ရောက်အောင် သွားမယ်ဆိုတယ့် စိတ်ဓါတ်တော့လိုတယ်။


“ တစ်ခါမှ အခက်အခဲ မကြုံဘူးဖူး” လို့ပြောတယ့်လူတွေ ရှိမယ်၊


အဲလို တစ်ခါမှ အခက်အခဲမကြုံဖူးတာဟာ တစ်ခါမှခက်ခဲတယ့်အလုပ်ကို မလုပ်ခဲ့ဖူးလို့ သာ ပြောချင်းဖြစ်တယ်။


သုံးသပ်ကြည့်ပါ ကိုယ်လုပ်တယ့်အလုပ်တွေ မှားခဲ့လား ၊ ကိုယ့်ရဲ့ယှဉ်ပြိုင်မှုတွေ ရှုံးနိမ့်မှုတွေကြုံနေလားဆိုတာ ။ အဲလိုဖြစ်တိုင်းလဲ စိတ်ဓါတ်မကျပါနဲ့


အမှား ဆိုတာ သုံးသပ်ဆင်ခြင်တက်ရင် အမှန်ကိုသိရတယ်
အရှုံး ဆိုတာ လည်း လိမ်မာပါးနပ်ရင် တစ်ချိန် အနိုင်ပြန်ရတယ် ။


လုပ်ပါ အားလုံးက လုပ်နိုင်တယ့်လူတွေချည်းပဲ ၊ သူများလုပ်နိုင်ရင် ကိုယ်လဲလုပ်နိုင်ရမှာပေါ့၊


ကိုယ်အားကျရတယ့် လူတွေကို ကိုယ့်ရဲ့ competitor အဖြစ်နဲ့ထားပါ (ဥပမာ-စတိဂျော့ခ်ျ ၊ ဘေလ်ဂိတ် ၊ ဇူကာဘက်ခ်ျ)။ သူတို့ထက်မသာတောင် သူတို့လောက်မဖြစ်နိုင်ကြဘူးလား?


ဖြစ်နိုင်ကြတာပေါ့ သူတို့ကြိုးစား အားထုတ် ခဲ့တယ့် လမ်းစဉ်အတိုင်း ကိုယ်လည်းထိုနည်းတူ


လိုက်လုပ်မယ်ဆို ဖြစ်နိုင်တာပေါ့။ ရင်လောက်တင်မှ ဒူးလောက်ကြတာပေါ့ ။ အဲလိုဖြစ်သွား


ကြည့်ပါလား မိမိ မိသားစု၊ဆွေမျိုး မှအစ နောက်ဆုံး မိမိ နိုင်ငံပါ မိမိကြောင့် ဂုဏ်ယူဝန့်ကြွားနေရမှာ။


အိုကေ ကျွန်တော့ ရဲ့ speech နည်းနည်းရှည်သွားရင် ခွင့်လွတ်၊ အားလုံးကို ဖြစ်စေချင်တယ့်


ဆန္ဒ တစ်ခု ကြောင့်ပါ။


ဒီခေတ် မှာ Web နဲ့မကင်း တယ့်လူ တွေ မရှိသလောက်ပဲ၊ သိလို့ သုံးသည် ဖြစ်စေ မသိလို့


သုံးသည်ဖြစ်စေ။ အဲ့ဒီတော့ လူသုံးများ လာတယ်ဆိုတော့ ခေတ်စားလာတယ်ပေါ့။


ပြီးတော့ လူတိုင်းနီးပါးရဲ့ လက်မှာ လည်း mobile phone တွေရှိလာ ကြပြီ ဆိုတော့ နောက်ပိုင်းမှာ


Web နဲ့ Mobile ကို develop လုပ်တယ့် industry တွေအများဆုံး တွင်ကျယ်လာဖို့ပဲရှိတယ်။


Window app တွေ အသုံးပြုလာမှုကတော့ အနည်းစုပေါ့။ အဲ့ဒီတော့ ကိုယ်က ရည်ရှည်ရပ်တည် နိုင်ဖို့


ပြောင်းလဲနေတယ့် ခေတ် ရေစည်းကြောင်း ကို မျက်လုံးဖွင့် နားစွင့်နေရမယ်။ အားလုံး ကို


လိုအပ်တယ့် အချိန်မှာ ခြေဆန့် နိုင်ဖို့ အတွက် ကိုယ့်ဘက်က foundation ခိုင်ဖို့လိုတယ်။


ဒီခေါင်းစဉ် အောက်မှာ မိမိကိုယ်တိုင် web site တွေ create လုပ်တယ့်အခါမှာ လိုအပ်မယ့်


Technology တွေကို အခွင့်သင့်ရင် သင့်သလိုတင်ပေးသွားမှာပါ။


ဆက်လက်ပြီးတော့ Client Side language တစ်ခုဖြစ်တဲ့ HTML အကြောင်းကို ဆက်လက်ဖော်ပြပေးပါ့မယ်....


continue reading to next chapter - Having fun with web development - HTML (chapter 1)


Author Name: Nyan Lynn Tun [ itstudentpro] 

