Sunday, January 19, 2014

Having fun with web development - HTML ( chapter-1)

Hypertext Markup Language ခေါ် HTML

HTML လို့ ပြောလိုက်ရင် IT field ထဲကလူတွေ သိပြီးသားဖြစ်နေလိမ့်မယ်။

အိုကေ။ ဒါပေမယ့် မသိတယ့် လူတွေလဲ ..ရှိသေး တယ်။

အခု မှ HTML နဲ့ပက်သက်ပြီး လေ့လာချင်တယ့် လူတွေ၊

IT field မှာ အခုမှ စခြေချမယ့် ညီကိုမောင်နှတွေ အတွက် Knowledge ရစေဖို့ ဒီtitle လေးတည်လိုက်တယ်။

Html ဆိုတာ programming language မဟုတ်ပါဘူး။သူက markup language တစ်ခုပါ။

Markup tags တွေနဲ့ရေးသားရတယ့် language တစ်ခုပေါ့၊ မြန်မာမှုပြုရရင် markup အမှတ်အသားလုပ်ထားသော၊ tag စာအပိုင်းအစလေးပေါ့လေ။ မြင်သာအောင်ပြောရရင်

Facebook ကြီးမှာ ဘော်ဘော်တွေနဲ့ ရိုက်ထားတယ့်ဓါတ်ပုံတွေ တင်ကြတယ့်အခါမှာ ပုံထဲက သယ်ရင်း တွေကို လည်း share ချင်ရင် tag လုပ်လေ့ရှိကြတယ်။အဲ့မှာ နာမည်လေးတွေ ရေးပြီး တော့ သူကတော့ဘယ်သူ ဘယ်ဝါ ဆိုပြီး သတ်မှတ်လိုက်ကြတယ် အမှတ်အသားတစ်ခု အဖြစ်ပေါ့။

ဒီ HTML ကလည်းအဲလိုပဲ ကိုယ်ပေါ်စေချင်တယ့် စာသားတစ်ခု ကို အရွယ်ကြီးစေချင်ရင် ကြီးချင်သလို၊သေးရင်သေးချင်သလို HTML tag တွေသုံးပြီးတော့ သတ်မှတ်ရတယ့် markup language တစ်ခု ပါ။HTML tag တွေကတော့စုစုပေါင်း အခု ၁၂၀ လောက်ရှိတယ်။ ရပါတယ်

ကိစ္စမရှိပါဘူး web page တစ်မျက်နှာပေါ်ဖို့အတွက် အဲ့ဒီ့လောက်မလိုအပ်ပါဘူး။ဒါကြောင့်

အကုန်မှတ်မိဖို့ မကြိုးစားပါနဲ့ reference တွေအများကြီးရှိပါတယ် ကျွန်တော် တို့က exam

ဖြေနေတာ မဟုတ်တယ့်အတွက် လိုအပ်တယ့်အချိန်မှာ အကူအညီယူလို့ရပါတယ်။

အိုကေ ဒါဆို HTML sentence အကြောင်းနဲနဲပြောရအောင်-

HTML sentence က ရိုးရှင်းတယ်၊ပုံသေပဲ မပြောင်းလဲဘူး ဒီဟာရေးရင် ဒီ output ထွက်တယ်။sentence ပုံစံကို မြင်အောင်ပြော ရရင် သူ့မှာ လည်း လူတွေလိုပဲ Head တွေ Body တွေရှိတယ်။ဒါပေမယ့် လူတွေမှာပါတယ့်ဟာ အကုန်လုံးသူ့မှာ မပါသလို ၊ သူ့မှာ ပါတယ့် ဟာတွေလဲ လူတွေမှာ မပါဘူးပေါ့(ကပ်သပ် စဉ်းစားတက်တယ့် လူတွေကိုပြောတာပါ J)။အိုကေ ထားတော့။

HTML ကို tag တွေနဲ့ အသုံးပြုပြီး create လုပ်ထားတယ်လို့ ပြောခဲ့တယ်။အဲ့ဒီတော့ သူရဲ့tag ဘယ်လိုဖွဲ့စည်းထားလဲ ကြည့်ရအောင်။

သူ့မှာ open tag နဲ့ close tag အစုံတွေ အများဆုံးပါတယ်။

ဥပမာ- <tagName>ပေါ်ချင်တယ့်စာသား</tagName>

တစ်ချို့ က self closing tag-

ဥပမာ - </tagName>

နမူနာ နေနဲ့

HTML file တစ်ခု ကိုစရေးမယ်ဆိုရင်

<html> ဆိုတယ့် open tag နဲ့ </html>ဆိုတယ့် close tag ၂ခုကြားမှာရေးရတယ်။

သူ့အထဲမှာမှ ကျွန်တော် ပြောခဲ့သလို <head></head> တွေ <body></body> တွေရှိမယ်။ဒါဆို အောက်က ပုံကို လေ့လာကြည့်ရအောင် ။

html

 

