Sunday, January 19, 2014

Java Tutorial 6

Java Tutorial 6(Control Flow and Condition) part 1

တွက်ချက်မှုတွေလုပ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်လိုတွက်ချက်မှုတွေလုပ်မယ် ဘယ်အခြေအနေမှာ ဘာအလုပ်တွေလုပ်မယ်ဆိုတာ ကိုထိန်းကွပ်တဲ့နည်းလမ်းရှိပါတယ်။ control flow statement တွေကိုသုံးပြီးတော့ ထိန်းကွပ်ရမှာပါ၊ control flow statement အကြောင်းရှင်းပြပါမယ်။ program တစ်ခုမှာ ကိုယ်ရေးတဲ့ကုဒ်တွေဟာ အစဉ်အတိုင်းအလုပ်လုပ်ပါတယ်၊ တခါတရံမှာ(အခြေအနေတခုမှာ) တချို့ကုဒ်တွေကို ကျော်ပြီးတော့ပဲဖြစ်ဖြစ် ထပ်ခါထပ်ခါပဲဖြစ်ဖြစ် run စေချင်တယ်ဆိုရင် control flow statement တွေကိုသုံးပါမယ်။ ထပ်ရှင်းပြပါမယ်၊ ကုဒ်တွေဟာသူ့ flow နှင့်သူအစဉ်အတိုင်း run နေတာပါ ၊ကုဒ်တွေကိုကျော် run တာတို့ ထပ်ကာထပ်ကာ run တာတို့ဆိုတာ flow ကိုထိမ်းချူပ်ပြောင်းလဲလိုက်တာပါပဲ။ ဒါဆိုဘယ်အချိန်မှာ ပြောင်းလဲရမလဲ၊ ကိုယ်ဖြစ်စေချင်တဲ့ အခြေအနေ အချိန်အခါမှာ control flow statement တွေကိုအသုံးပြုပြီးပြောင်းလဲရပါမယ်။ ဥပမာပြရင်ပိုရှင်းသွားပါလိမ့်မယ်။

ဆိုပါတော့ စာမေးပွဲတစ်ခုရဲ့ အမှတ်စာရင်းတွေကို manage လုပ်တဲ့ program တစ်ခုမှာပေါ့၊ အောင်တဲ့လူတွေရဲ့စာရင်းကို သိမ်းထားချင်တယ်ဆိုပါတော့၊ ကျောင်းသားတိုင်းကို အောင်စာရင်းထဲထည့်လို့မရဘူး အောင်တဲ့ကျောင်းသားကိုပဲထည့်ရမယ်။ဒါဆိုကျောင်းသား (Student class) စာမေးပွဲအောင်တဲ့အခြေအနေမှာ(pass ဖြစ်တဲ့အချိန်၊ pass variable က true ဖြစ်တဲ့ချိန်) ဒီကျောင်းသားကိုအောင်စာရင်းထဲထည့်မယ်။ အောက်က program ကိုလေ့လာကြည့်ပါ။

“Student.java”

public class Student {

public static void main(String[] args) {

boolean pass = true;

if(pass == true) //ဒါကစာမေးပွဲအောင်လားဆိုတဲ့ အခြေအနေကိုစစ်တာပါ

{

//ဒီနေရာမှာ စာမေးပွဲအောင်ရင်လုပ်ရမယ့်ကုဒ်တွေကိုရေးရပါမယ်

}

}

}

ဒီ program ထဲကတစ်ချို့ကုဒ်တွေကိုရှင်းပြပါမယ်။ ဒီအပိုင်းကိုကြည့်ပါ။

if(pass == true)

{

//Here is the code to work when the condition is true

}

if(pass == true) ဆိုတာ အခြေအနေ(condition) ကိုစစ်ဆေးတာပါ၊ ဒီအခြေအနေမှန်ကန်မှ သူ့အောက်မှာရှိတဲ့ တွန့်ကွင်း ”{}” ထဲက ကုဒ်တွေကို run မှာပါ။ ဒီတော့ if(  ) ရဲ့အဓိပ္ပါယ်က “တစ်ကယ်လို့ လက်သည်းကွင်းထဲမှာရှိတဲ့ အခြေအနေမှန်ရင်” လို့အဓိပ္ပါယ်ရပါတယ်။ ဒါဆိုအဲဒီ လက်သည်းကွင်းထဲ ဘယ်လိုကုဒ်တွေ ရေးလို့ရလဲဆိုတာထပ်ရှင်းပြပါမယ်။ conditional နှင့် relational operator တွေသုံးပြီးရေးရမှာပါ။

 

