Thursday, January 9, 2014

Java Tutorial 1 (Introduction)

Java Tutorial 1(Introduction)

ဒီဆောင်းပါးကိုဖတ်နေသူ မိတ်ဆွေဟာ java အကြောင်းစိတ်ဝင်စားတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒီ ပထမဆုံးဆောင်းပါးမှာတော့ java tutorial ကိုမပြောသေးဘဲ intro လေး စဝင်ထားပါရစေ၊ intro ဆိုပေမဲ့လည်း စိတ်ဝင်စားဖို့ကောင်းပါတယ၊် java programmer တစ်ယောက်အနေနဲ့လည်း သိသင့်တဲ့အကြောင်းတွေပါ၊ ကိုယ်စီးမယ့်မြင်းအထီးမှန်းအမမှန်း သိသင့်တယ်လေ။

 

Java ရဲ့ ရာဇဝင်

၁၉၉၁ မှာ Sun Microsystems မှ James Gosling ဆိုသူက java ကို အသက်သွင်းခဲ့ပါတယ်။ အစတုန်းကတော့ ကုမ္ပဏီအဆောက်အဦးရဲ့ ပြတင်းပေါက်ရှေ့က ဝက်သစ်ချပင်ကြီးကို အစွဲပြုလို့ “Oak” လို့အမည်ပေးခဲ့ပါတယ်၊ ၁၉၉၅ ရောက်မှ “Java” လို့ခေါ်တာပါ။ Java Language ကိုဖန်တီးရခြင်းရဲ့ရည်ရွယ်ချက်က Cross Platform language(မတူညီသော device or platform အမျိုးမျိုးပေါ်တွင် run နိုင်သော programming language) တစ်ခုကိုလိုအပ်လို့ပါ။ ဒါကြောင့် java ကို portable language သို့မဟုတ် platform independent language လို့ခေါ်ပါတယ်။

evolution table

 

Java ရဲ့ အရည်အချင်းများ

Java ဟာသာမာန် programming language တစ်ခုမဟုတ်ပါ တစ်ခြား language တွေထက်ထူးခြားတာက သူနဲ့ချိတ်ဆက်နိုင်မဲ့ plugins တွေ frameworks တွေ နှင့် အခြားသော technologies တွေများပြားပါတယ်၊ ပြီးတော့ များပြားတဲ့ library တွေလည်းရှိသေးတယ်လေ။ Java Developer တွေလမ်းမပျောက်ရအောင် reference လုပ်နိုင်မယ့် documentation လည်းပြည့်ပြည့်စုံစုံရှိပါတယ်။

ဆက်လက်ပြီး java ရဲ့ လူပြောများတဲ့ key features တွေကိုရှင်းပြပါမယ်။

Java’s Key Features

(1)  Simple

(2)  Secure

(3)  Portable

(4)  Object-Oriented

(5)  Robust

(6)  Multi-threaded

(7)  Architecture-neutral

(8)  Interpreted

(9)  High performance

(10)   Distributed

(11)   Dynamic

 

Simple

Java ရဲ့ အရေးအသားပုံစံဟာအရမ်းကို ရိုးရှင်းလွယ်ကူပြီး၊ Programming အခြေခံရှိရုံနဲ့ အလွယ်တကူဘဲနားလည်နိုင်ပါတယ်။ C++ ကိုအခြေခံပြီးတည်ဆောက်ထားသော်လည်း C++ ထက်ပိုပြီးလေ့လာရလွယ်ကူပါတယ်၊ C++ ရဲ့ရေးသားမှုပုံစံနဲ့ဆင်တူပါတယ်။ Java program တွေဟာ size သေးငယ်တဲ့အတွက် small machine တွေမှာပါ run နိုင်ပါတယ်။ java library ဟာကြီးမားလာတဲ့အတွက်ကြောင့်၊ သေးငယ်တဲ့ library သာပါဝင်သော “Java Micro Edition” ကိုရရှိနိုင်ပါတယ်။

 

Secure

Java ဟာ network, file-system, database စသော features များစွာကို support ပေးနိုင်သလို ယင်း features တွေရဲ့ security ကိုမေ့မထားပါဘူး။ Java ဟာအမျိုးမျိုးသော တိုက်ခိုက်မှုတွေကိုကြိုတင်ကာကွယ်ထားပါတယ်။ Java ရဲ့ security ကိုမြှင့်တင်ခဲ့တာ ဟိုးအစကတည်းကပါ အခု version 7 ကျော်လို့လာပါပြီ ဒီတော့ security feature ဘယ်လောက်မြင့်မလဲ ဆိုတာစဉ်းစားတာကြည့်ပေတော့။

 

Portable

Window OS တစ်ခုမှာရေးထားတဲ့ java class ကို Mac, UNIX နဲ့ တခြား OS တွေမှာယူသုံးလို့ရပါတယ်။ ဒီလိုပါဘဲ platform တစ်ခုမှာရေးထားတဲ့ class ကိုအခြား platform ပေါ်မှာအသုံးပြုနိုင်ပါတယ်။

 

Robust

Program တွေဟာ systems အမျိုးမျိုးမှာ အမှားကင်းစွာ run နိုင်ပါတယ်၊ Garbage collection ဆိုတဲ့ memory management technique ကြောင့် program ဟာ memory ပေါ်မှာနေရာယူတာနည်းပါတယ်။ ဒါကြောင့် java programmer တွေဟာမိမိတို့ရဲ့ program ကြောင့်စက်လေးသွားမှာမစိုးရိမ်ရပါဘူး။

 

Multi-Threaded

“Thread” class နဲ့ သူ့ရဲ့ features တွေကိုအသုံးပြုခြင်းဖြင့် တစ်ချိန်တည်းမှာ အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်နိုင်တယ်။

 

Architecture-neutral

Java compiler က byte-code ကိုထုတ်ပေးပြီး “.class” file နဲ့ သိမ်းထားပေးပါတယ်။ အဲဒီ့ “hexadecimal” နဲ့ရေးထားတဲ့ byte-code file ကို Java Virtual Machine(JVM) တင်ထားတဲ့ဘယ်စက်မှာပဲဖြစ်ဖြစ် run နိုင်ပါတယ်။ JVM ဆိုတာ byte-code interpreter ပါ၊ byte-code ကို machine code အဖြစ်ပြောင်းပေးပါတယ်။

 

High Performance

Java ဟာစွမ်းအားနိမ့် CPUs တွေပေါ်မှာပါအလုပ်လုပ်နိုင်ပါတယ်၊ ဒါကြောင့်အလွန်ကြီးမားသော software တွေဆိုရင် java နဲ့ရေးရတာအသင့်လျှော်ဆုံးပါဘဲ။

 

Distributed

Internet ပေါ်က Web application တွေအတွက်လည်းအထူးသင့်လျှော်ပါတယ်။

 

Dynamic

Run နေချိန်မှာ object တွေရဲ့ type information ကိုသိနိုင်ပါတယ်။

 

Next : Java Tutorial 2

2 comments:

  1. Thanks. Great Knowledge!

    ReplyDelete
  2. […] အတွက် top-20 programming languages များ271UCSY IT CAMP – Speaker List367Java Tutorial 1 (Introduction)440SEO ဆိုတာဘာလဲ? (SEO Overview)539၂၀၁၃ […]

    ReplyDelete