Saturday, January 18, 2014

Android Device တွေရဲ့ Battery သက်တမ်းရှည်အောင် ဘယ်လို ပြုလုပ်ကြမလဲ။

နာမည်ကြီး Online Mobile Forum တစ်ခုဖြစ်တဲ့ XDA မှာ ကျွန်တော့် ဖုန်း Battery က အားခနလေးနဲ့ ကုန်နေတယ် ၊ အဲဒါ ဘယ်လို လုပ်ရမလဲ ၊ ROM ကြောင့်လား ၊ Hardware မကောင်းလို့လား ၊ အခြားအကြောင်းတွေကြောင့်လား ဆိုတဲ့ မေးခွန်းကို ခနခန တွေ့ရပါတယ်။ တစ်ကယ်တော့ ဖုန်းတစ်လုံးမှာ ရှိတဲ့ Battery ရဲ့ 70% ဟာ သင့်ရဲ့ အသုံးပြုမှုကြောင့် ကုန်ဆုံးရတာ ဖြစ်ပြီး ကျန်တဲ့ 30% ကသာ ကျန်တဲ့ ဖုန်းတွင်းပိုင်း လုပ်ဆောင်မှုများအတွက် အသုံးချတာပါ။

ဘာကြောင့် ဖုန်း Battery အားအကုန် မြန်ရလဲဆိုတာက သင်ဟာ ဖုန်းကို ဘယ်လို အသုံးချလဲ ပေါ် မူတည်နေတယ်ဆိုတာ သေချာပါတယ်။
သင်က ဖုန်းနဲ့ ဘယ်လို App တွေကို အများဆုံးသုံးလေ့ ရှိလဲ ၊ ဒါမှ မဟုတ် Wifi တွေ Bluetooth တွေကို တစ်ချိန်လုံး ဖွင့်ထားတတ်သလား
( 3G connection ဟာ 2G ထက် 30% လောက် Battery ကို ပိုအကုန် မြန်စေပါတယ် ) ဆိုတာ ပေါ် မူတည်နေပါတယ်။ ပြီးတော့ သင်ဟာ ဖုန်းကို တစ်နေ့ ဘယ်လောက် အထိ အသုံးပြုလဲ ဆိုတာလဲ စဉ်းစားရပါမယ်။

Andorid Battery

 

Battery ကို ချွေတာ ဖို့အတွက် အခြေခံ အချက်တွေက
- GPS, Wifi, Bluetooth စတာတွေကို မလိုအပ်ဘဲ မဖွင့်ထားပါနဲ့
- 2G ကို သုံးလို့အဆင်ပြေနေတဲ့ အချိန်ဆို 2G ကိုသာ သုံးသင့်ပါတယ်။ 3G ကို အသုံးပြုခြင်းက Battery ကို ပို အကုန်မြန်စေပါတယ်။
- Antivirus တွေ ၊ System Tuning App တွေကို မလိုအပ်ဘဲ အများကြီး မသုံးပါနဲ့။ တစ်ခုဆို လုံလောက်ပါပြီ။
- Battery Saving App တစ်ခု သာ သုံးစွဲပါ။
- Background Process များသော App များကို လျော့ သုံးပါ ( ဥပမာ - Antivirus App, facebook, Viber ကဲ့ သို့ App များစွာကို သုံးခြင်းက Battery ကို ပို အကုန် မြန်စေပါတယ် )
- Screen Brightness ကို ချိန်ညှိ သုံးစွဲပါ။
- မိမိ ဖုန်းနှင့် သင့်တော်သော ROM ကိုသာ သုံးစွဲပါ။
- ဖုန်း Battery ကို 5% အောက်ရောက်ပါက ပုံမှန် အားသွင်းပါ။

နောက်ထပ် ဖုန်း Battery ကို ထိန်းသိမ်းနိုင်မဲ့ အချက် အချို့ကို ဖော်ပြလိုက်ပါတယ်။

- တစ်ပတ် တစ်ကြိမ်ခန့် ဖုန်း Battery အား အကုန် သုံးပြီး ပြည့်သည် ထိ ပြန်သွင်းပါ။
- ဖုန်းကို အား အကုန် သုံးပါ ၊ ထို့နောက် ဖုန်းပိတ်လိုက်ပါ ၊ ဖုန်းပိတ်ထားသည့်အတိုင်းပင် အားအပြည့်သွင်းပါ။ အားပြည့်သွားပါက chargre plug ကို ဖြုတ်ပါ ၊ ဖုန်းမှ Battery ကို ၃ မိနစ်ခန့် ဖြုတ်ထားပြီးမှ ပြန်တတ်ပါ။ အဲလို မျိုး နှစ်ပတ် တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။
- ဖုန်း အားသွင်းနေချိန်တွင် Game ဆော့ခြင်း ၊ အင်တာနက် သုံးခြင်း လုံးဝ မပြုလုပ်သင့်ပါ။
- ဖုန်း သုံးနေစဉ် သာမာန်ထက် ပူလာပါက Battery ကို ၅ မိနစ်ခန့် ဖြုတ်ထားပါ။

 

Credit : http://www.droidviews.com/batterylife/

SEO Overview: On-Page နဲ့ Off-Page SEO

SEO မှာ အဓိကသိရမယ့် အခြားအချက် (၂)ခု ရှိပါသေးတယ်.။ အဲဒါတွေကတော့

  1. On-Page SEO နဲ့

  2. Off-Page SEO ပါပဲ.။


1. On-Page SEO


ကိုယ့် Website ရဲ့ စာမျက်နှာတွေပေါ်မှာ Keywords ထည့်သွင်းတာ၊ Link တွေချိတ်ဆက်တာ၊ Broken-link မဖြစ်အောင်လုပ်တာ၊ Bots တွေ အလွယ်တကူ Crawl နိုင်အောင်လုပ်တာတွေကို On-Page SEO လို့ခေါ်ပါတယ်.။ On-Page လုပ်ရာမှာ ပါဝင်တာတွေကတော့ HTML <meta> tag နဲ့ description တွေ keywords တွေထည့်သွင်းတာတွေအပါအဝင် HTML ကို စနစ်တကျ SEO Friendly ဖြစ်အောင်လုပ်တာ၊ Internal Linking လို့ခေါ်တဲ့ Article တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တာ၊ ကိုယ်လိုချင်တဲ့ Keywords တွေကို ကိုယ့် Content မှာ ပါဝင်အောင် ထည့်သွင်းတာ၊ အစရှိတာတွေဖြစ်ပါတယ်.။

