Monday, January 13, 2014

Java Tutorial 3

Java Tutorial 3(Explanation of Sample Syntaxes)

Java ဟာ case sensitive ဖြစ်ပါတယ်၊ ဒါကြောင့် စကားလုံးအကြီးအသေးကို အတိအကျဖြစ်အောင် ဂရုစိုက်ရပါမယ်။ အောက်က code လေးကိုနည်းနည်းရှင်းပြပါမယ်။

“Sample.java”

public class Sample {

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting");

}

}

 

Java လေ့လာသူမိတ်ဆွေအနေနဲ့ သိထားရမှာက၊ java မှာ code တွေတော်တော်များများကို class ထဲမှာထည့်ရေးလေ့ရှိကျပါတယ်။ application ရဲ့များပြားတဲ့အလုပ်တွေကို class တွေခွဲပြီးလုပ်ဆောင်ပါတယ်။ java မှာ “class” ဆိုတဲ့စကားလုံးကိုသုံးပြီး class တစ်ခုကြော်ငြာပါတယ်၊ class ရဲ့ညာဘက်ခြမ်းမှာရှိတဲ့ အရာကတော့ class ရဲ့ နာမည်ပါပဲ၊ ဘယ်ဘက်ခြမ်းမှာရှိတာက access modifier ပါ။ class ကိုနာမည်ပေးတဲ့အခါမှာ စည်းကမ်းချက်ရှိပါတယ်၊ နာမည်ရဲ့အစဟာ နံပါတ်(0 to 9)ဖြစ်လို့မရပါဘူး အင်္ဂလိပ်စကားလုံး(a to z or A to Z) ပဲဖြစ်ရပါမယ်။ နာမည်ဟာ ကိုယ်ကြိုက်သလောက် ရှည်လို့ရပါတယ်။

 

“public” ဆိုတဲ့စကားလုံးကို access modifier လို့ခေါ်ပါတယ်၊ program ရဲ့အခြားအစိတ်အပိုင်း(အခြားနေရာ) တွေကနေ လှမ်းပြီး access လုပ်နိုင်တဲ့ အဆင့်သတ်မှတ်ချက်ကို access modifier လို့ခေါ်ပါတယ်။ ဥပမာ “public” လို့ပေးထားတဲ့ အစိတ်အပိုင်းတစ်ခုကို ဘယ်နေရာကနေပဲ ဖြစ်ဖြစ်လှမ်းပြီးယူသုံး(access)နိုင်တယ်။ access modifier အကြောင်းကို နောက်မှသက်သက်ထက်ရှင်းပြပါမယ်။

 

ဒုတိယတစ်ကြောင်းက function(method) ကိုကြော်ငြာထားတာပါ၊ static void ဆိုတဲ့ စကားလုံးကိုမေ့ထားလိုက်ပါအုံး နောက် သူနှင့်သက်ဆိုင်တဲ့ပိုစ့်ရောက်မှရှင်းပြပါမယ်။ main ဆိုတာ method ရဲ့နာမည်ပါ၊ method ရဲ့အစကို တွန့်ကွင်း( { ) နှင့်စထားပြီး အဆုံးကိုလည်း တွန့်ကွင်း( } ) နှင့်ဆုံးထားပါတယ်၊ method ရဲ့တွန့်ကွင်းအတွင်းမှာရှိတဲ့ အလုပ်တွေဟာ အဲဒီ့ method အလုပ်လုပ်မှပဲ၊ သူတို့လည်းအလုပ်လုပ်မှာပါ။ class တိုင်းလိုလိုမှာ main ဆိုတဲ့ method ထည့်ပေးရပါတယ်၊ console ကနေ “java ClassName” လို့ရိုက်ပြီး run ချိန်မှာ အဲဒီ့ class ရဲ့ main method ကို system ကနေခေါ်ပြီး run ပါတယ်။

 

တတိယအကြောင်းကိုရှင်းပြပါမယ်၊ System.out ဆိုတဲ့ object ထဲက print ဆိုတဲ့ method ကိုခေါ်သုံးထားတာပါ၊ print() ရဲ့ လက်သည်းကွင်းထဲမှာပါတဲ့ အရာကတော့ parameter လို့ခေါ်ပါတယ် method, parameter, object, နှင့် class တွေအကြောင်းကို နောက်ပိုစ့်တွေရောက်မှပဲရှင်းပြပါမယ်။ ဒီ class ကို run လိုက်တဲ့အချိန်မှာ print() ရဲ့ လက်သည်းကွင်းထဲက စာသားတွေဟာ console ပေါ်မှာ ပေါ်လာပါတယ်၊ ဒီစာသားတွေကို ပြောင်းလိုက်ရင် ပြောင်းလိုက်တဲ့စာသားတွေပေါ်လာမှာပါ၊ စမ်းကြည့်ပါ ဒါပေမဲ့ “ ” ကိုတော့မဖျက်လိုက်ပါနဲ့။

 