ဒီ screen shot လေးကို ကြည့်ပြီး စာအမျိုးအစားချင်းတူပေမယ့် မတူညီတယ့် html tags တွေကြောင့် ပုံစံအမျိုးမျိုးနဲ့ နေရာအမျိုးအမျိုးထွက်လာတာ သတိပြုမယ် လို့ ယူဆတယ်။

သုံးခဲ့တယ့် tag တွေကို ပြောပြရရင် -

<html></html>- ဒီ tag ကတော့ အားလုံးရဲ့ အချုပ်ပေါ့။

<head></head>- head ပိုင်းဆိုတော့ <html> ပြီးရင် ထိပ်ဆုံးကပေါ့။

<title></title> - <head></head> tag အထဲမှာ ရှိရတယ်။သူ့ထဲမှာထည့်တယ့်စာသားကတော့

web page ရဲ့ tab name(not tag)အနေနဲ့ ဖော်ပြခြင်းခံရတယ်။

<body></body>- body ကတော့ web page တစ်ခုလုံးမှာ ပေါ်မယ့် content တွေကို

သိုလှောင်ထားတယ့် နေရာပေါ့။HTML tag တော်တော်များများ က

<body></body> tag ထဲမှာပဲ ရှိတယ်လို့ အရင်သိထားရင် လုံလောက်ပြီ။

<h3></h3> - “h” ဆိုတာက heading ကို ကိုယ်စားပြုတယ်။အနောက် က “3” ကအရွယ်အစားကို

ပြတယ် ။ သူ့ရဲ့အရွယ်အစား နံပါတ်က 1 ကနေ 6 ထိရှိတယ်၊ <h1></h1> ကနေ

<h6></h6> ပေါ့။စာပုဒ်တွေ ရဲ့ ခေါင်းကြီးစာသားအဖြစ်ပေါ်ချင်ရင် အသုံးပြုလေ့

ရှိတယ့် tag တွေပေါ့။

<p></p> - “p” ကတော့ paragraph ကို ကိုယ်စားပြုတယ်။ information တွေကို စာပုဒ် အလိုက်

ဖေါ်ပြချင်တယ့် အခါတွေမှာအသုံးပြုလေ့ရှိတယ်။

 

HTML file ဘယ်လိုရေးတာလဲဆိုတာတော့ အကျဉ်းအားဖြင့်သိပြီ။ အဲ့ဒီ့နောက် ဘယ်မှာရေးရမလဲ လို့မေးစရာရှိတယ် ၊ ရှင်းပါတယ် notepad မှာရေးပေါ့ J ။နဲနဲ မြင့်တယ့် editor

တာ သုံးချင် ရင် Note++ တို့ Sublime Text တို့နဲ့ရေးလို့ပိုအဆင်ပြေမှုရှိတယ်။

ပြီးတော့ file extension ကို .html or .htm နဲ့ save လုပ်ပြီး double click နှိပ်ရုံနဲ့ မိမိ မှာရှိတယ့် web browser မှာ run လိုက်တယ့် html webpage တက်လာမှာဖြစ်ပါတယ်။

ကဲဒါဆို ဒီလောက်အထိ နားလည်မယ်လို့ယူဆတယ်။ ကျန်ရှိနေတယ့် HTML tag တွေအသုံးပြုပုံကို

Sample demos များနှင့်နောက် tutorial တွေမှာ နားလည်သဘောပေါက်လွယ်အောင် အတက်နိုင်

ဆုံးဖော်ပြသွားပါမယ်။ဒီတစ်ခေါက် တော့ ဒီလောက်နဲ့ပဲနားလိုက်ပါတယ် ကျေးဇူးတင်ပါတယ်။

အထိန်းအကွပ်မရှိ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြပါစေ။

မေတ္တာရှေ့ထား၍။

Author Name: Nyan Lynn Tun [itstudentpro]

 

<< Previous Chapter [Having fun with web development  - Introduction]          

[Having fun with web development - web server (chapter 2)] Next Chapter>>

2 comments:

  1. […] Having fun with web development – HTML ( chapter-1)Having fun with web development – IntroductionAndroid Device တွေရဲ့ Battery […]

    ReplyDelete
  2. […] Having fun with web development – web server (chapter 2)Having fun with web development – HTML ( chapter-1)Having fun with web development – IntroductionAndroid Device တွေရဲ့ Battery […]

    ReplyDelete