Sunday, January 12, 2014

Java Tutorial 2

Java Tutorial 2(Preparing environment for java coding)

ဒီပို့စ်မှာတော့ java program ကိုစတင်ရေးသားပါမယ်၊ program ကိုမရေးခင်လိုအပ်ချက်တွေကို အရင်ဖြည့်ဆည်းရပါမယ်။ ဘာလိုအပ်သလဲဆိုတာ စာဖတ်သူကို ကိုယ်တိုင်စဉ်းစားကြည့်စေချင်ပါတယ်၊ ကျွန်တော့်ရဲ့ပထမပိုစ့်က အချက်အလက်တွေကို အသုံးပြုပြီးစဉ်းစားပါ။ ကျွန်တော်စဉ်းစားပြမယ် java language မှာ developer ရဲ့ source code တွေကို JVM က byte-code အဖြစ်ပြောင်းပေးတယ်၊ JVM ဆိုတာစက်တိုင်းမှာမရှိဘူး ဒါဆို JVM လိုတာပေါ့၊ ဒါဆိုတစ်ခုရပြီ၊ နောက်တစ်ခုက program ရေးပြီဆိုမှတော့ Editor ကောင်းကောင်းလိုပြီပေါ့။ ကောင်းပြီ java ရေးဖို့လိုအပ်တဲ့ JVM ဆိုတာ Java Development Kit(JDK) နှင့် Java Runtime Environment(JRE) ထဲမှာပါဝင်ပါတယ်။

 

Java run ပေးသူ(JRE)

JDK ဆိုတာ Java Developer တွေအတွက်ပါ သူ့မှာ Java API ပါပါတယ်၊ JRE ဆိုတာ Java ကို run နိုင်ရုံသက်သက်ပါပဲ။ နှစ်ခုစလုံး Oracle ဝဘ်ဆိုဒ်မှာဒေါင်းလုပ်ရယူနိုင်ပါတယ်၊ Java program ရေးမယ်ဆိုရင် JDK ကိုဒေါင်းပါ၊ JDK ကို install လုပ်တဲ့အခါ JRE ပါတစ်ခါတည်း auto install လုပ်ပေးပါတယ်၊ ဒါကြောင့် JDK ကိုဒေါင်းတဲ့အခါ JRE ကိုဒေါင်းစရာမလိုပါဘူး၊ ဒါပေမဲ့ JRE ကိုပဲဒေါင်းထားရင်တော့ JDK ကိုဒေါင်းဖို့လိုပါတယ်။ java library ရဲ့ reference ကို Oracle ဆိုဒ်မှာပဲဒေါင်းနိုင်ပါတယ်၊ Oracle က Sun Micro System ကိုဝယ်ထားတာပါ။

JDK ကိုသွင်းပြီးသွားရင် ကိုယ့်စက်ရဲ့ system variable ထဲမှာ path လမ်းကြောင်းပေးရပါမယ်၊ ဒါမှ Operating System(OS) ကရှာတွေ့နိုင်မှာပါ။

UNIX, Solaris နှင့် Linux OS တွေအတွက် shell language ပေါ်မူတည်ပြီးကွဲပြားပါတယ်၊ C shell အတွက်ဆိုရင် “set path=(/usr/local/jdk/bin $path)” လို့ command မှာရိုက်ရပါတယ်၊ Bourne Again shell ဆိုရင် “export PATH=/usr/local/jdk/bin:$PATH” လို့ command မှာရိုက်ရပါတယ်။

Windows အတွက်တော့ “MyComputer” ကို right click နှိပ်ပါ ပြီးတော့ဘယ်ဘက်အခြမ်းက “Advanced System Settings” ကိုနှိပ်ပါ ပြီးတော့ “Environment Variables” ကိုနှိပ် ပြီးတော့ပေါ်လာတဲ့ box မှာ အပေါ်ကအခြမ်းမှာ “New” ကိုနှိပ် “Variable name” မှာ “path” သို့ “PATH” လို့ပေး၊ “Variable value” မှာ ကိုယ့်စက်ထဲက java install လမ်းကြောင်းကိုပေး ဥပမာ “C:Program FilesJavajdk1.7.0_04bin;” ၊ တကယ်လို့ D အောက်ထဲက “jdk” folder ထဲမှာဆိုရင် “D:jdkbin;” လို့ပေး။

