Monday, January 27, 2014

Professional Web Development with PHP - PHP Introduction

PHP Introduction


PHP ဟာ server-side scripting language တစ်မျိုးဖြစ်ပါတယ်။ server-side language ဆိုတာက Web Server ပေါ်မှာ Run နိုင်တဲ့ language ကို ပြောတာဖြစ်ပါတယ်။ PHP ကို general-purpose programming language အနေနဲ့ အသုံးပြုနိုင်ပေမယ့် အဓိကအားဖြင့် Web Development လုပ်တဲ့နေရာမှာသာ အများဆုံးအသုံးပြုကြပါတယ်။ PHP language ကို Desktop application တွေရေးသားရာမှာ အသုံးပြုနိုင်ပေမယ့် web development အတွက်သာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် language ဖြစ်တဲ့ အတွက် Web Development လုပ်တဲ့နေရာမှာပဲ အသုံးပြုစေချင်ပါတယ်။


“PHP: Hypertext Preprocessor” ကို အစွဲပြုပြီး PHP ဆိုတဲ့ အမည်ကိုပေးထားတာ ဖြစ်ပါတယ်။ PHP ဟာ Open Source language တစ်မျိုးဖြစ်တဲ့အတွက် free အသုံးပြုနိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ဟာ platform dependent မဖြစ်တဲ့အတွက် Windows, Mac နဲ့ Linux operating system တွေပေါ်မှာ အဆင်ပြေပြေ run နိုင်တဲ့ language တစ်မျိုးဖြစ်ပါတယ်။ PHP ကို free အသုံးပြုနိုင်တဲ့ Apache web server ပေါ်မှာ အများဆုံး အသုံးပြုကြတာ ဖြစ်တဲ့အပြင် Microsoft ရဲ့ ပိုက်ဆံပေးပြီး ၀ယ်ရတဲ့ IIS Web Server ပေါ်မှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။


PHP ကို ကမ္ဘာပေါ်မှာရှိတဲ့ 244 million ထက်များတဲ့ website တွေမှာ အသုံးပြုနေကြတာဖြစ်တဲ့အပြင် 2.1 million ကျော်တဲ့ web servers တွေပေါ်မှာ run နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် TIOPE index community ရဲ့ တွဲချက်မှုအရ PHP ဟာ ကမ္ဘာပေါ်မှာရှိတဲ့ programming language တွေထဲမှာ popularity အဆင့် ၆ ရရှိထားတဲ့ language လည်း ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် PHP ကို ဘာကြောင့် လေ့လာသင့်သလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။


ဆက်လက်ပြီး PHP ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း လေးကိုလည်း ပြောပြချင်ပါသေးတယ်။ နောက် chapter မှသာ PHP run ဖို့ installation လုပ်ရတာတွေ ဘယ်လိုမျိုး run ရတယ်ဆိုတာတွေကို ဆက်လက်ရှင်းပြပေးပါ့မယ်။


History


PHP ကို ၁၉၉၅ ခုနှစ်မှာ Rasmus Lerdorf က စတင်တီထွင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ PHP Group က ဆက်လက်ပြီး ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Rasmus Lerdorf ဟာ သူရဲ့ personal homepage ကို maintain လုပ်ဖို့ ရည်ရွယ်ချက်နဲ့ Common Gateway Interface (CGI) Perl scriptes တွေကို ရေးသားခဲ့ပြီး PHP ကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ သူတီထွင်ခါစက သူ့ရဲ့ resume ကို ဖော်ပြဖို့နဲ့ သူ့ရဲ့ web traffic ကို record လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ performance ကောင်းဖို့အတွက် C language ကိုအသုံးပြုပြီး ရေးသားခဲ့တာဖြစ်တဲ့အပြင် web forms တွေကို databases နဲ့ communicate လုပ်နိုင်အောင် ရေးသားခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ “Personal Home Page / Forms Interpreter” သို့မဟုတ် PHP/FI         ဆိုပြီး နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။


Zeev Suraki နဲ့ Andi Gutmans တို့ နှစ်ယောက်ဟာ ၁၉၉၇ ခုနှစ်မှာ Lerdorf ရေးထားတဲ့ Personal Home Page Tools ကို parser အနေနဲ့ ပြန်လည် ရေးသားခဲ့ပါတယ်။  ဒါ့အပြင် language ရဲ့ နာမည်ကိုလည်း [PHP: Hypertext Preprocessor] PHP လို့ နာမည်ပြောင်းပေးခဲ့ပြီး PHP 3 ကို တရားဝင်အနေနဲ့ ၁၉၉၈ ခုနှစ်မှာ launch လုပ်ခဲ့ပါတယ်။ Suraski နဲ့ Gutmans တို့ နှစ်ယောက်ဟာ PHP ရဲ့ core ကို ပြန်လည် ရေးသားခဲ့ပြီး Zend Engine ကို 1999 ခုနှစ်မှာ release လုပ်နိုင်ခဲ့ပါတယ်။


ဒါကတော့ PHP ရဲ့ သမိုင်းကြောင်း အကျဉ်းလေးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး PHP အကြောင်းကို itstudentpro.com website လေးမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ အသုံးတွင်ကျယ်နေတဲ့ language ဖြစ်နေသလို သူ့ရဲ့ framework တွေဟာလည်း လူသုံးများနေတဲ့အတွက် web development ကို လေ့လာနေတဲ့ IT သမားများအတွက် PHP ကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ PHP ဟာ version 5.5.7 ( stable release in December 12, 2013) အထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။


နောက် chapter မှာ PHP ကို run ဖို့ ဘာတွေ install လုပ်ရပြီး ဘယ်လို အသုံးပြုရမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


Next Chapter >> PHP Installation and Configuration

2 comments:

  1. မြန်မြန်သာ တင်ပေးစမ်းပါကွာ ဖတ်ရတာ ဆန့်တငန့်ငန့် နဲ့

    ReplyDelete
  2. […] Professional Web Development with PHP – PHP Installation and ConfigurationJava Tutorial 10Professional Web Development with PHP – PHP IntroductionJava Tutorial 9Samsung Tech Institute mobile app trainingJava Tutorial 8breaking news for master […]

    ReplyDelete