2. Off-Page SEO


ကိုယ့် Website ပေါ်မှာမဟုတ်ဘဲ အခြား Website တွေနဲ့ Search Engine တွေမှာ လုပ်တဲ့ SEO Method တွေကို Off-Page SEO လို့ခေါ်ပါတယ်.။ ပါဝင်တာတွေကတော့ PR မြင့်တဲ့ အခြားဆိုက်ဒ်တွေက Link ထိုးဖို့ အကူအညီတောင်းတာ၊ သူငယ်ချင်း Blog တွေဆီက Link တောင်းတာ၊ Comment ကတဆင့် Link ရအောင်လုပ်တာ၊ Link ဝယ်ယူတာ၊ Bookmarking ဆိုက်ဒ်တွေမှာ ထည့်သွင်းတာ၊ Search Engine တွေမှာ XML Sitemaps တွေ ထည့်သွင်းတာ၊ Social Media တွေမှာ Sharing လုပ်တာတွေ နဲ့ အခြား Link Wheel လိုမျိုး Link Building တွေအထိ ပါဝင်ပါတယ်.။

 

Friday, January 17, 2014

20th batch master thesis များသိစေရန်....

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် Ayeyarwady Bank နှင့် ပူးပေါင်း၍ ကျောင်းသားကဒ် ကို ATM Chip နဲ့ ပေါင်းပြီး ထုပ်ပေးမည် ဖြစ်ပါသဖြင့် မိမိတို့၏ personal information များကို လာရောက် form ဖြည့်ပေးကြပါရန် လေးစားစွာဖြင့် ပန်ကြားအပ် ပါသည်။ တတိယနှစ်၊ Honus နှင့် master course work များ၏ form များကို Ayeyarwady Bank သို့ပေးပို့ပြီး နေပြီ ဖြစ်သော်လည်း master thesis 20 batch များမှာ ဖြည့်သွင်းရန် ကျန်ရှိနေသူများ ရှိနေပါသေးသည်။ တနင်္လာနေ့ နောက်ဆုံးထား၍ မိမိတို့၏ Form များကို လာရောက်ဖြည့်သွင်းပေးကြပါရန် နှင့်
မလာရောက်ပါက မိမိတို့၏ တာဝန်သာဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။


ATM card service အတွက် form ဖြည့်ရမည် ဖြစ်ပါသည်။ Form တွင် name, birthday, father name, marital status, gender, address, NRC စတဲ့ အချက်များ ဖြည့်သွင်းရမည် ဖြစ်ပါသည်။


ဒီ form ကို ဖြည့်သွင်းပြီး Ayeyarwady Bank ကို ပေးပို့ပြီးကာမှ ကျောင်းသားကဒ်တွင် ATM chip ထည့်ကာ ကျောင်းသားကဒ်ကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါသဖြင့် လာရောက်ပေးသွင်းနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

Java Tutorial 5

Java မှာပေါင်းနုတ်မြောက်စားတွက်ချက်မှုတွေ လုပ်ဖို့ operator တွေပေးထားပါတယ်၊ အောက်ကနမူနာကိုလေ့လာကြည့်ပါ။
int i = 10;

int j = 5;

int k = i + j; //15

System.out.println(k);

System.out.println(5*2);

System.out.println(10/3); //Answer is 3

System.out.print(10%3); //Answer is 1
Operator Precedence

Java တွက်ချက်မှုတွေလုပ်နိုင်ဖို့ operator တွေဟာအများကြီးပါပဲ၊ ဒီ equation ကိုကြည့်ပါ (x+7)*(9-y/2) ၊ အဲဒီ့မှာဘယ်တွက်ချက်မှုကို system ကအရင်လုပ်မှာလဲ။ operator တွေမှာအရေးပါမှု အဆင့်သတ်မှတ်ချက်(operator precedence)ဆိုတာရှိပါတယ်၊ system ကအဲဒီ့ အရေးပါမှုအဆင့်အတိုင်း operator တွေကိုလုပ်ဆောင်မှာပါ၊ ဆိုလိုတာက precedence မြင့်တဲ့ operator တွေကိုအရင်လုပ်ဆောင်မှာပါ။ အောက်မှာ operator precedence ဇယားပေးထားပါတယ်။ ဇယားမှာရှိတဲ့ operator တွေထဲမှာအပေါ်မှာရှိတဲ့ operator တွေကအောက်မှာရှိတဲ့ operator တွေထက်ပိုမြင့်ပြီး၊ ဘယ်ဘက်က operator ကညာဘက်က operator ထက်ပိုမြင့်ပါတယ်။

Operator Precedence Table

Operator Precedence

 

Assignment Operator

Operator တွေကိုတစ်ခုချင်းစီရှင်းပြသွားပါမယ်။ ပထမတစ်ခုက assignment operator တဲ့၊ သူကို variable တွေ assign လုပ်တဲ့နေရာမှာသုံးတယ်လေ၊ ဒီကောင်က ညာဘက်မှာရှိတဲ့တန်ဖိုးကို ကူးပြီး ဘယ်ဘက်မှာရှိတဲ့ variable ထဲထည့်ပေးတယ်၊ တစ်နည်းပြောရရင် ညာဘက်ကဟာကို ဘယ်ဘက်ထဲကူးထည့်ပေးတာပေါ့။

int cadence = 0;


int speed = 20;

int gear = 2;

