Sunday, January 26, 2014

Java Tutorial 9

Java Tutorial 9

Array ဆိုတာ data အစုအဝေးကြီးပါ၊ type(အမျိုးအစား) တူသော variable တွေကိုစုထားတဲ့ အစုအဝေးတစ်ခုပါပဲ။ အဲဒီလိုစုဝေးနေတော့ ကိုလိုချင်တဲ့ data တစ်ခုချင်းစီကို အစုအဝေးထဲက ဘယ်လိုဆွဲထုတ်မလဲလို့ မေးစရာရှိပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ ကိုယ်ပိုင်နံပါတ်ကလေးတွေ ရှိကြပါတယ်၊ လူတွေမှာနာမည်တွေရှိသလိုပေါ့။ အဲဒီ့ နံပါတ်တွေကိုခေါ်ပြီး သက်ဆိုင်ရာ data တွေကိုအသုံးပြုနိုင်ပါတယ်။ array ထဲက data တစ်ခုချင်းစီမှာ index(နံပါတ်) တစ်ခုနှင့် value(တန်ဖိုး)တစ်ခုစီရှိကြပါတယ်။ array ဟာတကယ်တော့ memory ပေါ်မှာအခန်းတွေဖွဲ့ပြီး data တွေကိုသိမ်းထားတာပါ၊ အခန်းတစ်ခန်းချင်းစီမှာ ကိုယ်ပိုင်နံပါတ်နှင့် အခန်းထဲမှာသိမ်းထားတဲ့ တန်ဖိုးတစ်ခုစီရှိပါတယ်။ အောက်ကပုံလေးဟာ official java tutorial page ကနေယူထားတာပါ။

Array

 

Array ရဲ့အခန်းတွေကိုနံပါတ်မှတ်ရာမှာ ပထမဦးဆုံးအခန်းကို “0”(zero) လို့မှတ်ပါတယ်၊ ဒုတိယအခန်းကိုတော့ “1” မှတ်ပါတယ်။ Array တစ်ခုမှာ length ဆိုတာရှိပါတယ်။ array ရဲ့ length ဆိုတာကတော့ သူ့ထဲမှာပါဝင်တဲ့ data အရေအတွက်၊ တစ်နည်းပြောရရင် အခန်းအရေအတွက် ပါပဲ။ array ထဲမှာ အခန်း ၅ ခန်း သို့မဟုတ် data ၅ ခုပါတယ်ဆိုရင် သူ့ရဲ့ length က ၅ ဖြစ်ပါတယ်။ array ရဲ့ပထမဆုံးအခန်းကို “0” လို့ပေးထားတဲ့အတွက်၊ array length က ၅ ဖြစ်တယ်ဆိုရင် နောက်ဆုံးအခန်းရဲ့နံပါတ်က ၄ ဖြစ်ပါတယ်။ array တွေကိုကိုင်တွယ်တဲ့အခါ ဒီအချက်ကိုသတိထားသင့်ပါတယ်။ array ဆိုတာ type တူတဲ့ variable တွေကိုစုထားတာ ဖြစ်တဲ့အတွက် array type ကိုကြော်ငြာတဲ့အခါ ရှေ့ကပိုစ့်တွေမှာပြောထားတဲ့ variable type တွေကို array ရဲ့ type အဖြစ်သုံးနိုင်ပါတယ်၊ class တွေကိုလည်း array type အဖြစ်သုံးနိုင်ပါတယ်။ array ကြော်ငြာပုံကို နမူနာကြည့်ပါဦး။ int[] arr; ဒီလိုမျိုးကြော်ငြာရပါတယ်၊ array ရဲ့ length ကိုသတ်မှတ်တာက တော့ဒီလိုမျိုးပါ arr=new int[3]; ၊ array ထဲကို data ထည့်ပြီဆိုရင်ဒီလိုပါ arr[0] = 100; arr[1] = 200; arr[2] = 300; အောက်မှာနမူနာ program တစ်ပုဒ်ပေးထားပါတယ်။

“ArrayExample.java”

class ArrayExample {

public static void main(String[] args) {

int[] anArray;              // declares an array of integers

 

anArray = new int[10];      // allocates memory for 10 integers

anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.

anArray[3] = 400;

anArray[4] = 500;

anArray[5] = 600;

anArray[6] = 700;

anArray[7] = 800;

anArray[8] = 900;

anArray[9] = 1000;

 

System.out.println("Element at index 0: " + anArray[0]);

System.out.println("Element at index 1: " + anArray[1]);

