Saturday, January 18, 2014

SEO Overview: On-Page နဲ့ Off-Page SEO

SEO မှာ အဓိကသိရမယ့် အခြားအချက် (၂)ခု ရှိပါသေးတယ်.။ အဲဒါတွေကတော့

  1. On-Page SEO နဲ့

  2. Off-Page SEO ပါပဲ.။


1. On-Page SEO


ကိုယ့် Website ရဲ့ စာမျက်နှာတွေပေါ်မှာ Keywords ထည့်သွင်းတာ၊ Link တွေချိတ်ဆက်တာ၊ Broken-link မဖြစ်အောင်လုပ်တာ၊ Bots တွေ အလွယ်တကူ Crawl နိုင်အောင်လုပ်တာတွေကို On-Page SEO လို့ခေါ်ပါတယ်.။ On-Page လုပ်ရာမှာ ပါဝင်တာတွေကတော့ HTML <meta> tag နဲ့ description တွေ keywords တွေထည့်သွင်းတာတွေအပါအဝင် HTML ကို စနစ်တကျ SEO Friendly ဖြစ်အောင်လုပ်တာ၊ Internal Linking လို့ခေါ်တဲ့ Article တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တာ၊ ကိုယ်လိုချင်တဲ့ Keywords တွေကို ကိုယ့် Content မှာ ပါဝင်အောင် ထည့်သွင်းတာ၊ အစရှိတာတွေဖြစ်ပါတယ်.။

2. Off-Page SEO


ကိုယ့် Website ပေါ်မှာမဟုတ်ဘဲ အခြား Website တွေနဲ့ Search Engine တွေမှာ လုပ်တဲ့ SEO Method တွေကို Off-Page SEO လို့ခေါ်ပါတယ်.။ ပါဝင်တာတွေကတော့ PR မြင့်တဲ့ အခြားဆိုက်ဒ်တွေက Link ထိုးဖို့ အကူအညီတောင်းတာ၊ သူငယ်ချင်း Blog တွေဆီက Link တောင်းတာ၊ Comment ကတဆင့် Link ရအောင်လုပ်တာ၊ Link ဝယ်ယူတာ၊ Bookmarking ဆိုက်ဒ်တွေမှာ ထည့်သွင်းတာ၊ Search Engine တွေမှာ XML Sitemaps တွေ ထည့်သွင်းတာ၊ Social Media တွေမှာ Sharing လုပ်တာတွေ နဲ့ အခြား Link Wheel လိုမျိုး Link Building တွေအထိ ပါဝင်ပါတယ်.။

 

No comments:

Post a Comment