Arithmetic Operator

နောက် operator တစ်ခုက arithmetic operator တဲ့ ပေါင်းနုတ်မြောက်စား လုပ်တဲ့ operator ပေါ့၊ သူက ၅ မျိုးရှိပါတယ်၊ + အပေါင်း, - အနုတ်, * အမြောက်, / အစား(စားလဒ်ကိုသာရှာပေးပါတယ်), % အစား(အကြွင်းကိုပဲရှာပေးပါတယ်)။ Equation တွေကိုအတိုကောက်ရေးလည်းရပါတယ်။ x = x + 4; ဟာ x += 4; နဲ့အတူတူပါပဲ။ + အပေါင်းလက္ခဏာကို string တွေတစ်ခုနှင့်တစ်ခု ပေါင်းစပ်တဲ့နေရာမှာသုံးလို့ရပါတယ်။

 

Unary Operator
Unary operator ကတော့ operand တစ်ခုပဲလိုအပ်တဲ့ operator ပါ၊ “++” (Increment operator)ဆိုတာကိန်းတစ်ခုရဲ့တန်ဖိုးကို တစ်ခုတိုးပေးပါတယ်(တစ်ပေါင်းပေးပါတယ်)၊ “--” (Decrement operator)ဆိုတာကိန်းတစ်ခုကို တစ်လျှော့တာပါ၊ “!” (Logical complement) ကတော့ Boolean တန်ဖိုးကိုပြောင်းပြန်ပြောင်းပေးပါတယ်။


int x = 10;  //x တန်ဖိုးက ၁၀ ပါ


x++;  //x တန်ဖိုးဟာ ၁၁ ဖြစ်သွားပါပြီ

x--;  //x ဟာ ၁၀ ပြန်ဖြစ်ပါတယ်

boolean check = true;

System.out.print(!check);  //false ဆိုတဲ့တန်ဖိုးထွက်လာပါမယ်

ဒါကတော့ နမူနာ class ဖိုင်ပါ၊ စမ်းသပ်လေ့လာကြည့်ပါ။

“UnaryOP.java”

class UnaryOP {


     public static void main(String[] args){

          int result = +1; // result is now 1

          System.out.println(result);

          result--;  // result is now 0

          System.out.println(result);

          result++; // result is now 1

          System.out.println(result);

          result = -result; // result is now -1

          System.out.println(result);

          boolean success = false;

          System.out.println(success); // false

          System.out.println(!success); // true

     }

}

“++”(increment) နှင့် “--“(decrement) operator တွေမှာ prefix နှင့် postfix ဆိုတဲ့အမျိုးအစားနှစ်မျိုးရှိပါတယ်၊ “++x” ဒီလိုရေးရင် prefix ပါ၊ “x++” ဒီလိုဆိုရင်တော့ postfix ပါ။ ကွာခြားချက်ရှိပါတယ်၊ prefix ကတစ်တိုးပြီးတော့မှ တန်ဖိုးကိုထုတ်ပေးပြီး၊ postfix ကတော့တန်ဖိုးကိုအရင်ထုတ်ပေးပြီးမှ တစ်တိုးပါတယ်။ ဥပမာပြပါမယ်၊

int x = 5;


System.out.println(++x);  //ဒါဆိုရင်အဖြေက ၆ ပါ

 

int y = 5;

System.out.println(y++);  //ဒါဆိုရင်အဖြေက ၅ ပါ

System.out.println(y);  //အဖြေက ၆ ပါ

ပိုနားလည်အောင်ထပ်ရှင်းပြပါမယ်၊ System.out.print(x++); ဆိုတဲ့ကုဒ်တစ်ကြောင်းဟာ System.out.print(x); x += 1; ဆိုတဲ့ကုဒ်နှစ်ကြောင်းနဲ့တူပါတယ်။

 

အခြေအနေစစ်ဆေးတဲ့ (conditional operator) ကိုတော့နောက်ပိုစ့်ကျမှ “if” အကြောင်းနှင့်တွဲဖက်ရှင်းပြပါမယ်။

Previous : Java Tutorial 4

Next : Java Tutorial 6

Thursday, January 16, 2014

January 2014 အတွက် top-20 programming languages များ

Programming languages များကို လေ့လာနေသူများအတွက် ၂၀၁၄ january လမှာ TIOBE က ထုတ်ပြန်လိုက်တဲ့ languages တွေရဲ့ top 20 အစဉ်လိုက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ဇယားကို ကြည့်ပြီး ဘယ် programming language က  အနာဂတ်အတွက် အခြေအနေကောင်းပြီး အလုပ်အကိုင် အခွင့်လမ်းတွေ ပိုမို ပေးစွမ်းနိုင်မလဲ ဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ Transact-SQL ကတော့ ၂၀၁၃ ခုနှစ်အတွင်းမှာ အသုံးပြုနှုန်းတိုးတက်လာတဲ့အတွက် TIOBE ရဲ့ TIOBE programming language award ကို ရရှိခဲ့တာကို တွေ့ရပါတယ်။ Transact-SQL ဟာ ဒီ award ကို ရရှိသွားတာဟာ ဘာကြောင့်လဲဆိုရင် Microsoft ရဲ့ SQLServer database engine ဟာ အသုံးပြုသူနည်းလာပြီ   popularity နည်းလာလို့ပဲ ဖြစ်ပါတယ်။