Java မှာ code တွေရေးပြီး ဖိုင်ကိုသိမ်းတဲ့အခါမှာ ဖိုင်ရဲ့နာမည်ကို၊ ဖိုင်ထဲက public ဖြစ်တဲ့ class ရဲ့နာမည်အတိုင်းပေးရပါမယ်၊ ကျွန်တော်ရဲ့ ဥပမာအရဆိုရင် “public class Sample” ဆိုတော့ ဖိုင်နာမည်ကို “Sample.java” လို့ပေးရမယ်။ ဖိုင်တစ်ခုမှာ class တစ်ခုထက်ပိုပါလို့ရပါတယ်၊ ဖိုင်နာမည်နဲ့တူရမယ့် class ဟာ public ဖြစ်ဖို့လိုပါတယ်။ အောက်မှာနမူနာနောက်တစ်ခု ထက်ပေးထားပါတယ် ဒီနမူနာကိုတော့မရှင်းပြတော့ပါ ကိုယ့်ဘာသာကိုယ်စမ်းကြည့်ပါ။

 

“Person.java”

private class Things {

}

public class Person {

public static void main(String[] args) {

System.out.println(“Check the differences”);

System.out.print(“I do not have next line”);

System.out.print(“I do not have next line”);

System.out.println(“I have next line”);

System.out.print(“I do not have next line”);

}

}

public class Information {

 

}

 

Comments - အတိုအထွာမှတ်စရာ

ယခုကျွန်တော်ဟာ project အကြီးကြီးတစ်ခုကို ရေးနေတယ်ဆိုပါစို့ အဲဒီတော့ကျွန်တော်ဟာ ဒီ project ကိုပြီးဖို့ရက်တွေအများကြီးလိုအပ်ပါတယ်၊ အဲဒီ့တော့ကျွန်တော်ဟာ ကျွန်တော့်ရဲ့ code တွေကြားမှာ မှတ်စုလေးတွေမှတ်သားချင်တယ်၊ မှတ်စုတွေကိုဒီအတိုင်းရေးရင် compile လုပ်တဲ့အချိန်မှာ error တက်လိမ့်မယ်(မယုံရင် code တွေကြားမှာ လျှောက်ရေးကြည့်)။ ဒါဆိုရင် comment ဆိုတာကိုသုံးရပါမယ်၊ အောက်က code ကိုကြည့်ပါ စောစောတုန်းကပြတဲ့ ဥပမာပါပဲ run ကြည့်ပါ၊ ကွာခြားချက်ကိုလေ့လာကြည့်ပါ။

 

“Sample.java”

/*

This is called comment.

Check the differences between sentences.

*/

//this is public class called Sample

public class Sample {

//this is main method declaration

public static void main(String[] args) {

System.out.print("Welcome my friend, JAVA is interesting");

//This is called Single Line Comment

/* This is

called

Multi Line Comment */

}

}

 

Comment ဟာအမျိုးအစားနှစ်မျိုးရှိပါတယ်၊ Single Line နှင့် Multi Line ဆိုတာပါပဲ။ နာမည်ကိုကြည့်တာနဲ့ သိနိုင်ပါတယ်၊ single line ဆိုတာ comment တစ်ကြောင်းတည်းရေးတဲ့အခါမှာသုံးရပြီး multi line ကိုတော့ comment အများကြီးရေးတဲ့အခါမှာသုံးရပါတယ်။ comment ကိုလိုအပ်သလိုအမျိုးမျိုးသုံးကျပါတယ်၊ ကျွန်တော်ကတော့ error တွေကိုရှာဖွေတဲ့နေရာမှာသုံးပါတယ်။ ဥပမာ ကျွန်တော်ဟာ code တွေအများကြီးရေးပြီး run လိုက်တာ error တက်တယ်ဆိုပါတော့၊ ကျွန်တော့်ရဲ့ code တွေထဲမှာ ဘယ်နေရာမှာ error တက်လဲဆိုတာကျွန်တော်သိချင်တယ်။ ဒီတော့ကျွန်တော်ဟာ error တက်နိုင်တယ်လို့ သံသယရှိတဲ့နေရာတစ်ခုကို comment ပိတ်ပြီး run ကြည့်တယ်၊ အဲဒီ့အခါမှာ comment ပိတ်ထားတဲ့နေရာက run တဲ့အထဲမပါတဲ့အတွက်၊ ဒီအချိန်မှာ run တာ error မတက်ရင်၊ comment ပိတ်ထားတဲ့နေရာမှာ error ဖြစ်နေလို့ပဲ၊ အဲဒီ့အပိုင်းမှာတစ်ခုခုမှားရေးထားလို့ပဲ။

 

Software တွေကိုတစ်ယောက်ထဲရေးလေ့မရှိပါ၊ အဖွဲ့လိုက်ရေးလေ့ရှိပါတယ်၊ အဲဒီ့အခါမှာ ကိုယ်ရေးထားတဲ့ code တွေကိုဘာကြောင့်ရေးထားလဲဆိုတာ comment တွေသုံးပြီး မှတ်ချက်ရေးထားလေ့ရှိကျပါတယ်။

 

Java ကိုစတင်လေ့လာသူတွေအနေနဲ့ လေ့လာရတာမလွယ်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်၊ စတင်လေ့လာသူတွေမှာ မေးခွန်းအများကြီးရှိပါလိမ့်မယ်၊ ဒါပေမဲ့ မပူပါနဲ့ နောက်တော့တဖြည်းဖြည်း သိလာပါလိမ့်မယ်။ အားလုံး လေ့လာသမျှ နားလည်နိုင်ပါစေ။

 

Previous : Java Tutorial 2

Next : Java Tutorial 4

2 comments:

  1. […] might also likejava tutorialJavaTutorials Java Tutorial 5Java Tutorial 3Java Tutorial 2Java Tutorial 1 (Introduction) Be the first to comment! Leave a reply » […]

    ReplyDelete