ပြိုင်ပွဲဝင် များမှာ English & Logic Test ရေးဖြေစာမေးပွဲ ကိုဖြေဆိုရကြောင်း၊ ပြိုင်ပွဲဝင်များကို Essay၊ အရပ်အမောင်း ကိုယ်ခန္ဓာအချိုးအစား၊ Logic ၊ နှင့် English အရည်အချင်းတို့ဖြင့် ဆုံးဖြတ်အမှတ်ပေးကြောင်း သိရှိရပါတယ်။
Miss University Myanmar 2014 Winner အနေနဲ့ ဖော်ပြပါ ဆုများ၊ အဆောင်အယောင်များနဲ့ အခွင့်အလမ်းများစွာကို ရရှိစေမှာ ဖြစ်ပါတယ်..
၁. ခရမ်းစွဲကျောက်ကို စိန်များဖြင့် စီချယ်ထားကာ ရွှေအတိပြီးစေမဲ့ သရဖူကြီး(တန်ဖိုး ငွေကျပ် သိန်း ၁၃၀ ကျော်)အား တစ်နှစ်တာ အသုံးပြုခွင့်
၂. ပညာသင်ထောက်ပံ့ကြေး သိန်း ၃၀ကျပ်
၃. အထူး စလွယ်တစ်ခု
၎. နိုင်ငံတကာ MISS ပြိုင်ပွဲများကို ထောက်ပံ့စေလွှတ် ယှဉ်ပြိုင်စေခြင်း (ဥပမာ ကိုရီးယားနိုင်ငံတွင် ကျင်းပသည့် World Miss University ပြိုင်ပွဲ)
၅. Next Fashion မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်နှင့် Fashion Spread Section တွင် ဖော်ပြခွင့်
၆. ရတီ မဂ္ဂဇင်းကြီးရဲ့ အလှ စာမျက်နှာများတွင် ဖော်ပြခွင့်
၇. နိုင်ငံတကာ မဂ္ဂဇင်းကြီးဖြစ်သည့် Stuff Myanmar မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင် ဖြစ်ခွင့်
၈. Organizer ဖြစ်သည့် August Myanmar Media Group မှ ဆက်လက် လုပ်ဆောင်သွားမည့် Entertainment လုပ်ငန်းစဉ်များတွင် တစ်နှစ်တာလုံးပါဝင်ခွင့်
၉. Sponsor Companies များမှ ပေးအပ်မဲ့ အခြားအခြားသော ဆုလက်ဆောင် ပစ္စည်းများ၊ အခွင့်အရေးများ နဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့ပေါင်းများစွာ
Mister University Myanmar 2014 Winner အတွက်
၁. ပညာသင် ထောက်ပံ့ကြေး သိန်း ၃၀ ကျပ်
၂. အထူး စလွယ်တစ်ခု
၃. Mr. (Mister) မဂ္ဂဇင်းရဲ့ စာမျက်နှာများတွင် ဖော်ပြခွင့်
၎. next! magazine myanmar ရဲ့ Men Section တွင် မျက်နှာဖုံးရှင် ဖြစ်ခွင့်
၅. Organizer ဖြစ်သည့် August Myanmar Media Group မှ ဆက်လက် လုပ်ဆောင်သွားမဲ့ Entertainment လုပ်ငန်းစဉ်များမှာ တစ်နှစ်တာလုံးပါဝင်ခွင့်
၆. Sponsor Companies များမှ ပေးအပ်မဲ့ အခြားအခြားသော ဆုလက်ဆောင် ပစ္စည်းများ၊ အခွင့်အရေးများ နဲ့ ပညာရေးဆိုင်ရာ အထောက်အပံ့ပေါင်းများစွာ
လက်ရှိအခြေအနေတွင် Level 2 သို့တက်ရောက်လာခဲ့သော Miss University ပြိုင်ပွဲဝင်ကျောင်းသူ ၂၈ ယောက်ရှိကြောင်း https://www.facebook.com/media/set/?set=a.1439558132940036.1073741845.1429037253992124&type=1 တွင်ကြည့်ရှုနိုင်ပါတယ်။
Level 2 သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်သော UCSY မှ မခြူးပန်းနွယ်၊ မမြတ်နိုးခင်၊ နှင့် မလွင်မေဦး တို့အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။
ခြူးပန်းနွယ်
အသက် - ၁၉ နှစ်
ခါးနံပါတ် - ၁၁

မြတ်နိုးခင်
အသက် - ၁၉ နှစ်
ခါးနံပါတ် - ၁၂

လွင်မေဦး
အသက် - ၁၉ နှစ်
ခါးနံပါတ် - ၂၄

ucsy ကျောင်းသူတွေ ဆု ရပါစေလို့ ဆုတောင်းပေးပါတယ်နော်.....
ReplyDelete