အခုနောက်ပိုင်း Mobile app develop ဟာ popular ဖြစ်လာတဲ့အလျောက် JAVA (for android) နဲ့ Objective-C (for iOS) တွေဟာ ဇယားမှာ နံပါတ် ၂ နဲ့ ၃ ကို ရယူနိုင်နေပြီ ဖြစ်ပါတယ်။ C language ကတော့ hardware ကို ကိုင်တွယ်ရမယ့် နေရာတွေနဲ့ engineers တွေ က အသုံးပြုမှုများနေတဲ့ အတွက် နံပါတ် ၁ နေရာကို ပိုင်ဆိုင်ထားနိုင်တာဖြစ်ပါတယ်။ C language ဟာ Hacker တွေရဲ့ အသုံးပြုမှုအများဆုံး language ထဲမှာ ပါဝင်တဲ့ language လည်း ဖြစ်ပါတယ်။ အရင်ကာလများက နံပါတ်အနိမ့်ပိုင်းကို ရောက်နေပေမယ့် အခု Window Phone တွေအတွက် app တွေ ရေးသားလာမှု ရှိလာတဲ့အတွက် C# language ဟာ နံပါတ် ၅ နေရာကို ပိုင်ဆိုင်လာနိုင်တာ ဖြစ်ပါတယ်။


Web development နဲ့ ပတ်သက်ပြီး PHP ကတော့ နံပါတ် ၆ နေရာမှာ ရပ်တည်နိုင်နေတာကို တွေ့ရပါတယ်။ PHP ဟာ ဒေးဗစ်မိုယက် Everton football အသင်းမှာ ရှိနေစဉ်ကာလတုန်းကလို ဇယားရဲ့ ၆, ၇, ၈, ၉ စတဲ့နေရာတွေမှာ အတက်အဆင်းလုပ်နေတာကို တွေ့ရပါတယ်။ သူနဲ့ Visual Basic ကတော့ တစ်လှည့်စီ အတက်အဆင်းလုပ်နေတတ်ပါတယ်။ Python ဟာလည်း လေ့လာနိုင်ရင် အသုံးဝင်တဲ့ scripting programming language ဖြစ်ပါတယ်။ သူဟာ နံပါတ် ၈ နေရာမှာ ရောက်နေပြီး သူ့ရဲ့ အောက်မှာတော့ JavaScript က ကပ်ရပ်နေရာယူထားတာကို တွေ့ရပါတယ်။


ဒီ language တွေရဲ့ popularity အပြောင်းအလဲကို TIOBE က လတိုင်းထုတ်ပြန်သလို ကျွန်တော်ကလည်း မြန်မာကျောင်းသားတွေနဲ့ developres တွေအတွက် ဒီ site လေးမှာ ပြန်လည်ဖော်ပြပေးပါ့မယ်။




TIOBE Index for January 2014

















































































































































































Jan 2014Jan 2013ChangeProgramming LanguageRatingsChange
11C17.871%+0.02%
22Java16.499%-0.92%
33Objective-C11.098%+0.82%
44C++7.548%-1.59%
55C#5.855%-0.34%
66PHP4.627%-0.92%
77(Visual) Basic2.989%-1.76%
88Python2.400%-1.77%
910JavaScript1.569%-0.41%
1022Transact-SQL1.559%+0.98%
1112Visual Basic .NET1.558%+0.52%
1211Ruby1.082%-0.69%
139Perl0.917%-1.35%
1414Pascal0.780%-0.15%
1517MATLAB0.776%+0.14%
1645F#0.720%+0.53%
1721PL/SQL0.634%+0.05%
1835D0.627%+0.33%
1913Lisp0.604%-0.35%
2015Delphi/Object Pascal0.595%-0.32%





အခြားထင်ရှားတဲ့ languages များ....




































































































































































PositionProgramming LanguageRatings
21Logo0.592
22SAS0.585
23PostScript0.520
24Assembly0.495
25PL/I0.488
26ABAP0.474
27COBOL0.461
28Fortran0.412
29Lua0.375
30Ladder Logic0.369
31C shell0.355
32Tcl0.351
33Scala0.337
34RPG (OS/400)0.337
35Max/MSP0.331
36Go0.326
37OpenEdge ABL0.310
38ActionScript0.308
39ML0.292
40Ada0.280
41Common Lisp0.275
42cT0.268
43Haskell0.265
44R0.252
45JScript.NET0.246
46Emacs Lisp0.242
47Prolog0.220
48Modula-30.215
49Scheme0.213
50S-PLUS0.212



မှတ်ချက်။     ။ TIOBE ဟာ language တွေရဲ့ popularity ကို ပဲ လစဉ်ထုတ်ပေးတာ ဖြစ်ပါတယ်။ အကောင်းဆုံး language ကို ထုတ်ပြန်တာ     မဟုတ်ပါဘူး။ အကောင်းဆုံး language ဆိုတာ သင်ရေးမယ့် project အပေါ်မှာလည်း မူတည်နိုင်ပါသေးတယ်။ TIOBE ဟာ search engine တွေက ရှာဖွေမှုများခြင်းမများခြင်းဆိုတဲ့ အချက်တွေ developers တွေ engineers တွေရဲ့ အသုံးပြုမှုအနည်းအများ စတဲ့အချက်တွေပေါ်မှာ မူတည်ပြီး popularity ကို တွက်ထုတ်ပေ့းတာဖြစ်ပါတယ်။



credit: tiobe

ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ၏ ဘွဲ့နှင်းသဘင် အခမ်းအနား - အချိန်

