Tuesday, January 14, 2014

SEO Details: Try to be Important (Important ဖြစ်အောင် ကြိုးစားမယ်)

ဒီနေ့ပို့စ်မှာတော့ Important ဖြစ်အောင် လုပ်ရမယ့်အချက်တွေကို ပြောပြပေးပါမယ်.။ တစ်ခု စိတ်ထဲမှာမှတ်ထားရမှာက SEO ဟာ Overnight မဟုတ်ပါဘူး.။ သဘောကတော့ အခုလုပ် အခုရတာမျိုးမဟုတ်ပါဘူး.။ စိတ်ရှည်လက်ရှည်နဲ့ ပုံမှန်လုပ်ပေးပါမှ အချိန်ကာလတစ်ခုရောက်ရင် ကိုယ့်ဆိုက်ဒ်ဟာ SEO ကောင်းလာမှာဖြစ်ပါတယ်.။ ကဲ.. ကျနော်တို့ ရှေ့ဆက်လိုက်ရအောင်..

 

 

Page Rank (PR)


Important အကြောင်းပြောတော့မယ်ဆိုရင် သင်သိထားသင့်တဲ့ အချက်တစ်ခု ရှိပါတယ်.။ အဲဒါကတော့ Page Rank (PR) ပါပဲ.။ PR ဆိုတာ Google ရဲ့ Page တွေအပေါ်မှာ Important ဖြစ်သည်မဖြစ်သည်ကို ဆုံးဖြတ်တဲ့ စံသတ်မှတ်ချက်တစ်ခုပါ.။ PR ရဲ့ အဆင့်သတ်မှတ်ချက်ဟာ အကြမ်းဖြင်းအားဖြင့် (၁၁) မျိုးရှိတယ်လို့ ပြောလို့ရပါတယ်.။ 0 to 10 ပေါ့.။ Page တစ်ခုဟာ PR မြင့်လေလေ Important ဖြစ်လေလေလို့ Google က သတ်မှတ်ပါတယ်.။ ဒါကြောင့် PR မြင့်လေ Search Engine မှာ ထိပ်ဆုံးရောက်လေလေ ဖြစ်ပါတယ်.။ PR ကို ဆုံးဖြတ်ရာမှာတော့ "Back Links" ကိုအသုံးပြုပါတယ်.။ အပြင်လောကမှာ လူတစ်ယောက် ဘယ်လောက် Famous ဖြစ်သလဲဆိုတာကို အဲဒီလူကို လူဘယ်နှယောက်လောက်က သိသလဲ ဆိုတာနဲ့ တိုင်းတာပါတယ်.။ အဲဒီလိုပါပဲ အင်တာနက်ပေါ်မှာ Website သို့မဟုတ် Page တစ်ခု ဘယ်လောက် အရေးကြီးလဲ ဆိုတာကို အဲဒီ website သို့ page ကို အခြား site ဘယ်နှခုက Link ဘယ်နှခု ထိုးထားသလဲဆိုတာနဲ့ ဆုံးဖြတ်ပါတယ်.။ PR ကိုတော့ အဲဒီ Link အရေအတွက် နဲ့ Link ရဲ့ Quality ကိုကြည့်ပြီး သတ်မှတ်တာဖြစ်ပါတယ်.။

