Sunday, January 12, 2014

Android Version မှာ Jelly Bean ထိပ်ဆုံးကဦးဆောင် (December လ အထိ)

December လအတွက် Google က release လုပ်ပေးလိုက်တဲ့ Android OS version numbers တွေကို ကြည့်လိုက်တဲ့ အခါမှာ အရင် version အဟောင်းတွေဟာ 23 percent လောက် အသုံးပြုမှု လျော့ကျလာတာကို တွေ့ရပါတယ်။ version အသစ်တွေဖြစ်တဲ့ Kitkat နဲ့ Jelly Bean တွေဟာ အသုံးပြုတဲ့ အရေအတွက် တဖြည်းဖြည်း နဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။


Kitkat ဟာ November လကထက် အသုံးပြုတဲ့သူ အရေအတွက် ၃ ရာခိုင်နှုန်းလောက် တိုးတက်လာတာကို တွေ့ရပါတယ်။ Jelly Bean ကတော့ အသုံးပြုတဲ့သူ အရေအတွက် သိသိသာသာ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ December လ အရောက်မှာ Gingerbread ကို အသုံးပြုတဲ့သူ အရေအတွက်ဟာ  ၃ ရာခိုင်နှုန်းလောက် အရင်လကထက် လျော့ကျသွားတာကို  တွေ့ရပါတယ်။ Ice Cream Sandwich ထက် older ဖြစ်တဲ့ version တွေကို အသုံးပြုတဲ့သူ အရေအတွက်ဟာ စုစုပေါင်း Android OS ကို အသုံးပြုတဲ့သူအရေအတွက်ရဲ့ ၂၂.၆ ရာခိုင်နှုန်းလောက်သာ ရှိတော့တာကို တွေ့ရပါတယ်။


ဒါကို ကြည့်ခြင်းအားဖြင့် စုစုပေါင်း Android OS အသုံးပြုသူအားလုံးရဲ့ 75 percent လောက်ဟာ  Android 4 နဲ့ 4 ထက် အမြင့် OS Version တွေကို အသုံးပြုနေကြတာကို တွေ့ရပါတယ်။ Android Application တွေကို ရေးသားနေတဲ့ developers တွေ အနေနဲ့တော့ Android Version 4.0.3 (API 15) လောက်ကို အနိမ့်ဆုံးထားပြီး Apps တွေကို develop လုပ်မယ်ဆိုရင် အဆင်ပြေတဲ့ အနေအထားမှာ ရှိနေတာကို တွေ့ရပါတယ်။


Android Apps ကို develop လုပ်ဖို့ လေ့လာနေသူများနဲ့ develop လုပ်နေသူအများအတွက် ဒီဆောင်းပါးလေးကို ရေးသားလိုက်တာ ဖြစ်ပါတယ်။



Credit: androidcentral.com

No comments:

Post a Comment