ကိုယ်ပေးထားတာမှန်လားမမှန်လား သိချင်ရင် command line မှာ “java” လို့ရိုက်ကြည့်၊ “java: command not found” သို့ “The name specified

is not recognized as an internal or external command, operable program or batch file” ဆိုတဲ့စာသားပေါ်လာရင် ကိုယ်လုပ်ထားတာ တခုခုလွဲနေပြီ။

 

Editor ရွေးရအောင်

မိမိနဲ့အဆင်ပြေတဲ့ editor ကိုရွေးချယ်တာအကောင်းဆုံးပါဘဲ၊ NetBeans, Eclipse စတဲ့ IDE မျိုးကတော့လူသုံးများပါတယ်၊ project တွေကိုမြန်မြန်ဆန်ဆန်ရေးချင်ရင် အဲဒီ့ IDE တွေကကောင်းပါတယ်။ Notepad နဲ့ .java file တစ်ခုချင်းစီရေးပြီး compile လုပ်ရင်လည်းရပါတယ်။ တချို့တွေကတော့ java စလေ့လာခါစမှာ Notepad လိုဟာမျိုးသုံးပြီး၊ နောက်ပိုင်းကျင့်သားရလာတဲ့အခါ project တွေရေးတဲ့အချိန်ကျမှ မြန်ဆန်အောင် NetBeans တို့ Eclipse တို့ကိုသုံးကျပါတယ်။ Java IDE တွေသုံးရင်တော့ ကိုယ်ရေးတဲ့ code ရဲ့အရေးအသား အမှားကိုသိနိုင်အောင် IDE ကဖော်ပြပေးပေမဲ့ notepad လိုဟာမျိုးမှာတော့ မဖော်ပြပေးနိုင်ပါဘူး၊ အဲဒီတော့စတင်လေ့လာသူတွေအနေနဲ့ အရေးအသားအမှားကို ကိုယ့်ဘာသာရှာဖွေနိုင်အောင် notepad လိုမျိုး editor ကိုသုံးသင့်ပါတယ်။

 

နမူနာတစ်ခုရေးရအောင်

Notepad နှင့်ရေးပြီး run တဲ့နည်းကိုအရင်ပြောပါမယ်၊ ပြီးမှ Java IDE နဲ့နည်းကိုပြောပါမယ်။ အောက်ကကုဒ်တွေကို notepad ထဲရေးပြီး “sample.java” ဆိုတဲ့နာမည်နဲ့ သိမ်းထားလိုက်ပါ၊ တခြားနာမည်နဲ့သိမ်းလည်းရပါတယ် ဒါပေမဲ့ အဆုံးမှာ .java ဖြစ်ပါစေ။

 

“Sample.java”

 

public class Sample {

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting ");

}

}

 

 

ပြေးပြီဟေ့ (Let’s run java)

Notepad နှင့်ရေးထားတဲ့ .java file ကို command line ကနေ compile လုပ်ရပါမယ်၊ compile လုပ်ဖို့ “javac” ဆိုတဲ့ command ကိုသုံးရမယ်ပုံမှာပြထားတဲ့အတိုင်းပါပဲ “javac Sample.java” လို့ command line မှာ ရိုက်လိုက်ပါ။ compile လုပ်ပြီးသွားရင် ကိုယ့်ရဲ့ဖိုင်သိမ်းထားတဲ့နေရာကို ကြည့်လိုက်ပါ၊ Sample.class ဆိုတဲ့ဖိုင်ကိုတွေ့ပါလိမ့်မယ် အဲဒီဖိုင်က byte-code ဖိုင်ပါပဲ။ အဲဒီဖိုင်ကို run ဖို့ command line မှာ “java Sample” လို့ရိုက်ပါ၊ သတိထားပါ “java Sample.class” မဟုတ်ပါဘူး “java Sample” ပါ။ အောက်ကပုံမှာ နမူနာပြထားပါတယ်။

 

No comments:

Post a Comment