Sunday, January 19, 2014

Having fun with web development - web server (chapter 2)

HTML နဲ့ရေးထားတယ့် files တွေ ကို အင်တာနက်ပေါ်ကနေ အသုံးပြုလို့ရတယ့်webpages တွေဖြစ်ဖို့ အတွက် အရင်ဆုံး web server ထဲမှာ ထည့်ထားရတယ်၊ အဲ့ဒီ့ webpages ထဲမှာရှိတယ့် HTML code တွေက  web browser(eg-FireFox,Chrome,Safari,Opera,etc..) တွေကို     သူတို့ ထဲမှာ ပါတယ့် content တွေကို ဘယ်နေရာမှာထားဖို့၊ဘယ်လိုပေါ်ဖို့ စတာတွေကို သိအောင်အကြောင်းကြားတယ် ၊ ပြီးတော့ မှ web browsers ကပြန်ပြပေးတာဖြစ်တယ်။

တစ်ကြိမ် web server ထဲကိုထည့်ထား ရုံဖြင့် internet ကိုဖြတ်ပြီးမည်သည့် web browser ကမဆို ကြည့် နိုင်တယ်။

အိုကေ . web server တို့ web browser တို့နဲ့ပက်သက်ပြီး ခေါင်းရှုပ်မသွားပါနဲ့အုံး အောက်မှာ သူတို့ တွေ အလုပ်လုပ်ပုံကိုအကျဉ်းကို ရှင်းပြထားပါတယ်။

Web server ဘယ်လိုအလုပ်လုပ်လဲ

အလုပ်သမား တစ်ယောက်အနေနဲ့ပြောရ ရင် သူက တစ်နေ့လုံး၊တစ်ညလုံး၊ တစ်နှစ်လုံး တောက်လျှောက်၂၄ နာရီ အလုပ်လုပ်ရတယ့် အပင်ပန်းဆုံးလူတစ်ယောက်ဆိုပါတော့။

Web server ၂၄ နာရီ လုံး မနားမနေ ဘာတွေလုပ်နေလဲ?

သူ့ခမျာ မျှော်နေရတာပေါ့ web browser ကနေ ဘယ်အချိန် request ပို့မလဲ..ပို့မလဲကို အချိန်ပြည့်စောင့်နေရတာဖြစ်တယ်။ဘယ်လို request တွေလဲ မေးရင် ဥပမာ-ဓါတ်ပုံတွေ၊သီချင်းတွေ၊ဗွီဒီယို တွေ၊ ပြီးတော့ web pages တွေအပါအ၀င်ပေါ့။ အဲ့ဒီတော့ web server က အပေါ်ဥပမာထဲ က request တစ်ခုခုကိုရပြီဆိုရင် သူရဲ့ resource တွေထဲ မှာ ပြန်ရှာတယ် ပြီးမှ web browser ကို ပြန်ပြီး respond ပြန်တယ်၊ပို့တယ်ပေါ့ဗျာ(တွေ့ရင် တွေ့တယ် ၊ မတွေ့ ရင် မတွေ့ဘူး ကို) ။ အဲဒီ့တော့ web server ဘယ်လောက်တာဝန်ကြီးလဲ ဆိုတာကို ခန့်မှန်းမိမယ်လို့ ထင်တယ်။ တစ်ကယ်လို့ ၀င်လာတယ့် request တွေကို ကိုယ့်ရဲ့ web server က handle မလုပ်နိုင်ရင်(၀န်မမျှရင် ပေါ့)  အဲသည်လို ဆိုရင် website က တက်မလာတော့ဘူးပေါ့  ၊ server down တယ်လို့ပြောကြတာပေါ့။ အကျဉ်းအားဖြင့် နားလည်မယ်လို့ ယူဆပါတယ်။

Web browser ဘယ်လိုအလုပ်လုပ်လဲ

အပေါ်က web server အကြောင်းဖတ်ပြီးရင်တော့ web browser ဘယ်လို အလုပ်လုပ်လဲ နဲနဲခန့်မှန်းမိမှာပါ။

web server က browser က ပို့တယ့် request တွေကိုထိုင် စောင့်တယ်ဆိုတော့၊ browser က request တွေထိုင်ပို့ နေတယ်ပေါ့။ အဲ..သူကတော့ ထိုင်ပို့ နေတာမဟုတ်ဘူး ။ user(client) ရဲ့ click ပေါ်မှာမူတည်သေးတယ်။ ဥပမာ-youtube မှာ video ကြည့်ဖို့ link တစ်ခုကို ကျွန်တော် တို့ click တယ်ဆိုပါတော့ .. browser က ကျွန်တော်တို့ click လိုက်တယ့် video link တစ်ခု ကို request တစ်ခု အနေနဲ့သိမ်းတယ် ပြီးတော့ server ကိုအကြောင်းကြားတယ် ၊ အဲ့တော့ server ရတော့ respond ပြန်တယ် အဲ့ဒီ့တော့ ကျွန်တော်တို့ video ကြည့်ရတာပေါ့(connection ကောင်းတယ်ပဲဆိုကြပါဆို့)။ဒါပေမယ့် တစ်ချို့အရာ တွေ မှာ browser က user ရဲ့ click ဆိုတယ့် အမိန့်မရဘဲ နဲ့ server ကို အလိုလို request သွားလုပ်တာ ရှိတယ်။ဥပမာ-အဲမပြောခင် facebook ကတော့ လူတိုင်းသိမယ်လို့ ထင်တယ် ၊ အရေအတွက်နဲ့ပြောရရင် အနည်းဆုံးမသုံးဘူးဆိုရင်တောင် လူ ၅ယောက်မှာ account ၇ခု ၈ခုရှိနိုင်တယ်

တစ်ချို့က ၂ခု ၃ခုလောက်ဖွင့်ထားကြလို့ ၊ အိုကေ အဲ့လောက်ဆိုလုံလောက်ပြီ။Browser ကဘယ်လို auto request လုပ်လဲ ဆိုတာကို facebook မှာကြည့်လို့ရတယ်။ဘယ်အချိန်လဲ ဆိုတော့ new post တစ်ခု auto တက်လာတာကို တွေ့ရမယ် ကျွန်တော် တို့ click စရာမလိုဘဲနှင့်။အဲလို ဖြစ်အောင်ကြတော့ အခြား technology တစ်ခု(eg:Ajax) ကိုသုံးရတယ်။သွားချင်တယ့် target က HTML ဖြစ်တယ့်အတွက်။ ဒီလောက်ဆို browser ၊ server ဘယ်လို ဆက်စပ်လဲ ဆိုတာ သိလောက်မယ်လို့ ယူဆတယ်။

Author Name: Nyan Lynn Tun [ itstudentpro ]

<< Previous Chapter [ Having fun with web development - HTML ( chapter 1)]

2 comments:

  1. […] Having fun with web development – web server (chapter 2)Having fun with web development – HTML ( chapter-1)Having fun with web development – […]

    ReplyDelete
  2. နောက် chapterတွေဘယ်မှာရှိပါသလဲရှင်

    ReplyDelete