Ph.D(IT), M.C.Sc., M.C.Tech., B.C.Sc.(Hons), B.C.Tech.(Hons), B.C.Sc., B.C.Tech. ဘွဲလျှောက်ထားသူများ အားလုံးအနေဖြင့် အစမ်းလေ့ကျင့်မည့်ရက်မှာ 7.2.2014(သောကြာနေ့)ဖြစ်ပြီး ဘွဲ့နှင်းသဘင် ကျင်းပမည့်ရက်ကတော့ 8.2.2014(စနေနေ့) ဖြစ်ပါတယ်။ ကျင်းပမည့် နေရာကတော့ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ ဘွဲ့နှင်းသဘင်ခန်းမပဲဖြစ်ပါတယ်။ အစမ်းလေ့ကျင့်မည့်ရက်ကို ပျက်ကွက်သူများအား ဘွဲ့နှင်းသဘင်သို့ တက်ရောက်ခွင့်မပြုပါ။
ဘွဲ့ဝတ်စုံ ငှားရမ်းရန် ထောက်ခံစားများကို (31-1-2014) သောကြာနေ့မှ စပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် စာမေးပွဲနှင့် ဘွဲ့နှင်း သဘင်ဌာနတွင် စတင်ထုတ်ပေးမည်ဖြစ်ပါသည်။


ucsy graduation ceremony


credit to: https://www.facebook.com/UCSY.Daily.News?ref=hl

Updated Skype iOS app for iPhone 5S and new iPads

iPhone 5S နဲ့ iPad တွေမှာ အသုံးပြုနေတဲ့ Skype app တွေကို update လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ update လုပ်ပေးလိုက်တဲ့ အတွက် high quality video call တွေခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် chat notifications ကိုလည်း အရင်ကထက်ပိုကောင်းအောင် update လုပ်ပေးထားတာကို တွေ့ရပါတယ်။ iPhones အတွက် update လုပ်ပေးလိုက်တဲ့ skype app ဟာ two-way video call ကို support ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် iPad အတွက် ထုတ်လုပ်ပေးထားတဲ့ Skype app ဟာလည်း iPad Air နဲ့ iPad mini (with Retina Display) ပေါ်မှာ အသုံးပြုနိုင်အောင် update လူပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီ iPad နဲ့ iPhone အတွက် update လုပ်ပေးလိုက်တဲ့ Skype app နှစ်ခုစလုံးဟာ skype chats အတွက် push notifications တွေကို support ပေးနိုင်မှာ ဖြစ်ပါတယ်။ update လုပ်ပေးလိုက်တဲ့အတွက် အရင်ကထက်ပိုပြီး devices တွေနဲ့ မြန်မြန်ဆန်ဆန် sync လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


အောက်မှာ download link တွေပေးလိုက်ပါတယ်နော်….


Free for iPhone (click here for Download)


Free for iPad  (click here for Download)


credit: iMore

Wednesday, January 15, 2014

Java Tutorial 4

Java Tutorial 4 (Variable)

Program တစ်ခုအလုပ်လုပ်နေချိန်မှာ လိုအပ်တဲ့ data တွေကို memory ပေါ်မှာသိမ်းထားလေ့ရှိပါတယ်၊ ကျွန်ပ်တို့ programmer တွေအနေနဲ့ဒီ data တွေကိုဘယ်လိုကိုင်တွယ်မလဲလို့ မေးစရာရှိပါတယ်၊ variable တွေကနေတဆင့်ကိုင်တွယ်နိုင်ပါတယ်။ သင်္ချာသင်ဖူးသူတိုင်းသိကျမှာပါ သင်္ချာမှာ x, y ,z ဆိုတဲ့စကားလုံးတွေကို တန်ဖိုးတွေပေးထားပြီး equation တွေထဲမှာအဲဒီတန်ဖိုးတွေကို အစားထိုးပြီးတွက်ပါတယ်။ variable တွေကအဲဒီသဘောတရားနဲ့ဆင်တူပါတယ်၊ variable တစ်ခုကို နာမည်တပ်ပေးလိုက်ပြီး အဲဒီ variable ထဲကိုတန်ဖိုးတစ်ခုခုထည့်လိုက်ပါမယ်၊ ပြီးတော့အဲဒီ့ variable ရဲ့နာမည်ကနေတစ်ဆင့် သူရဲ့တန်ဖိုးကိုပြောင်းလဲနိုင်ပါတယ်။ လူတစ်ယောက်ရဲ့နာမည်ကိုခေါ်ပြီး အဲဒီ့လူကိုအလုပ်လုပ်ခိုင်းသလိုမျိုး၊ variable ရဲ့နာမည်ကိုခေါ်ပြီး အဲဒီ့ variable ကိုကိုင်တွယ်နိုင်ပါတယ်။ variable တစ်ခုကိုတန်ဖိုးတစ်ခုပဲ သိမ်းထားပေးပါတယ်။

Variable တစ်ခုကို system ကသိအောင် ဒီလိုကြော်ငြာရပါတယ်။ ဒီသဘောတရားကို သင်နားမလည်ရင် စိတ်မပူပါနဲ့ ဆက်ဖတ်ပါ။

int var1;

 

