Tuesday, January 7, 2014

SEO ဆိုတာဘာလဲ? (SEO Overview)

Search Engine Optimization (SEO) ဆိုတာ Search Engine တွေကို အသုံးပြုပြီး ကိုယ့် Website ကို "သဘာဝအတိုင်း" "ပိုက်ဆံပေးစရာမလိုဘဲ" Treffic ခေါ် User တွေရရှိလာအောင် ပြုလုပ်ခြင်းကိုခေါ်ပါတယ်.။ ယေဘုယျအားဖြင့် Search Engine ရဲ့ Result Page မှာ အစောဆုံး(အပေါ်ဆုံးမှာ) ပေါ်အောင်လုပ်တာမျိုး၊ အကြိမ်ရေများများ ပါဝင်အောင်လုပ်တာမျိုးကိုခေါ်တာပါ.။ ဒါမှသာ Search Engine ကတဆင့် ကိုယ့် Website ကို User များများဝင်ရောက်လာမှာဖြစ်ပါတယ်.။

SEO လုပ်ရာမှာ Search အမျိုးအစား အမျိုးမျိုးကို Target ထားပြီးလုပ်ကြပါတယ်.။ Webpage Search အပြင် Image Search, Local Search, Video Search, News Search နဲ့ Industry-specific Search(ဥပမာ နည်းပညာဆိုင်ရာ Website တွေချည်း သီးသန့်ရှာပေးတဲ့ Search) စသဖြင့်ဖြစ်ပါတယ်.။

SEO ကို ပုံစံအမျိုးမျိုးနဲ့ ဆုံးဖြတ်ကြပါတယ်.။ အဓိကအားဖြင့် Search Engine တွေ အလုပ်လုပ်ပုံ၊ လူတွေဘာကို ရှာဖွေနေသလဲ၊ ရှာရာမှာ ရိုက်ထည့်လိုက်တဲ့
စကားလုံး (Search terms သို့ Keywords) နဲ့ ကိုယ်အဓိကထားပြီး မြင်စေချင်တဲ့သူတွေက ဘယ် Search Engine ကို အသုံးများသလဲ အစရှိသဖြင့်ပေါ့.။

SEO အတွက် အဓိကသိသင့်တဲ့ အချက် (၂)ချက်ရှိပါတယ်.။
(1) Relevant
(2) Important

Relevant ဆိုတာ User တစ်ယောက်ရှာလိုက်တဲ့ Keywords ဟာ ကိုယ့်ဆိုက်ဒ်နဲ့ ကိုက်ညီတဲ့အခါ Search Engine က ကိုယ့်ဆိုက်ဒ်ကို ထည့်သွင်းဖော်ပြဖို့ အသုံးဝင်ပြီး Important ဆိုတာကတော့ Search Engine တွေရဲ့ ပထမဆုံး Page မှာ ပါဝင်ဖို့ အသုံးဝင်ပါတယ်.။ အဲဒီ ၂ ခုအတွက် Website ကို Optimize လုပ်ရာမှာတော့ ပါဝင်တဲ့အချက်အလက် (Content) တွေ၊ HTML နဲ့ တခြား လိုအပ်တဲ့ coding တွေကို အသုံးပြုရပါတယ်.။ ဥပမာအားဖြင့်ပြောရရင် ကျနော်တို့ဆိုက်ဒ် ITStudentPro ကို SEO လုပ်မယ်ဆိုပါတော့.။ ကျနော်တို့ရှာစေချင်တဲ့သူတွေ ရှာမယ့် Keyword တွေက IT, Information Technology, IT Student, IT Professional အစရှိတာတွေဖြစ်ပါလိမ့်မယ်.။ အဲဒီ Keyword တွေကို ကျနော်တို့ ဆိုက်ဒ်က Page တွေမှာ ထည့်သွင်းထားရပါမယ်.။ အဲဒါက Relevant ဖြစ်အောင်လုပ်တာပါ.။ Important ကိုတွက်ချက်တဲ့ အချက်တွေကတော့ အများကြီးရှိပါတယ်.။ နောက်မှ အသေးစိတ်ရေးပြပါ့မယ်.။

Overview ပြန်ပြောရရင် SEO ဆိုတာ Search Engine ရဲ့ ပထမဆုံး Page မှာ သဘာဝအတိုင်း ပါဝင်စေခြင်းဖြင့် User များများရအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်.။

3 comments:

  1. အရမ်းကောင်းတာပဲ.. ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. […] အချိန်ဇယားUCSY ၏ ဆုပေးပွဲ အခမ်းအနားSEO ဆိုတာဘာလဲ? (SEO Overview) ‹ › TRENDING NOWTRENDING         For IT […]

    ReplyDelete

  3. Hello,

    we provide affordable and result-oriented SEO services, please give a chance to serve you.


    Thanks
    Admin: E07.net

    ReplyDelete