System.out.println("Element at index 2: " + anArray[2]);

System.out.println("Element at index 3: " + anArray[3]);

System.out.println("Element at index 4: " + anArray[4]);

System.out.println("Element at index 5: " + anArray[5]);

System.out.println("Element at index 6: " + anArray[6]);

System.out.println("Element at index 7: " + anArray[7]);

System.out.println("Element at index 8: " + anArray[8]);

System.out.println("Element at index 9: " + anArray[9]);

}

}

 

ဒီမှာတခြားသော array ကြော်ငြာနည်းတွေပြထားပါတယ်၊ လေ့လာလိုက်ပါဦး။
byte[] anArrayOfBytes;

short[] anArrayOfShorts;

long[] anArrayOfLongs;

float[] anArrayOfFloats;

double[] anArrayOfDoubles;

boolean[] anArrayOfBooleans;

char[] anArrayOfChars;

String[] anArrayOfStrings;

 

ကြော်ငြာခြင်း၊ တန်ဖိုးထည့်ခြင်း နှင့် အသုံးပြုခြင်း

String[] strArray; ဒါဟာ array ကြော်ငြာတာပါ။

String strArray[]; ဒီလိုကြော်ငြာလို့လည်းရပါတယ်။

String[] strArray = new String[10]; ဒါကလည်းကြော်ငြာတာပါပဲ၊ သူကအခန်းအရေအတွက်ကို ပါ

တစ်ခါတည်းကြော်ငြာသွားပါတယ်။

ကြော်ငြာပြီးရင် တန်ဖိုးထည့်ရပါတယ်။
anArray[0] = 100; // initialize first element

anArray[1] = 200; // initialize second element

anArray[2] = 300; // etc.


ဒီလိုမျိုး array ကိုဖန်တီးပြီး တန်ဖိုးထည့်တာကို တစ်ခါတည်းပေါင်းရေးလို့ရပါတယ်။

int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


ဒီလိုလည်းရပါသေးတယ်၊ ကိုယ်နှစ်သက်သလိုအသုံးပြုနိုင်ပါတယ်။

int[] intArray = new int[] {100, 200, 300, 400, 500, 600, 700, 800, 900, 1000};


array တစ်ခုနှင့်တစ်ခု ကော်ပီကူးရင်တော့ဒီလိုပါ။

ArrayOne = ArrayTwo;


ဒါပေမဲ့ အဲဒီလိုကော်ပီကူးရင် အဲဒီ array နှစ်ခုဟာချိတ်ဆက်သွားပါတယ်။ ဆိုလိုတာက array တစ်ခုရဲ့အခန်းထဲက တန်ဖိုးတစ်ခုပြောင်းတဲ့အခါ၊ အဲဒီ array နဲ့ချိတ်ဆက်ထားတဲ့ array ရဲ့အလားတူအခန်းထဲက တန်ဖိုးဟာလည်း ပြောင်းလည်းသွားရပါတယ်။

နမူနာလေးကိုကြည့်ပါဦး။

int[] ArrayOne = {100,200,300};

int[] ArrayTwo = ArrayOne;

ArrayTwo[1] = 500;

ဒီကုဒ်လေးရဲ့ အဆုံးမှာ ArrayOne နှင့် ArrayTwo တို့ရဲ့တန်ဖိုးတွေဟာ ဒီလိုမျိုးပါ {100,500,300};

ပြင်လိုက်တာက ArrayTwo ရဲ့ အခန်း ၂ ကိုပါ၊ ချိတ်ဆက်ထားတဲ့အတွက် ArrayOne ရဲ့အခန်း ၂ ပါပြောင်းလဲသွားပါတယ်။


တကယ်လို့ array တွေကိုချိတ်ဆက်မှုမရှိပဲ ကူးချင်တယ်ဆိုရင် Arrays.copyOf(firstArray, firstArray.length); အဲဒီလိုရေးရမှာပါ။ နမူနာကိုကြည့်ပါ။

int[] ArrayTwo = Arrays.copyOf(ArrayOne, ArrayOne.length);


