Monday, January 6, 2014

2013 ခုနှစ်အတွက် အကောင်းဆုံး iDevices များနှင့်ပတ်သက်တဲ့ အချက်များ

imore website ရဲ့ editors ကနေပြီး ၂၀၁၃ ခုနှစ်အတွက် iDevices များအတွက် အကောင်းဆုံး အချက်အလက်များကို ရွေးချယ်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Device -- iPad Air


IPadair


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Devices ကို editors ကနေပြီး iPad Air ကို ရွေးချယ်ပေးထားပါတယ်။ iPad Air ဟာ တစ်ပေါင်သာ အလေးချိန်ရှိပြီး ၂၀၁၃ ခုနှစ်အတွင်းမှာ လူကြိုက်များခဲ့တဲ့ iDevices လေးဖြစ်ခဲ့ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Features – Just-in-time multitasking


Multitasking


၂၀၁၃ ခုနှစ်အတွင်းမှာ Apple ကနေပြီး အသစ် release လုပ်လိုက်တဲ့ iOS 7 မှာ features အသစ် အနေနဲ့ multitasking feature ပါဝင်လာပါတယ်။ ဒီ features ပါဝင်လာတဲ့အတွက် ကြောင့် iDevices တွေဟာ background process တွေကို အဆင်ပြေပြေ run ပေးနိုင်တဲ့အတွက် iDevices တွေကို ပိုမိုကောင်းမွန်အောင် support ပေးနိုင်လာတာကို တွေ့ရပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS APP – Duolingo


Duolingo


Duolingo ကို education အတွက် အသုံးပြုကြပါတယ်။ ဒီ app လေးဟာ Italian , German , English ဒါမှမဟုတ် တစ်ခြား languages တော်တော်များများကို လေ့ကျင့်တဲ့နေရာမှာ အသုံးဝင်တဲ့ app လေးဖြစ်တဲ့အတွက်ကြောင့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး APP အဖြစ် Editors က ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။


၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး iOS Game – Badland


Badland


Badland ဟာ သူ့ရဲ့ ကောင်းမွန်တဲ့ atmospheric graphics, clever နဲ့ physics-based gameplay စတဲ့ ကောင်းမွန်တဲ့ features တွေပါဝင်တဲ့အတွက်ကြောင့် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Action Game အနေနဲ့ရော အကောင်းဆုံး iOS Game အနေနဲ့ရော Editor ရဲ့ ရွေးချယ်ခြင်းကို ခံရတဲ့ iOS Game လေးဖြစ်ပါတယ်။

No comments:

Post a Comment