Variable ရဲ့အမျိုးအစား

Variable တွေရဲ့တန်ဖိုးတွေမှာ အမျိုးအစားတွေကိုယ်စီရှိကျပါတယ်၊ ဥပမာ variable ရဲ့တန်ဖိုးဟာ ဂဏန်းလား စကားလုံးတွေလား ဒါမှမဟုတ်တခြား အမျိုးအစားလားဆိုတာသူ့ရဲ့ type (အမျိုးအစား)ကသတ်မှတ်ပေးပါတယ်။ java မှာ variable ကြော်ငြာရင်သူ့ရဲ့ type ကိုမဖြစ်မနေထည့်ပေးရပါမယ်၊ ဘာကြောင့်လဲဆိုတော့ java ဟာ strongly typed language တစ်ခုဖြစ်လို့ပါ၊ ဒါကြောင့် type ကိုသတ်မှတ်ပေးဖို့လိုပါတယ်။ java မှာအဓိကအကျဆုံး type က ၈ ခုရှိပါတယ်၊ ၄ ခုက integer type ဖြစ်ပါတယ်၊ ၂ ခုကတော့ floating point number type ဖြစ်ပါတယ်၊ ၁ ခုက character type ဖြစ်ပြီးနောက်ဆုံးတစ်ခုက Boolean type ဖြစ်ပါတယ်။ ဒီ ၈ ခုလုံးကိုအောက်မှာရှင်းပြထားပါတယ်။

 

Integer Type

Integer type ဆိုတာ ကိန်းဂဏန်းတွေကိုသိမ်းဖို့ပါ၊ ကိန်းပြည့်တွေကိုပဲ သိမ်းဆည်းပေးပါတယ်၊ အပေါင်းကိန်းကိုသာမက အနုတ်ကိန်းကိုပါသိမ်းပေးနိုင်ပါတယ်။ ဒါပေမဲ့သူ့မှာကန့်သတ်ချက်တစ်ခုရှိပါတယ်၊ သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေကိုသာသိမ်းပေးနိုင်ပါတယ်။ integer type မှာအမျိုးအစားလေးမျိုးရှိပါတယ်။ ပထမက int ပါ သူ့ရဲ့တန်ဖိုးက -2,147,483,648 ကနေ 2,147,483, 647 ထိဖြစ်ခွင့်ရှိပါတယ်။ ဒုတိယကတော့ short ဖြစ်ပါတယ် တန်ဖိုးက -32,768 ကနေ 32,767 ထိပါ၊ တတိယက long လို့ခေါ်ပြီး တန်ဖိုးက -9,223,372,036,854,775,808 ကနေ 9,223,372,036,854,775,807 ထိပါ၊ သူကအများဆုံးပါပဲ၊ နောက်ဆုံးတစ်ခုက byte တဲ့ တန်ဖိုးကတော့ –128 ကနေ 127 အထိပဲရှိပါတယ်၊ အနည်းဆုံးပါပဲ။ ဒီထဲမှာအသုံးအများဆုံးကတော့ int ပါ။ java မှာရှိတဲ့ဒီတန်ဖိုးတွေက ကိန်းသေတွေပါ၊ ဆိုလိုတာက platform တွေ operating system တွေပြောင်းသွားပါစေ မပြောင်းလဲတာကတော့ ဒီတန်ဖိုးတွေပါပဲ၊ ဒါပေမဲ့ C မှာတော့အဲလိုမဟုတ်ပါဘူး၊ C မှာကတော့ compiler ပေါ်မူတည်ပြီး တန်ဖိုးအမျိုးမျိုးကွဲပါတယ်၊ 32-bit integer, 16-bit integer စသည်ဖြင့်ပေါ့။ ဒီတော့ C မှာက 32-bit processor ပေါ်မှာ run နိုင်တဲ့ program ဟာ 16-bit processor ပေါ်မှာ run တဲ့အခါ integer overflow (processor ပေါ်မှာ integer မသိမ်းနိုင်တဲ့ error) ဖြစ်လာနိုင်ပါတယ်။ integer type ဖြစ်တဲ့ variable တွေကြော်ငြာရာမှာ ရှိသင့်တဲ့ကန့်သတ်ချက်ထက် ကျော်လို့မရပါဘူး။ ဥပမာ-

int x = -2147483648;   //ဒါဆိုမှန်ပါတယ်

int x = -2147483649;  //ဒါဆိုမှားပါတယ်

int x = 2000000000;  //ဒါဆိုမှန်ပါတယ်

int x = 3000000000;  //ဒါဆိုမှားပါတယ်

short x = 200;  //ဒါဆိုမှန်တယ်

 

Floating-Point Type

ဒီ type ရဲ့တန်ဖိုးတွေက ဒသမကိန်းတွေပါ၊ ပထမတစ်ခုက float တဲ့သူ့ကန့်သတ်ချက်က decimal တန်ဖိုး ၆  လုံး ၇ လုံးလောက်ရှိပါတယ်၊ ဒုတိယက double ပါသူ့ကန့်သတ်ချက်က decimal တန်ဖိုး ၁၅ လုံးလောက်ရှိပါတယ်။ ဒီနှစ်ခုမှာအသုံးများတာက double ပါ။ ဒီ floating-point ကိုငွေကြေးတွက်ချက်တဲ့ နေရာမှာသုံးမယ်ဆိုအဆင်မပြေပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒသမတန်ဖိုးကြောင့်ပါ၊ ဒီကုတ် System.out.print(2.0 – 1.1); ကို run ကြည့်ရင် 0.8999999999999999 လို့ထွက်လာလိမ့်မယ်၊ 0.9 လို့တော့ထွက်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ floating point တွေကို binary number system နဲ့တွက်ထားလို့ပါ။

 

Char Type

Char type ကိုအင်္ဂလိပ်အက္ခရာ တစ်လုံးကိုဖော်ပြတဲ့နေရာမှာ သုံးပါတယ်။ သူက 16-bit Unicode character ဖြစ်ပါတယ်၊ အနိမ့်ဆုံး '\u0000' ကနေအမြင့်ဆုံး ‘\uffff’ ထိရှိပါတယ်။ တကယ်တော့ဒီ char type ကအသုံးနည်းပါတယ်၊ သူ့အစား string ကိုသုံးကျပါတယ်။

 