Relational Operator

တန်ဖိုးတွေကို နှိုင်းယှဉ်တဲ့နေရာမှာ အခြေအနေကိုဆန်းစစ်တဲ့အခါမှာ ဒီ operator တွေကိုသုံးရပါတယ်။ အရင်ဆုံး relational operator တွေကိုရှင်းပြပါမယ်။ variable နှစ်ခုသို့မဟုတ် တန်ဖိုးနှစ်ခုကို နှိုင်းယှဉ်တဲ့အခါဒီ relational operator တွေကိုသုံးရပါတယ်။ “==” ဆိုတာကို တန်ဖိုးနှစ်ခုညီသလား မညီဘူးလားလို့စစ်ဆေးချင်ရင်သုံးပါတယ်။ variable ‘a’ ရဲ့တန်ဖိုး နှင့် variable ‘b’ ရဲ့တန်ဖိုး ညီသလားစစ်ချင်ရင် ဒီလိုရေးပါ “a==b”။ မညီဘူးလားလို့စစ်ချင်ရင် “!=” ကိုသုံးရပါတယ်။ အရှေ့မှာရှိတဲ့တန်ဖိုးဟာ အနောက်မှာရှိတဲ့တန်ဖိုးထက် ကြီးသလားလို့စစ်ချင်ရင် “>” ကိုသုံးပြီး၊ ကြီးသလား သို့မဟုတ် ညီသလားလို့စစ်ချင်ရင် “>=” ကိုသုံးရပါတယ်။ ဒီလိုပါပဲ ငယ်သလားဆိုရင် “<” သုံးပြီး၊ ငယ်သလား သို့မဟုတ် ညီသလားဆိုရင် “<=” ကိုသုံးရပါတယ်။ ဒါတွေကို if(  ) ထဲမှာထည့်သုံးနိုင်ပါတယ်၊ ဒီတွက်ချက်မှုတွေမှန်ကန်မှ if(  ) အောက်ကကုဒ်တွေ အလုပ်လုပ်မှာပါ။ အောက်မှာနမူနာ program တစ်ပုဒ်ပေးထားပါတယ်၊ စမ်းသပ်ကြည့်ပါ။

 

RelationalOp.java”

class RelationalOp {

 

public static void main(String[] args){

int value1 = 1;

int value2 = 2;

if(value1 == value2) System.out.println("value1 == value2");

if(value1 != value2) System.out.println("value1 != value2");

if(value1 > value2) System.out.println("value1 > value2");

if(value1 < value2) System.out.println("value1 < value2");

if(value1 <= value2) System.out.println("value1 <= value2");

}

}

ဒီမှာတစ်ခုပြောချင်တာကတော့ if(  ) နောက်မှာကုဒ်တစ်ကြောင်းပဲ ရေးမယ်ဆိုရင် တွန့်ကွင်း {} ထည့်စရာမလိုပါဘူး၊ ကုဒ်တစ်ကြောင်းထက်ပိုရေးမှ လိုတာပါ၊ ဒါပေမဲ့ တစ်ကြောင်းပဲရေးရေး တစ်ကြောင်းထက်ပဲပိုရေးရေး တွန့်ကွင်းထည့်လည်းကိစ္စမရှိပါဘူး။

 

Conditional Operator
boolean expression(boolean တွက်ချက်မှု) နှစ်ခုနှင့်သုံးရတာပါ။ operator နှစ်ခုရှိပါတယ်၊ ပထမက conditional-AND တဲ့ သူ့ကိုဒီလိုရေးရတယ်၊ expression && expression၊ ဆိုလိုတာက ရှေ့ကတွက်ချက်မှုရော နောက်ကတွက်ချက်မှုရော မှန်ကန်မှ အဖြေကမှန်ကန်တယ်(true) လို့ထွက်မှာပါ။ relational operator တုန်းကတွက်ချက်မှုတစ်ခုကမှန်ရင် အခြေအနေကမှန်ပါတယ်၊ ဒီ conditional-AND operator မှာတော့ တွက်ချက်မှုနှစ်ခုလုံး မှန်မှရမှာပါ။ နမူနာတစ်ခုပြပါမယ် “if(var1==20 && var2==30)” ဒီကုဒ်မှာ “var1” ဆိုတဲ့ variable ရဲ့တန်ဖိုးက ၂၀ ဖြစ်ပြီး “var2” ကရဲ့တန်ဖိုးက ၃၀ ဖြစ်မှ if(  ) အောက်ကကုဒ်တွေက အလုပ်လုပ်မှာပါ။ ဆိုလိုတာက အခြေအနေနှစ်ခုလုံးမှန်ကန်မှ if(  ) အောက်ကကုဒ်တွေ run မှာပါ။ အခုကျွန်တော်ပြောတာ conditional-AND အကြောင်းပါ ဆက်လက်ပြီး conditional-OR အကြောင်းပြောပါမယ်။

Conditional-OR ကတော့ AND နှင့်သိပ်မကွာပါဘူး၊ AND ကနှစ်ခုလုံးမှန်ရပြီး၊ OR ကတော့နှစ်ခုထဲက တစ်ခုမှန်ရင်ရပါတယ်၊ OR ကို “||” သင်္ကေတနဲ့ရေးရပါတယ်။ “if(var1==20 || var2==30)” ဆိုတဲ့ကုဒ်မှာ အခြေအနေနှစ်ခုထဲက တစ်ခုမှန်ကန်တာနဲ့ if(  ) ရဲ့ကုဒ်တွေ run ပါတယ်။ conditional operator တွေနဲ့ပတ်သတ်တဲ့ နမူနာအောက်မှာပေးထားပါတယ်။

