Saturday, January 11, 2014

Show Java ( apk file decompile tools)

Xda-developers website ကို ၀င်ကြည့်ရင်း ဒီ post လေးကို တွေ့လို့ သဘောကြလို့ share လိုက်ပါတယ်။ ဒီ Show Java ဆိုတဲ့ tools လေးကို XDA Senior Member ဖြစ်တဲ့ niranjan94 က နေပြီး develop လုပ်ထားတာ ဖြစ်ပြီး open source project အနေနဲ့ ပြန် share ပေးထားတာကို တွေ့ရပါတယ်။ ဒီ tools  လေးဟာ Android  ဖုန်းအတွက် ရေးထားတဲ့ tools လေးဖြစ်ပါတယ်။ ဒီ tools ကို အသုံးပြုပြီး သင့်ရဲ့ Android ဖုန်းထဲမှာ ထည့်ထားတဲ့ Application တွေကို decompile လုပ်ကာ Java source code တွေကို ပြန်ဖော်ပြီး ကြည့်လို့ရမှာ ဖြစ်ပါတယ်။ ဖုန်းထဲမှာပဲ computer သုံးစရာ မလိုအပ်ပဲ decompile လုပ်ထားတဲ့ Java source code တွေကို အလွယ်တစ်ကူ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ဒီ tools လေးမှာ external tools တွေဖြစ်ကြတဲ့ Class File Reader နဲ့ dex2jar တို့ကို ပြန်သုံးထားတာကို တွေ့ရပါတယ်။ သင့်ကို decompile လုပ်ပြီး ထုတ်ပေးလိုက်တဲ့ output code တွေကို SD card ထဲမှာ save  လုပ်ပေးထားမှာ ဖြစ်တဲ့အတွက် သင်အလွယ်တစ်ကူ ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ tools ဟာ တီတွင်ခါစပဲ ရှိသေးတဲ့အတွက် အနည်းငယ်လေးနေပြီး bug တွေရှိသေးတယ်လို့ share လုပ်ပေးထားတဲ့ developer က ပြောကြားထားပါတယ်။ Open source project ဖြစ်တဲ့အတွက်ကြောင့် သင်ကိုယ်တိုင် ဒီ tools လေးကို စမ်းသုံးကြည့်ချင်ရင်တော့ အောက်က link ကတစ်ဆင့် apk android installer file ကို download ဆွဲပြီး သင့်ရဲ့ဖုန်းမှာ စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


http://forum.xda-developers.com/devdb/project/dl/?id=3044&task=get


project source code ကို လိုချင်ရင်လည်း ဒီ page => http://forum.xda-developers.com/devdb/project/dl/?id=3044  မှာ download ဆွဲနိုင်တဲ့ တွေရှိတဲ့ အတွက် ၀င်ရောက်ကြည့်ရှု စမ်းသပ်နိုင်ပါတယ်။


credit: http://www.xda-developers.com/

No comments:

Post a Comment