Monday, January 20, 2014

Samsung Galaxy S5 ရဲ့ tile-based home screen အသစ်

Samsung ဟာ Galaxy S5 ကို ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချဖွယ်ရာ ရှိနေပါတယ်။ နောက်ထပ်ထွက်ရှိလာမည့် Galaxy S5 ရဲ့ Home screen ဟာ အရင်က ထုတ်ခဲ့တဲ့ Galaxy s4 နဲ့ ကွာခြားနိုင်ပြီး Google ရဲ့ Google Now လို notifications ပုံစံနဲ့ Microsoft ရဲ့ Modern/Metro UI ပုံစံတို့လိုမျိုး ပုံစံနဲ့ ပွဲထုတ်လာနိုင်ဖွယ်ရာရှိပါတယ်။ ဒီ Home Screen ကိုတော့ TouchWiz home screen လို့ နာမည်ပေးထားပါတယ်။ ကျွန်တော် အခု ဒီ article နဲ့ ဖော်ပြလိုက်တဲ့ ပုံဟာလည်း Samsung ရဲ့ real test လုပ်ထားတဲ့ပုံလည်း ဖြစ်နိုင်သလို ကောလဟာလလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ အောင်မြင်နေတဲ့ Galaxy serices ဖုန်းတွေဟာ ဘယ်လိုအသစ်အဆန်းတွေနဲ့ ထပ်မံထွက်ပေါ်လာမယ် ဆိုတာကတော့ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ Galaxy S5 အသစ်ထွက်ရှိလာတဲ့အခါမှာ ဘယ်လို Hardware တွေကို အသုံးပြုထားတယ် ဘယ်လို features တွေ ပါဝင်လာတယ်ဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါ့မယ်။


လေးစားစွာဖြင့်


Wai Phyo Aung [ itstudentpro ]


credit: engadget

No comments:

Post a Comment