Boolean Type

ဒီ type ကတော့ တန်ဖိုးနှစ်မျိုးပဲရှိပါတယ် true နှင့် false ပါပဲ။ အမှား အမှန် စစ်ဆေးတဲ့နေရာမှာသုံးပါတယ်။

 

Variable ကိုအသုံးပြုနည်း

Variable ကိုမသုံးခင် အရင်ဆုံးကြော်ငြာရပါတယ်၊ variable ကြော်ငြာတဲ့အခါနောက်ဆုံးမှာ ; ထည့်ပေးရပါမယ်။ ဒီလိုပေါ့ -

double salary;

int days;

boolean isOK;

 

variable ကြော်ငြာတဲ့နေရာမှာ ရှေ့ဆုံးက variable type ဖြစ်ပြီး နောက်ကတော့ variable ရဲ့နာမည်ပါပဲ။ variable ရဲ့နာမည်ဟာ letter(ကိန်းဂဏန်းမဟုတ်သော အက္ခရာစဉ်) နဲ့စတင်ရပြီး နောက်ပိုင်းကတော့ letter(အက္ခရာစဉ်)ရော digit(ကိန်းဂဏန်း)ရော ဖြစ်ခွင့်ရှိပါတယ်၊ ဒါပေမဲ့ special character နှင့် space တော့ပါလို့မရပါဘူး။ variable ရဲ့နာမည်နဲ့ java language ထဲမှာပါတဲ့ java language ကအသုံးပြုတဲ့ စကားလုံးတွေနဲ့တူလို့မရပါဘူး၊ ဥပမာ -

int public;  //မှားပါတယ်၊ public ဆိုတာ java ရဲ့ reserved word ဖြစ်နေပါတယ်

boolean class;  //မှားပါတယ်

 

စာတစ်ကြောင်းထဲမှာ “ , ” ကိုသုံးပြီး variable နှစ်ခုကြော်ငြာလို့ရပါတယ်။ int i, j;

 

တန်ဖိုးသတ်မှတ်ပေးခြင်း

Variable တွေကိုတန်ဖိုးမသတ်မှတ်ပဲ သုံးလို့မရပါဘူး၊ သုံးရင် error တက်ပါတယ်။ တန်ဖိုးကိုဒီလိုပေးရပါတယ် -

int i;  //declaration

i = 20;  //တန်ဖိုးသတ်မှတ်ပေးခြင်း

 

တစ်ကြောင်းထဲမှာ ကြော်ငြာတာရော တန်ဖိုးသတ်မှတ်တာရော ပေါင်းရေးလို့ရပါတယ်။

int i = 20;

 

တန်ဖိုးကို ခဏခဏပြောင်းလို့ရပါတယ်။

int days = 12;

days = 7;

 

variable ရဲ့တန်ဖိုးကို console ပေါ်မှာပေါ်စေချင်ရင် ဒီလိုရေးရပါတယ်။

int i = 5;

int days = 7;

System.out.println(i);

System.out.print(days);

 

ကိန်းသေ

ကိန်းသေဆိုတာ variable တစ်မျိုးပါပဲ၊ သူ့ရဲ့တန်ဖိုးကို တစ်ခါပေးပြီးရင် ထပ်ပြောင်းလို့မရပါ သူ့တန်ဖိုးကအသေပါပဲ။ ကိန်းသေ variable ကိုဒီလိုကြော်ငြာပါတယ်။

final double CM_PER_INCH = 2.54;

 

class ရဲ့ကိန်းသေ variable ကိုတော့ static ထည့်ပြီးကြော်ငြာရပါတယ်။

static final double CM_PER_INCH = 2.54;

 

အောက်ကနမူနာကို run ကြည့်ပါ။ “Paper.java” ဆိုတဲ့ ဖိုင်နာမည်နှင့်သိမ်းပါ။

public class Paper

{

public static final double CM_PER_INCH = 2.54; //class’s constant variable

public static void main(String[] args)

{

double paperWidth = 8.5;

double paperHeight = 11;

System.out.println("Paper size in centimeters: "

+ paperWidth * CM_PER_INCH + " by " + paperHeight * CM_PER_INCH);

}

}

 

Previous : Java Tutorial 3

Next : Java Tutorial 5

သင့်ရဲ့ PC ကို ဖုန်းနဲ့ Reboot လုပ်ချင်ပါသလား ????

Xda forum member တစ်ယောက်ဖြစ်တဲ့ lastspartan09 ဟာ Droid Remote ဆိုတဲ့ app တစ်ခုကို 2012 ခုနှစ်တုန်းက တီထွင်ခဲ့ပါတယ်။ ဒီ app လေးဟာ သင့်ရဲ့ computer နဲ့ mobile phone ကို WiFi network နဲ့ ချိတ်ဆက်ပြီး phone ကနေတစ်ဆင့် computer ကို shutdown, reboot, hibernate လုပ်နိုင်အောင် စီစဉ်ထားတဲ့ app လေးဖြစ်ပါတယ်။


ဒီ action တွေကို ရိုးရှင်းတဲ့ button လေးခုနဲ့ user interface ကို တည်ဆောက်ထားတာကို တွေ့ရပါတယ်။ Timer ပေးပြီး သင်ပိတ်ချင်တဲ့အချိန်မှာ computer ကို ပိတ်လို့ရအောင် စီစဉ်ထားနိုင်တာကိုလည်း တွေ့ရပါတယ်။


အောက်က LINK မှာ ဘယ်လို အသုံးပြုရမယ်ဆိုတာနဲ့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်….


http://forum.xda-developers.com/showthread.php?t=2053721


credit: xda-developers