ဥပမာလေးနဲ့ ပြန်ရှင်းပါမယ်.. အရင်ပို့စ်မှာ ကျနော်ဥပမာပေးခဲ့တဲ့ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား (၁၀)ယောက် ရှာပေးပါ " ဆိုတဲ့ ဥပမာကို မှတ်မိဥိးမှာပါ.။ အဲဒီ ဥပမာအရဆိုရင် Relevant အဆင့်ပြီးတဲ့အခါ သင့်ဆီမှာ "ရန်ကုန်မှာရှိသော UCSY ကျောင်းထွက်တွေထဲက ရုပ်ရည်သန့်ပြန့်ပြီး ဘက်စုံတော်တဲ့ ကျောင်းသား" စာရင်း ရနေပါပြီ.။ (၁၀) ယောက်ကိုပဲ ရွေးရမယ်ဆိုတော့ အဲဒီကျောင်းသားတွေထဲမှာ ဘယ်သူတွေကို ရွေးရမလဲဆိုတာ သင့်အတွက် ခေါင်းစားစရာဖြစ်လာပါပြီ.။ ဒီအခါ သင် အပြန်အလှန်ကြည့်ရပါတော့မယ်.။ အဲဒီမှာ အချက်တစ်ခုသွားတွေ့ပါတယ်.။ ကျောင်းသား ၂ ယောက် ဆိုပါတော့.။ အဲဒီကျောင်းသား ၂ ယောက်လုံးကို လူ အယောက် ၁၀၀ စီက Recommend ပေးထားကြတာပါ.။ ဒါဆို အကြမ်းဖြင်းပြောရရင် ဒီကျောင်းသား ၂ ယောက်ဟာ အတူတူပဲလို့ ထင်စရာရှိပါတယ်.။ ဒါပေမယ့် ပထမကျောင်းသားကို Recommend ပေးထားတာက ကျောင်းသားတွေအချင်းချင်းဖြစ်ပြီး ဒုတိယကျောင်းသားကို ပေးထားတာကတော့ ဆရာအယောက် ၁၀၀ ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ မတူတော့ပါဘူး.။ ဆရာအယောက် ၁၀၀ က Recommend ပေးထားတဲ့ကျောင်းသားက ပိုတော်တာသေချာနေပါပြီ.။ အဲလိုပဲ တတိယကျောင်းသားတစ်ယောက်ကိုတော့ လူ ၁၀ ယောက်က Recommend ပေးထားပါတယ်.။ ဒါပေမယ့် သူ့ကိုပေးထားတဲ့သူတွေက ပါမောက္ခ ၁၀ ယောက် ဖြစ်နေပါတယ်.။ ဒါဆိုရင်တော့ တတိယလူက အတော်ဆုံးလို့ ပြောလို့ရသွားပါပြီ.။

ဒါဆိုရင်တော့ သဘောပေါက်လောက်ပြီထင်ပါတယ်.။ Website တစ်ခုကို PR 0 ပဲရှိတဲ့ အခြား Website 1000 က Link ပေးထားပါတယ်.။ နောက် Website တစ်ခုကိုတော့ PR 5 ရှိတဲ့ Website 10 ခုက Link ပေးထားပါတယ်.။ နောက်ဆုံး Website ကိုတော့ PR 10 ရှိတဲ့ Website 1 ခုတည်းက Link ပေးထားပါတယ်.။ အဲဒီ 3 ခုမှာ အရေးအကြီးဆုံးလို့ Google ဆုံးဖြတ်မှာက နောက်ဆုံး Website ပဲဖြစ်ပါတယ်.။ အဲဒါ Link Quality ပါပဲ.။

PR ကိုဆုံးဖြတ်ရာမှာ Link အရေအတွက် နဲ့ Quality တို့အပြင် အဲဒီ Website ရဲ့ သက်တမ်း၊ Content တွေရဲ့ Quality၊ User တွေရဲ့ Traffic၊ Domain ရဲ့ extension၊ တို့အပြင် အခြားအခြား အသေးစိတ် အချက်အလက်ကလေးတွေလဲ ပါဝင်ပါသေးတယ်.။ အဲဒါတွေကို နောက်ပို့စ်မှာ ထပ်ပြီး အသေးစိတ်ရှင်းပြပါဦးမယ်.။ ဒီပို့စ်မှာတော့ PR ဆိုတာဘာလဲ ဆိုတာနဲ့ PR ကို ဘယ်လိုဆုံးဖြတ်လဲဆိုတာ သိရင်ပဲ လုံလောက်ပါပြီ။

အရင်ပို့စ်မဖတ်ရသေးရင် >> SEO Detail: How to be Relevant

No comments:

Post a Comment