Friday, January 10, 2014

iPhone 6 (Coming Soon)

Apple ဟာ iPhone 5S နဲ့ iPhone 5C တို့ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ Apple ဟာ နောက်ထက် Numbered iPhone ကို မထုတ်လုပ်ခင်မှာ S model ကို အရင်ထုတ်လုပ်လေ့ ရှိပါတယ်။ အခုလည်း iPhone 5S ကို Release လုပ်ပြီး ဖြစ်တဲ့အတွက် iPhone 6 ကို ၂၀၁၄ မှာ Release လုပ်မယ်လို့ ပြောကြားနေတဲ့ သတင်းတွေ ၊ ကောလဟာလတေဟာ အမှန်တစ်ကယ် ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။ Samsung ၊ Sony နဲ့ HTC တို့ဟာ Galaxy S4 ၊ Xperia Z1 နဲ့ One စတဲ့ ဖုန်းတွေကို ထုတ်လုပ်ပြီး ဈေးကွက်မှာ ထိုးဖောက်ရောင်းချနေတဲ့ အချိန်မှာ Apple ဟာလည်း iPhone 6 ကို ထုတ်လုပ်ရောင်းချမယ် ဆိုတာ ဖြစ်နိုင်ဖွယ်ရာ ရှိတဲ့ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။


တစ်ကယ်လို့ Apple ဟာ iPhone 6 ကို release လုပ်မယ်ဆိုရင် ဘယ်လို Hardware specs တွေ ပါဝင်လာနိုင်တယ်ဆိုတာကို သူ့ရဲ့ စမ်းသပ်ထုတ်လုပ်ထားတဲ့ prototypes တွေကို လေ့လာကြည့်ပြီး ခန့်မှန်းကြည့်ရအောင်လားဗျာ။


Business Insider ရဲ့ ပြောပြချက်အရ iPhone 6 ရဲ့ prototype တစ်ခုဟာ Retina+ IGZO display ကို အသုံးပြုထားတဲ့အပြင် home button မပါဝင်ဘဲ design ပြုလုပ်ပြီး ထုတ်လုပ်တားတယ်လို့ သိရပါတယ်။ ဒီ prototype မှာ Gesture control ပါဝင်နိုင်ပြီး Apple ရဲ့ Touch ID finger print technology ကို သေချာပေါက် အသုံးပြုထားမယ်လို့ Business Insider က ခန့်မှန်းထားတာကို တွေ့ရပါတယ်။


နောက်ထွက်လာမယ့် iPhone 6 မှာ Retina+ Sharp IGZO display (support 1080p Full HD resolution) ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် Apple ဟာ magical morphing technology ကို အသုံးပြုပြီး sensors နဲ့ cameras တွေကို hide လုပ်ပြီး ထုတ်လုပ်လာနိုင်ဖွယ်ရာ ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ iPhone 6 ဟာ screen size ကို 4.7-inch နဲ့ 5.7-inch ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်လုပ်လာနိုင်တယ်လို့လည်း သတင်းတွေထွက်နေပါတယ်။


iPhone 6 ရဲ့ storage ဟာ 128GB ရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ iPhone 6 ဟာ iOS 8 နဲ့ ထုတ်လုပ်လာနိုင်ဖွယ်ရာရှိပြီး quard-core A8 or A7 processor ကို အသုံးပြုလာနိုင်ပါတယ်။ 13-megapixel sensor ပါဝင်တဲ့ ကင်မရာကို အသုံးပြုလာနိုင်ပြီး eye tracking features နဲ့ wireless charging features တွေကို ထည့်သွင်း အသုံးပြုလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။


ဘယ်လိုပဲ ခန့်မှန်းနေပါစေ အမှန်တစ်ကယ်ထွက်ရှိလာတဲ့အခါမှာ ဘယ်လို ကောင်းမွန်တဲ့ Hardware တွေ နဲ့ ဘယ်လို ကောင်းမွန်တဲ့ features အသစ်တွေကို အသုံးပြုပြီး ထုတ်လုပ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အမှန်တစ်ကယ် iPhone 6 ထွက်ရှိလာတဲ့ အခါမှာ သူ့ရဲ့ အသေးစိတိအချက်အလက်တွေကို itstudentpro.com မှာပဲ ဆက်လက်ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


credit: http://www.techradar.com


iPhone 6 chasing

1 comment:

  1. About Website TechCrunch is a leading technology media property, dedicated to obsessively profiling startups, reviewing new Internet products, and breaking tech news.
    gta 5 apk

    ReplyDelete