“ConditionalOp.java”

class ConditionalOp {


     public static void main(String[] args){

          int value1 = 1;

          int value2 = 2;

          int result;

          boolean someCondition = true;

          result = someCondition ? value1 : value2;


          System.out.println(result);


     }

}


အကယ်၍… if()

Conditional operator တွေကိုအသုံးပြုပြီး if() ထဲက condition ကိုစစ်ဆေးရပါမယ်၊ condition က true ဖြစ်ရင် တွန့်ကွင်းထဲကကုဒ်တွေ အလုပ်လုပ်ပါမယ်၊ condition က false ဖြစ်ရင်တော့ တွန့်ကွင်းထဲကကုဒ်တွေကို မ run ပဲနဲ့ ကျော်သွားပါမယ်။ ဒါပေမဲ့ဒီ if(  ) ကcondition ကိုတစ်ဆင့်ထဲစစ်တာပါ၊ condition ကိုအဆင့်ဆင့် စစ်ဆေးချင်တယ်ဆိုရင် “if(  ) { } else { }” ဆိုတဲ့ဖော်မြူလာကိုသုံးပါမယ်။ သူ့သဘောက “if()” အကယ်၍ဒါမှန်လျှင်၊ “{ }” ဒါလုပ်ပါ၊ “else” ဒါမမှန်လျှင်၊ “{ }” ဒါပြောင်းလုပ်ပါ။ အောက်ကကုဒ်ကိုကြည့်ပါ။

if(var1 == 10) {

System.out.print(“IF”);

} else {

System.out.print(“ELSE”);

}

 

var1 ရဲ့တန်ဖိုးက ၁၀ ဖြစ်မယ်ဆိုရင် “IF” ဆိုတဲ့စာသားထွက်လာပြီး၊ ၁၀ မဟုတ်ရင်တော့ “ELSE” ဆိုတဲ့စာသားထွက်လာပါမယ်။

နောက်ထက် if() တစ်မျိုးကျန်ပါသေးတယ်၊ “if() else if()” ပါပဲ။ သူ့သဘောက ပထမ condition ကိုစစ်ဆေးပြီး မမှန်ရင်နောက် condition ကိုစစ်ပါတယ်။ အောက်ကကုဒ်ကိုကြည့်ပါ။

if(var1 == 10) {

System.out.print(“IF”);

} else if(var1 == 20) {

System.out.print(“ELSE IF”);

}

 

var1 ရဲ့တန်ဖိုးက ၁၀ ဖြစ်မယ်ဆိုရင် “IF” ဆိုတဲ့စာသားထွက်လာပြီး၊ ၂၀ ဆိုရင် “ELSE” စာသားထွက်လာပါမယ်။ နောက်ထက်နမူနာတစ်ခုထက်ကြည့်ပါဦး။

if(var1 == 10) {

System.out.print(“IF”);

} else if(var1 == 20) {

System.out.print(“ELSE IF”);

} else {

System.out.print(“ELSE”);

}

 

ထိပ်ကစစ်ဆေးမှုတွေမမှန်ရင်နောက်ဆုံး မှာ else ကို run ပါတယ်။ အဆင့်ဆင့် condition စစ်တဲ့အခါမှာ၊ condition တစ်ခုမှန်ပြီဆိုတာနဲ့ နောက် condition တွေကိုဆက်ပြီး မ စစ်ဆေးတော့ပါဘူး။

 

?: or If-then-else

“?:” သူက conditional operator တစ်မျိုးပါပဲ၊ သူ့ကိုရေးသားနည်းကဒီလိုပါ၊ “condition ? value1 : value2;” ။ သဘောတရားကဒီလိုပါ၊ condition မှန်ရင် value1 ကိုထုတ်ပေးပြီး မမှန်ရင် value2 ကိုထုတ်ပေးပါတယ်။ နမူနာ program တစ်ခုပေးထားပါတယ်။

“ConditionalOp2.java”
class ConditionalOp2 {


     public static void main(String[] args){

          int value1 = 1;

          int value2 = 2;

          int result;

          boolean someCondition = true;

          result = someCondition ? value1 : value2;


          System.out.println(result);


     }

}


“someCondition ? value1 : value2;” ဆိုတဲ့ကုဒ်ဟာ “if(someCondition){value1;} else{value2;}” ဆိုတဲ့ကုဒ်နှင့်သဘောတရားခြင်းတူပါတယ်။

Previous Java Tutorial 5
Next : Java Tutorial 7

2 comments:

  1. […] Java Tutorial 6Having fun with web development – web server (chapter 2)Having fun with web development […]

    ReplyDelete
  2. […] [ battery problem and sleep problem ]Samsung Galaxy S5 ရဲ့ tile-based home screen အသစ်Java Tutorial 6Having fun with web development – web server (chapter 2)Having fun with web development […]

    ReplyDelete