Loop နှင့် array

ArrayExample.java ဆိုတဲ့နမူနာကိုကြည့်ပြီး ထူးခြားတာတစ်ခုတွေ့ပါလိမ့်မယ်၊ သဘောတရားတူတဲ့ ကုဒ်တွေကို ထပ်ကာထပ်ကာရေးထားပါတယ်၊ ဒါဆိုရင် loop ကိုသုံးမယ်ဆိုရင် ကုဒ်တွေကို ထပ်ကာထပ်ကာရေးစရာမလိုတော့ပါဘူး။ array တွေအတွက်သီးသန့် စပယ်ရှယ် loop တစ်မျိုးရှိပါတယ်၊ အဲဒါကတော့ “for each” loop လို့ခေါ်ပါတယ်။ ဒီလိုရေးရပါတယ် for( variable : collection ) { } လို့ပေါ့။ for each ရဲ့သဘောက ဒီ array သို့မဟုတ် collection ထဲက data တွေကိုတစ်လှည့်စီ loop ပတ်မယ်ဆိုတဲ့သဘောပါ။ collection အကြောင်းကိုတော့ နောက်မှရှင်းပြတော့မယ်၊ array ဆိုတာလည်း collection တစ်မျိုးပါပဲ။ ဒီ for each ထဲက collection ဆိုတဲ့နေရာမှာ ကိုယ် loop ပတ်ချင်တဲ့ array ဒါမှမဟုတ် collection ကိုထည့်ရပါမယ်။ variable ဆိုတဲ့နေရာမှာတော့ loop ပတ်တဲ့အခေါက်တိုင်းမှာ collection ထဲက data တစ်ခုချင်းစီကို ကိုယ်စားပြုမယ့် variable ကိုထည့်ရပါမယ်။ ဒီ variable ရဲ့ type က array ရဲ့ type နဲ့တူရပါမယ်။ အောက်ကနမူနာကို လေ့လာကြည့်ပါဦး သူ့ရဲ့အဖြေက ArrayExample.java ရဲ့အဖြေနဲ့အတူတူပါပဲ။

“ShrinkOfArrayExample.java”

class ShrinkOfArrayExample {

public static void main(String[] args) {
int[] intArray = {100, 200, 300, 400, 500, 600, 700, 800, 900, 1000};

for (int i : intArray) {

System.out.println(i);

}

}

}

 

Command Line Parameters

မိတ်ဆွေတို့ သတိထားမိကြမှာပါ String[] args ဆိုတဲ့စာသားကို ခဏခဏမြင်ဖူးမှာပါ။ String[] args ဆိုတာ array ပါပဲဆိုတာပြောစရာမလိုတော့ပါဘူး၊ ဒါပေမဲ့ ပြောစရာတော့ရှိပါတယ်။ main ဆိုတဲ့ method ထဲကကုဒ်တွေ run တဲ့အချိန်မှာ၊ အဲဒီ args ဆိုတဲ့ array ကိုယူသုံး(access)ခွင့်ရှိပါတယ်။ ဒါဆိုမေးစရာရှိတာက အဲဒီ array ကဘယ်ကနေဘယ်လိုရောက်တာလဲ။ command line ကနေ java ဆိုတဲ့ command ကိုရိုက်ပြီး၊ java class ဖိုင်ကို run လိုက်တဲ့အချိန်မှာ၊ အဲဒီ command ရဲ့အနောက်ကနေ စာသားတစ်ခုခု ထည့်ပေးလိုက်လို့ရပါတယ်။ အဲဒီစာသားက args ရဲ့တန်ဖိုးအနေနဲ့ args ရဲ့အခန်းထဲကိုရောက်သွားမှာပါ။ ဒီလို command ကို java ExampleClass aaaa bbbb cccc စမ်းကြည့်လိုက် ရင် args{“aaaa”, “bbbb”, “cccc”} ဆိုပြီးတော့ args ရဲ့အခန်းတွေထဲကို string အနေနဲ့ဝင်သွားမှာပါ။ နမူနာလေးကိုကြည့်လိုက်ပါဦး။ နောက်နေဒီလိုမျိုး run နော်၊ java Message hello ဒါမှမဟုတ် java Message hey hi how အဲဒီလိုမျိုး ပုံစံအမျိုးမျိုး run ကြည့်ပါ။

“Message.java”

public class Message {

public static void main(String[] args) {

for (int i = 1; i < args.length; i++) {

System.out.println( args[i] );

}

}

}

Previous ; Java Tutorial 8

Next : Java Tutorial 10

2 comments:

  1. […] Java Tutorial 9Samsung Tech Institute mobile app trainingJava Tutorial 8breaking news for master thesis 20th batch […]

    ReplyDelete
  2. […] Java Tutorial 10Professional Web Development with PHP – PHP IntroductionJava Tutorial 9Samsung Tech Institute mobile app trainingJava Tutorial 8breaking news for master thesis 20th batch […]

    ReplyDelete